ေမာ္ဒယ္လ္ ၊ မင္းသမီးေခ်ာေလး ခင္ဝင့္ဝါ ကေတာ့ ပရိသတ္ေတြ ရဲ့ အခ်စ္ေတြ ကိုရရွိ ပိုင္ဆိုင္ထားသလို အႏုပညာ ေလာကမွာလည္း ေအာင္ျမင္မႈ ရရွိထားသူပါ။ ခင္ဝင့္ဝါ ကေတာ့ ခ်စ္စရာ ေကာင္းၿပီး လွပလြန္းတာေၾကာင့္ အသက္ေတြ ႀကီးလာေပမယ့္ ကေလး တစ္ေယာက္လို အျပစ္ကင္းစင္ၿပီး ခ်စ္စရာေကာင္းသူေလးတစ္ေယာက္ပါ။

ခင္ဝင့္ဝါ ကေတာ့ အႏုပညာေလာက မွာ အထိုက္အေလ်ာက္ ေအာင္ျမင္ေနသလို အလႉအတန္း ေတြ ပရဟတိတေတြလည္း ျပဳလုပ္ေလ့ရွိသူတစ္ေယာက္ပါ။ အခုလည္း ၿပိဳက်ေတာ့မယ့္ အိမ္ေလးမွာ တစ္ကိုယ္တည္း ေနထိုင္တဲ့အဘြားကို အိမ္ေလး ျပန္လည္ေဆာက္ လုပ္လႉဒါန္း ေပးခဲ့တာျဖစ္ပါတယ္။ မလုံမျခဳံတဲ့ အိမ္ေလးက အခုဆိုရင္ေတာ့ ေႏြးေထြး လုံျခဳံတဲ့အိမ္ေလး တစ္လုံးျဖစ္ခဲ့ပါတယ္။

တစ္ကိုယ္တည္း ေနၿပီး ေက်ာေထာက္ေနာက္ခံမရွိတဲ့ အဘြားကို ကူညီေပးခဲ့တဲ့ ခင္ဝင့္ဝါ ရဲ့ စိတ္ဓာတ္ကေတာ့ ေလးစားစရာပါပဲ။ ခင္ဝင့္ဝါ တစ္ေယာက္ အႏုပညာေလာက မွာ အခုထက္ပိုေအာင္ျမင္ေက်ာ္ၾကား ၿပီး အခုထက္ပို ၿပီးေတာ့ လႉနိုင္တန္းနိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။

Source : KhinWintWah,သုဝဏၰသာမ ဆင္းရဲႏြမ္းပါးအဖိုးအဖြား ကူညီေစာင့္ေရွာက္ေရး – လက္ပံတန္း

unicode

မော်ဒယ်လ် ၊ မင်းသမီးချောလေး ခင်ဝင့်ဝါ ကတော့ ပရိသတ်တွေ ရဲ့ အချစ်တွေ ကိုရရှိ ပိုင်ဆိုင်ထားသလို အနုပညာ လောကမှာလည်း အောင်မြင်မှု ရရှိထားသူပါ။ ခင်ဝင့်ဝါ ကတော့ ချစ်စရာ ကောင်းပြီး လှပလွန်းတာကြောင့် အသက်တွေ ကြီးလာပေမယ့် ကလေး တစ်ယောက်လို အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသူလေးတစ်ယောက်ပါ။

ခင်ဝင့်ဝါ ကတော့ အနုပညာလောက မှာ အထိုက်အလျောက် အောင်မြင်နေသလို အလှူအတန်း တွေ ပရဟတိတတွေလည်း ပြုလုပ်လေ့ရှိသူတစ်ယောက်ပါ။ အခုလည်း ပြိုကျတော့မယ့် အိမ်လေးမှာ တစ်ကိုယ်တည်း နေထိုင်တဲ့အဘွားကို အိမ်လေး ပြန်လည်ဆောက် လုပ်လှူဒါန်း ပေးခဲ့တာဖြစ်ပါတယ်။ မလုံမခြုံတဲ့ အိမ်လေးက အခုဆိုရင်တော့ နွေးထွေး လုံခြုံတဲ့အိမ်လေး တစ်လုံးဖြစ်ခဲ့ပါတယ်။

တစ်ကိုယ်တည်း နေပြီး ကျောထောက်နောက်ခံမရှိတဲ့ အဘွားကို ကူညီပေးခဲ့တဲ့ ခင်ဝင့်ဝါ ရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။ ခင်ဝင့်ဝါ တစ်ယောက် အနုပညာလောက မှာ အခုထက်ပိုအောင်မြင်ကျော်ကြား ပြီး အခုထက်ပို ပြီးတော့ လှူနိုင်တန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Source : KhinWintWah,သုဝဏ္ဏသာမ ဆင်းရဲနွမ်းပါးအဖိုးအဖွား ကူညီစောင့်ရှောက်ရေး – လက်ပံတန်း