ပရိတ်သတ်ကြီး ရေ….ပြည်သူချစ် အနုပညာရှင်တွေ ဖြ စ်ကြတဲ့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်ဟာ ဆိုရင် သရုပ်ဆောင် လောကမှာ အောင်မြင်မှု တွေ ရရှိထားတာဖြစ်ပြီး ပရိတ်သတ် တွေ ရဲ့ ချစ်ခင် အားပေးမှု့ကို လည်းအပြည့်အဝ ရရှိထားတာ ဖြစ်ပါတယ်။ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် ဟာဆိုရင် ကျရာ ဇာတ်ရုပ် တိုင်းကိုခံစားသက် ဝင်မှုအပြည့်နဲ့ပီပြင် ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ အတွက် အကယ်ဒမီ ထူးချွန်ဆုကြီးကို လည်း ထိုက်ထိုက် တန်တန် ရရှိ ပိုင်ဆိုင် ထားကြတာပဲ ဖြစ်ပါတယ်နော်။မအူဝဲ က လှပလွန်းတဲ့ သူမ ရဲ့ ရုပ်ရည် အသွင်မ ပြင်ဟာ ဆိုရင် အသက်အရွယ် တစ်ခု ရောက်နေ ပေမယ့်လည်း နုပျို လှပနေပြီး Fashion ပိုင်းမှာဆိုရင်လည်းFashion Queen လို့တောင် တင်စားခေါ်ဝေါ် လို့ရပါသေးတယ်နော်။

အကယ်ဒမီအနုပညာရှင် တွေ ဖြစ်ကြတဲ့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ စုံတွဲလေးက ဒိတ်ဒိတ်ကြဲ အောင်မြင်မှု တွေနဲ့ ပရိတ်တွေရဲ့ အားပေး ချစ်ခင်မှု့ တွေကိအခိုင်အမာ ရရှိထားတဲ့ အပြင် သားသား ၊ မီးမီးလေးတွေ နဲ့ အတူ ကြည်နူးအား ကျစရာ မိသားစုဘဝလေး ကို ပိုင်ဆိုင် ၊ ဖြတ်သန်း နေကြတာပဲ ဖြစ်ပါတယ်။ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် က လတ်ရှိ ဖြစ်ပေါ် နေတဲ့ နိုင်ငံရေး အခြေအနေမှာ ဆိုရင်လည်း ပြည်သူလူထု နဲ့ အတူအမှန် တရားဘက်က ရပ်တည် ပေးခဲ့ပြီးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အတွက် ပုဒ်မ ( ၅၀၅ – က)နဲ့ ဖမ်းဝရမ်း ထုတ်ခံ ရပြီး သူတို့ရဲ့နေအိမ်မှာ ဖမ်းဆီးခံ လိုက်ရတာ ပဲဖြစ်ပါတယ်နော်။

ဒီကနေ့ ဇွန်လ (၂၇) ရက်နေ့က ပြည်သူချစ် အနုပညာရှင် သရုပ်ဆောင် ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ သားငယ်လေး ဖိုးဓီ(ပြေဓီရ) ရဲ့ (၆နှစ်) ပြည့်မွေးနေ့ လေးပဲ ဖြစ်ပါတယ် ။မိဘနှစ်ပါးလုံး ဖမ်းဆီးခံ ထားရတာကြောင့် အနားမှာ ရှိနေမပေးနိုင်တဲ့ အတွက် ဖိုးဓီ လေးအားငယ်နေမှာ တော့အသေအချာပါပဲနော်။ဒီကနေ့မှာ ကျရောက်တဲ့ ဖိုးဓီလေး ရဲ့ မွေးနေ့ကို မွေးနေ့ လက်ဆောင် အဖြစ် ဖေဖေ နဲ့ မေမေအမြန်ဆုံး လွတ်မြောက်လာပြီး သားသားတို့နဲ့အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ပြီး ပျော်ရွှင်စရာ ကောင်းတဲ့ အချိန်တွေကို ပြန်လည် ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုမွန် ကောင်းတောင်းပေးလိုက်ပါတယ် ဖိုးဓီလေးရယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲ ကျေးဇူးတင် ရှိပါတယ်နော်။

crd……….

ZAWGYI




crd……….