လူတိုင္းအမွားနဲ႔ မကင္းပါဘူး။ တစ္ခါမွားဖူးတဲ့အမွားကိုလည္း ထပ္ခါထပ္ခါ မမွားသင့္သလို တစ္ခါေလာက္ပဲမွားတာကိုပဲ ျပစ္တင္ကဲ့ရဲ့ဖို႔မလိုပါဘူး။ အသက္ေတြႀကီးလာတဲ့အခါမွာ ငယ္စဥ္က လုပ္ခဲ့တဲ့အေၾကာင္းအရာေတြကို လက္ညိဳးထိုးမခံရနိုင္ဖို႔ အတြက္ လက္ရွိအခ်ိန္မွာ အေကာင္းဆုံးေနထိုင္ဖို႔ေတာ့လိုအပ္ပါတယ္။ ခြန္းဆင့္က ဒီလိုေနထိုင္ဖို႔ႀကိဳးစားေနတဲ့အေၾကာင္း သူမရဲ့လူမႈကြန္ရက္မွာ ေျပာျပလာခဲ့ပါတယ္။

႐ုပ္ရွင္ဇာတ္ကားေတြရိုက္ကူးခဲ့ၿပီး ပရိသတ္ေတြရဲ့ အားေပးမႈကိုအျပည့္အဝရထားသလို သီခ်င္းေလးေတြလည္းဆိုတတ္တဲ့ ခြန္းဆင့္ဟာ လတ္တေလာမွာေတာ့ နိုင္ငံရပ္ျခားမွာ ေရာက္ေနခဲ့ၿပီး ျမန္မာျပည္ကိုမၾကာခဏ ဆိုသလိုျပန္လာတတ္ပါေသးတယ္။ က်န္းမာေရးမေကာင္းတဲ့ မိခင္နဲ႔အကိုအတြက္ လိုေလေသးမရွိေစာင့္ေရွာက္ေပးေနတဲ့ သမီးေကာင္း ၊ ညီမေကာင္းတစ္ေယာက္ လည္းျဖစ္ပါတယ္။

သူမရဲ့ခံယူခ်က္ေတြကို ” ကိုယ္တေန႔အဖြားႀကီး အရြယ္ေရာက္လာတဲ့ အခ်ိန္မွာ ” သူငယ္ငယ္က ဘာႀကီးေပါ့ ” ဆိုၿပီးေျပာတာမ်ိဳးကို မခံရေလေအာင္ ေနတတ္ထိုင္တတ္ေျပာတတ္ဆိုတတ္ၿပီး ဆင္ျခင္ တုံတရားေလးေတြနဲ႔ေနထိုင္တတ္ၾကဖို႔ ျမန္မာအမ်ိဳးသမီး ညီမငယ္ေလးမ်ားကို အႀကံျပဳေပးလိုက္ပါတယ္ေနာ္ ” ဆိုၿပီး ေဝမၽွခဲ့ပါတယ္။

Happy – Cele Zone
Photo – Khun Sint Nay Chi

unicode

လူတိုင်းအမှားနဲ့ မကင်းပါဘူး။ တစ်ခါမှားဖူးတဲ့အမှားကိုလည်း ထပ်ခါထပ်ခါ မမှားသင့်သလို တစ်ခါလောက်ပဲမှားတာကိုပဲ ပြစ်တင်ကဲ့ရဲ့ဖို့မလိုပါဘူး။ အသက်တွေကြီးလာတဲ့အခါမှာ ငယ်စဉ်က လုပ်ခဲ့တဲ့အကြောင်းအရာတွေကို လက်ညိုးထိုးမခံရနိုင်ဖို့ အတွက် လက်ရှိအချိန်မှာ အကောင်းဆုံးနေထိုင်ဖို့တော့လိုအပ်ပါတယ်။ ခွန်းဆင့်က ဒီလိုနေထိုင်ဖို့ကြိုးစားနေတဲ့အကြောင်း သူမရဲ့လူမှုကွန်ရက်မှာ ပြောပြလာခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုအပြည့်အဝရထားသလို သီချင်းလေးတွေလည်းဆိုတတ်တဲ့ ခွန်းဆင့်ဟာ လတ်တလောမှာတော့ နိုင်ငံရပ်ခြားမှာ ရောက်နေခဲ့ပြီး မြန်မာပြည်ကိုမကြာခဏ ဆိုသလိုပြန်လာတတ်ပါသေးတယ်။ ကျန်းမာရေးမကောင်းတဲ့ မိခင်နဲ့အကိုအတွက် လိုလေသေးမရှိစောင့်ရှောက်ပေးနေတဲ့ သမီးကောင်း ၊ ညီမကောင်းတစ်ယောက် လည်းဖြစ်ပါတယ်။

သူမရဲ့ခံယူချက်တွေကို ” ကိုယ်တနေ့အဖွားကြီး အရွယ်ရောက်လာတဲ့ အချိန်မှာ ” သူငယ်ငယ်က ဘာကြီးပေါ့ ” ဆိုပြီးပြောတာမျိုးကို မခံရလေအောင် နေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်ပြီး ဆင်ခြင် တုံတရားလေးတွေနဲ့နေထိုင်တတ်ကြဖို့ မြန်မာအမျိုးသမီး ညီမငယ်လေးများကို အကြံပြုပေးလိုက်ပါတယ်နော် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Khun Sint Nay Chi