လွန်ခဲ့တဲ့တစ်လကျော်လောက်က ကိုထူးအယ်လင်းရဲ့ မိသားစုအိမ်ကို ဝင်ရောက်အကြမ်းဖက် ခံခဲ့ရပြီး အမဖြစ်သူ ဆုံးပါးခဲ့ရသလို အကို ဖြစ်သူဟာလည်း ဒဏ်ရာအပြင်းအထန် ရခဲ့ပြီးနောက်မှာ ဆေးကုသမှုခံယူ နိုင်ခဲ့ပေမယ့် ပျောက်ကင်းသွားတဲ့ အချိန်မှာပဲအကျဉ်းကျခံခဲ့ရပြီး လက်ရှိမှာတော့အမှုရင်ဆိုင်နေခဲ့ရပြီပဲ ဖြစ်ပါတယ်။ မိသားစုအတွက် အဆိုးဝါးဆုံး အချိန်တွေကို ရင်ဆိုင် ခဲ့ရပေမယ့် မိခင်ကြီးကတော့ ကံကောင်းထောက်မစွာ နဲ့ အသက်ဘေးကလွတ်ကင်းခဲ့ရပါတယ်။ ကိုယ်တိုင်အသက်ဘေးက လွတ်ခဲ့ပေ မယ့် သားသမီးတွေကို ဆုံးရှုံး လိုက်ရတာတော့ မိခင်တစ်ယောက်အနေနဲ့ ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။

ကိုထူးအယ်လင်းကလည်း ဆုံးပါးသွားတဲ့ အမဖြစ်သူရဲ့ တစ်လပြည့် တဲ့နေ့မှာ ကောင်းမှုကုသိုလ် တွေလုပ်ပြီး အမျှပေးဝေခဲ့ပါသေးတယ်။ အမှုရင်ဆိုင်နေရတဲ့အကို အတွက်လည်း တရားမျှတမှုဖြစ်လာအောင် အစွမ်းကုန် ဆောင်ရွက်နေတဲ့အကြောင်းကိုလည်း ပြောပြလာခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ချစ်ခင် ခဲ့ရတဲ့ မောင်နှမအရင်းတွေရဲ့ သံယောဇဉ် အတိမ်အနက်ဆိုတာ တစ်ယောက်ယောက် မရှိတော့တဲ့ အချိန်မှာ ပိုပြီးသိသာလာတဲ့ခံစားချက်မျိုးပါ။ လက်ရှိအချိန်မှာတော့ ဆုံးပါးသွားတဲ့ အမ အတွက်နဲ့ အကျဉ်းကျခံ နေရတဲ့အကိုအတွက် တတ်နိုင်သမျှကူညီပံ့ပိုးပေးခဲ့ပါတယ်။

အသက်ဘေးကလွတ်မြောက် ခဲ့တဲ့ မိခင်ကြီးနဲ့အတူရိုက်ထားတဲ့ အမှတ်တရပုံလေး ကိုတော့ ” ကိုယ့်မွေးသမိခင် ကိုယ့်မျက်မြင်ဘုရား အန္တရာယ်ကင်းပြီး ထိခိုက်မှုမရှိတာ အဆိုးထဲက အကောင်းတစ်ခုပါ မေမေ သက်ရှည်ကျန်းမာပြီး ပျော်မွေ့တဲ့ ဗုဒ္ဓတရားဓမ္မ များဖြင့် ဆက်တည်နေနိုင်ပါစေ🙏🙏🙏 ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ အခုလို ဖတ်ရှုပေးတဲ့ တယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

CREDIT……….

ZAW GYI

လြန္ခဲ့တဲ့တစ္လေက်ာ္ေလာက္က ကိုထူးအယ္လင္းရဲ့ မိသားစုအိမ္ကို ဝင္ေရာက္အၾကမ္းဖက္ ခံခဲ့ရၿပီး အမျဖစ္သူ ဆုံးပါးခဲ့ရသလို အကို ျဖစ္သူဟာလည္း ဒဏ္ရာအျပင္းအထန္ ရခဲ့ၿပီးေနာက္မွာ ေဆးကုသမႈခံယူ နိုင္ခဲ့ေပမယ့္ ေပ်ာက္ကင္းသြားတဲ့ အခ်ိန္မွာပဲအက်ဥ္းက်ခံခဲ့ရၿပီး လက္ရွိမွာေတာ့အမႈရင္ဆိုင္ေနခဲ့ရၿပီပဲ ျဖစ္ပါတယ္။ မိသားစုအတြက္ အဆိုးဝါးဆုံး အခ်ိန္ေတြကို ရင္ဆိုင္ ခဲ့ရေပမယ့္ မိခင္ႀကီးကေတာ့ ကံေကာင္းေထာက္မစြာ နဲ႔ အသက္ေဘးကလြတ္ကင္းခဲ့ရပါတယ္။ ကိုယ္တိုင္အသက္ေဘးက လြတ္ခဲ့ေပ မယ့္ သားသမီးေတြကို ဆုံးရႈံး လိုက္ရတာေတာ့ မိခင္တစ္ေယာက္အေနနဲ႔ ေျဖမဆည္နိုင္ေအာင္ျဖစ္ခဲ့ရပါတယ္။

ကိုထူးအယ္လင္းကလည္း ဆုံးပါးသြားတဲ့ အမျဖစ္သူရဲ့ တစ္လျပည့္ တဲ့ေန႔မွာ ေကာင္းမႈကုသိုလ္ ေတြလုပ္ၿပီး အမၽွေပးေဝခဲ့ပါေသးတယ္။ အမႈရင္ဆိုင္ေနရတဲ့အကို အတြက္လည္း တရားမၽွတမႈျဖစ္လာေအာင္ အစြမ္းကုန္ ေဆာင္ရြက္ေနတဲ့အေၾကာင္းကိုလည္း ေျပာျပလာခဲ့ပါတယ္။ ငယ္ငယ္ကတည္းက ရင္းႏွီးကၽြမ္းဝင္ခ်စ္ခင္ ခဲ့ရတဲ့ ေမာင္ႏွမအရင္းေတြရဲ့ သံေယာဇဥ္ အတိမ္အနက္ဆိုတာ တစ္ေယာက္ေယာက္ မရွိေတာ့တဲ့ အခ်ိန္မွာ ပိုၿပီးသိသာလာတဲ့ခံစားခ်က္မ်ိဳးပါ။ လက္ရွိအခ်ိန္မွာေတာ့ ဆုံးပါးသြားတဲ့ အမ အတြက္နဲ႔ အက်ဥ္းက်ခံ ေနရတဲ့အကိုအတြက္ တတ္နိုင္သမၽွကူညီပံ့ပိုးေပးခဲ့ပါတယ္။

အသက္ေဘးကလြတ္ေျမာက္ ခဲ့တဲ့ မိခင္ႀကီးနဲ႔အတူရိုက္ထားတဲ့ အမွတ္တရပုံေလး ကိုေတာ့ ” ကိုယ့္ေမြးသမိခင္ ကိုယ့္မ်က္ျမင္ဘုရား အႏၲရာယ္ကင္းၿပီး ထိခိုက္မႈမရွိတာ အဆိုးထဲက အေကာင္းတစ္ခုပါ ေမေမ သက္ရွည္က်န္းမာၿပီး ေပ်ာ္ေမြ႕တဲ့ ဗုဒၶတရားဓမၼ မ်ားျဖင့္ ဆက္တည္ေနနိုင္ပါေစ🙏🙏🙏 ” ဆိုၿပီး သူ႔ရဲ့လူမႈကြန္ယက္မွာ ေဝမၽွခဲ့ပါတယ္။ အခုလို ဖတ္ရႈေပးတဲ့ တေယာက္ခ်င္းစီတိုင္းကို ေက်းဇူးအထူးတင္ရွိပါတယ္။

CREDIT……….