ဇန္နဝါရီလ (၂၁) ရက္ ေန႔ ဒီေန႔ေလး ကေတာ့ ကေလး သ႐ုပ္ေဆာင္ ဘဝထဲက ပရိသတ္ေတြ အားေပးခ်စ္ခင္မႈကို အျပည့္အဝ ရရွိထားတဲ့ သ႐ုပ္ေဆာင္ အိစိေကြးရဲ့ ေမြးေန႔ ရက္ျမတ္ေလးပဲျဖစ္ပါတယ္ ။ ဒီႏွစ္ေမြးေန႔ ေလးကေတာ့ အိစိ ရဲ့ အသက္ (၂၀) ျပည့္တဲ့ေမြးေန႔ ေလးျဖစ္ၿပီး အိစိ တစ္ေယာက္ အရမ္းကိုလူႀကီးဆန္လာခဲ့ တယ္လို႔ဆိုရမွာပါ ပရိသတ္ႀကီးေရ ..။

အိစိက ေမြးေန႔ မတိုင္ခင္ ဇန္နဝါရီလ (၁၉) ရက္ေန႔ထဲက သူ႔ရဲ့ ေမြးေန႔ အတြက္ လိုခ်င္တဲ့ အရာေလး တစ္ခုကို ေတာင္းဆိုခဲ့တာပါ ။ အိစိ ေတာင္းဆိုခဲ့တာေလးကေတာ့ ေမြးေန႔ ဆိုေပမယ့္ လည္း ဒီကာလ မွာ လူတိုင္း အလုပ္မေကာင္းၾက တဲ့အတြက္ မိဘေတြေရာ ခ်စ္ရတဲ့ သူေရာ ခ်စ္ရတဲ့ ပရိသတ္ ေတြေရာ မိတ္ေဆြေတြေရာ အားလုံးကို လက္ေဆာင္ မေပးၾကဖို႔ အတြက္ အားလုံး ဘက္က ၾကည့္ၿပီး ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္ ။

ေမြးေန႔ေလး ကို သတိတရေလး နဲ႔ ဆုေတာင္း လုပ္ေပးၾက ၊ အသိအမွတ္ ျပဳေပးၾကရင္ ေက်နပ္ပါၿပီ ျဖစ္ေၾကာင္း နဲ႔ ေမြးေန႔မွာ အားလုံး နဲ႔ ပုံမွန္ ခ်စ္ခ်စ္ခင္ခင္ ေနခြင့္ ရရင္ကို တကယ္ ေက်နပ္ပါ ၿပီလို႔ သူ႔ရဲ့ ဆႏၵေလးကို ေရးသားေဖာ္ျပခဲ့တာပါ ။ အိစိ ရဲ့ အမာခံပရိသတ္ေတြ ကေတာ့ လူႀကီး ဆန္ၿပီး ကိုယ္ခ်င္းစာတရားျပည့္ဝတဲ့ အိစိ ရဲ့ စိတ္ဓာတ္ေလး ကို ေလးစား ခ်စ္ခင္ေၾကာင္း နဲ႔ အတူ ေမြးေန႔ ဆုမြန္ေကာင္းေလး ေတြ ေတာင္းေပးခဲ့ ၾကပါတယ္ ။

Source : Eisi Kway
Emily (Cele Gabar)

UNICODE

ဇန်နဝါရီလ (၂၁) ရက် နေ့ ဒီနေ့လေး ကတော့ ကလေး သရုပ်ဆောင် ဘဝထဲက ပရိသတ်တွေ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးရဲ့ မွေးနေ့ ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဒီနှစ်မွေးနေ့ လေးကတော့ အိစိ ရဲ့ အသက် (၂၀) ပြည့်တဲ့မွေးနေ့ လေးဖြစ်ပြီး အိစိ တစ်ယောက် အရမ်းကိုလူကြီးဆန်လာခဲ့ တယ်လို့ဆိုရမှာပါ ပရိသတ်ကြီးရေ ..။

အိစိက မွေးနေ့ မတိုင်ခင် ဇန်နဝါရီလ (၁၉) ရက်နေ့ထဲက သူ့ရဲ့ မွေးနေ့ အတွက် လိုချင်တဲ့ အရာလေး တစ်ခုကို တောင်းဆိုခဲ့တာပါ ။ အိစိ တောင်းဆိုခဲ့တာလေးကတော့ မွေးနေ့ ဆိုပေမယ့် လည်း ဒီကာလ မှာ လူတိုင်း အလုပ်မကောင်းကြ တဲ့အတွက် မိဘတွေရော ချစ်ရတဲ့ သူရော ချစ်ရတဲ့ ပရိသတ် တွေရော မိတ်ဆွေတွေရော အားလုံးကို လက်ဆောင် မပေးကြဖို့ အတွက် အားလုံး ဘက်က ကြည့်ပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ် ။

မွေးနေ့လေး ကို သတိတရလေး နဲ့ ဆုတောင်း လုပ်ပေးကြ ၊ အသိအမှတ် ပြုပေးကြရင် ကျေနပ်ပါပြီ ဖြစ်ကြောင်း နဲ့ မွေးနေ့မှာ အားလုံး နဲ့ ပုံမှန် ချစ်ချစ်ခင်ခင် နေခွင့် ရရင်ကို တကယ် ကျေနပ်ပါ ပြီလို့ သူ့ရဲ့ ဆန္ဒလေးကို ရေးသားဖော်ပြခဲ့တာပါ ။ အိစိ ရဲ့ အမာခံပရိသတ်တွေ ကတော့ လူကြီး ဆန်ပြီး ကိုယ်ချင်းစာတရားပြည့်ဝတဲ့ အိစိ ရဲ့ စိတ်ဓာတ်လေး ကို လေးစား ချစ်ခင်ကြောင်း နဲ့ အတူ မွေးနေ့ ဆုမွန်ကောင်းလေး တွေ တောင်းပေးခဲ့ ကြပါတယ် ။

Source : Eisi Kway
Emily (Cele Gabar)