



UNICODE

ဟာသ လူရွှင်တော် တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင် ကတော့ အနုပညာ လောကမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့ပြီး အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည် ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ဟာသ ဇာတ်ကားတွေ များစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင် ဇာတ်ကားကြီးတွေ ကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ ဒိန်းဒေါင် ကတော့ ပရိသတ်တွေကို ပျော်ရွှင်မောအောင် ပြုလုပ်လေ့ရှိတဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။

ပရိသတ်တွေ ရဲ့ အားပေး ချစ်ခင်မှုကို အခိုင်အမာ ရယူထားနိုင်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတွေ မှာ အကောင်းဆုံး နဲ့ အပီပြင်ဆုံး သရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ ဒိန်းဒေါင် ကတော့ ပြည်သူချစ် အနုပညာရှင်တစ်ယောက် ဆိုရင်လည်းမမှားပါဘူး။ အနုပညာအလုပ်တွေ ကိုလည်း လုပ်ကိုင်လျက် ရှိနေတဲ့ ဒိန်းဒေါင်ကတော့ ပရဟိတ အလုပ်တွေကိုလည်း လုပ်ကိုင်လျက် ရှိကာ အကူအညီ လိုအပ်နေသူတွေ ကို တက်နိုင်သမျှ ပါဝင် လှုဒါန်းလေ့ရှိပါတယ်။

ဒိန်းဒေါင် ကတော့ ယခုမှာ အသက်( ၁ဝဝ ) ပြည့်တော့မှာ ဖြစ်ပေမယ့် ပဲပြုတ် ရောင်းပြီးအသက်မွေးနေရဆဲ ဖြစ်တဲ့ သနားစရာ အဖွားအိုကို ပိုက်ဆံတွေသွားရောက် လှူဒါန်းခဲ့ပါတယ်။ ဒိန်းဒေါင် ကတော့“အသက်(100) ပြည့်တော့မဲ့ ပဲပြုတ်ရောင်းတဲ့ အဖွားကပျော်လို့ ထကတာတဲ့အဖွားလဲ ပျော်သားလဲပျော် “ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ် တွေအတွက် ဒိန်းဒေါင် ရဲ့ သွားရောက် လှူဒါန်းခဲ့တဲ့အဆိုပါ ဗီဒီယိုဖိုင်လေးကိုပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Source : Dain Daung ‘ s Facebbook Acc