ပရိသတ္ႀကီးေရ.. သ႐ုပ္ေဆာင္ ေမာ္လ္ဒယ္ တစ္ေယာက္ ျဖစ္သလို အဆိုေတာ္ တစ္ေယာက္ အျဖစ္လည္း ပရိသတ္ေတြ လက္ခံ အားေပးခ်စ္ခင္ ၾကတဲ့ ေမကေတာ့ လက္ရွိ အေျခအေန ေတြမွာ ျပည္သူေတြ နဲ႔ အတူ ရပ္တည္ ေနသူပဲ ျဖစ္ပါတယ္..။လမ္းေပၚ ထြက္ကာ လူထု လႈပ္ရွားမႈ ေတြမွာ ကိုယ္တိုင္တက္တက္ႂကြႂကြပါဝင္ ေနသလို လိုအပ္ေနတဲ့ ေနရာေတြမွာ လည္း အင္တိုက္ အားတိုက္နဲ႔ လႉဒါန္း ေနၿပီး ျပည္သူေတြ အတြက္ တတ္နိုင္တဲ့ ေနရာက ေန ပါဝင္အားျဖည့္ေနတာပါ..။

အလႉရွင္ေတြ လႉဒါန္းထားတဲ့ ေငြေၾကး ေတြကို လိုအပ္တဲ့ ေနရာေတြမွာ ျပန္လည္ လႉဒါန္း ေနတဲ့ ေမ ကေတာ့ က်ဆုံး သြားၾကတဲ့ ျပည္သူ႔ သူရဲေကာင္းေတြ ရဲ့နာေရးကို သြားေရာက္ လႉဒါန္းရင္း မ်က္ရည္ဝဲခဲ့ ရတဲ့ စိတ္မေကာင္းစရာ အေၾကာင္းေလး ေတြကို ျပန္လည္ ေျပာျပလာ ပါတယ္..။တိုက္ပြဲ ဝင္ရင္း က်ဆုံးသြားၾကတဲ့ သူရဲေကာင္း သုံးဦး ရဲ့ နာေရး ကို ကိုယ္တိုင္ သြားေရာက္ ၿပီး အလႉ ေငြေတြ လႉဒါန္းခဲ့တဲ့ အျပင္ ေဖးမကူညီမႈ ေတြနဲ႔ အားေပး စကားေလး ေတြလည္းေျပာရင္း မိသားစုဝင္ ေတြရဲ့ ဝမ္းနည္း စကားေလးေၾကာင့္ စိတ္မေကာင္း ျဖစ္ရတာေတြ ကို ေျပာျပထားတာပါ..။

“ေမ့ဆီမွာ လႉ ထားတဲ့ အလႉေငြ တစ္ခ်ိဳ႕ထဲ ကေန အေရးေတာ္ပုံ အတြက္ တိုက္ပြဲဝင္ရင္း က်ဆုံး သြားတဲ့ သူရဲေကာင္း ခ်စ္ကိုကိုၿဖိဳး (သကၤန္းကၽြန္း) ေမာင္ေကာင္းျပည့္ေက်ာ္ ( လွိုင္ ) ဦးေက်ာ္ဇင္ လတ္ (ခ) ဦးရွည္ႀကီး တို႔ရဲ့ မိသားစုဝင္ ေတြဆီ သြားေရာက္ လႉဒါန္းခဲ့ပါတယ္.. မိသားစုတစ္စုလၽွင္ (၉) သိန္းက်ပ္ဆီလႉ ဒါန္းခဲ့ပါတယ္..ေနာက္ၿပီး ေလာေလာ လတ္လတ္ တိုက္ပြဲမ်ား ေၾကာင့္ ေနရပ္ေဒသကို စြန႔္ခြါခဲ့ ၾကရတဲ့ ကခ်င္ေၿမ မွ စစ္ေဘးေရွာင္ ေသြးခ်င္းမ်ား အတြက္ (၁၀) သိန္းလႉဒါန္းခဲ့ပါတယ္..❤️ ေမ့ကို ထပ္လႉတဲ့ အလႉရွင္ စာရင္းလည္း ေအာက္မွာ ေဖာ္ၿပ ေပးထားပါတယ္.. 💕က်ဆုံးသြား သူေတြ ရဲ့ မိသားစုဝင္ေတြဆီက ဝမ္းနည္းျခင္း စကားသံ ေတြဟာ ရင္ထဲမွာ ခံစားရပါတယ္.. “ဘဝထဲကေန ေစာေစာ ထြက္ခြါသြားခဲ့ေပ မယ့္ တရားမၽွတမႈအတြက္ တိုက္ပြဲဝင္ခဲ့တဲ့ ၂၂ အရြယ္သားေလး အတြက္ ဂုဏ္ယူေနမွာပါ” ဆိုတဲ့ အေမတစ္ေယာက္ ရဲ့ စကားေၾကာင့္ မ်က္ရည္ဝဲ ရပါတယ္..😥 ေမတို႔အားလုံးရဲ့ စိတ္ထဲမွာ လည္း အျမဲအမွတ္ရေနမွာပါ.. 🙏🏻“အေရးေတာ္ပုံ ေအာင္မည္”💪🏻..” ဆိုၿပီး ေမက ျပန္လည္ ေဝမၽွထားတာပါ..။

crd-khityoeyar

UNICODE

ပရိသတ်ကြီးရေ.. သရုပ်ဆောင် မော်လ်ဒယ် တစ်ယောက် ဖြစ်သလို အဆိုတော် တစ်ယောက် အဖြစ်လည်း ပရိသတ်တွေ လက်ခံ အားပေးချစ်ခင် ကြတဲ့ မေကတော့ လက်ရှိ အခြေအနေ တွေမှာ ပြည်သူတွေ နဲ့ အတူ ရပ်တည် နေသူပဲ ဖြစ်ပါတယ်..။လမ်းပေါ် ထွက်ကာ လူထု လှုပ်ရှားမှု တွေမှာ ကိုယ်တိုင်တက်တက်ကြွကြွပါဝင် နေသလို လိုအပ်နေတဲ့ နေရာတွေမှာ လည်း အင်တိုက် အားတိုက်နဲ့ လှူဒါန်း နေပြီး ပြည်သူတွေ အတွက် တတ်နိုင်တဲ့ နေရာက နေ ပါဝင်အားဖြည့်နေတာပါ..။

အလှူရှင်တွေ လှူဒါန်းထားတဲ့ ငွေကြေး တွေကို လိုအပ်တဲ့ နေရာတွေမှာ ပြန်လည် လှူဒါန်း နေတဲ့ မေ ကတော့ ကျဆုံး သွားကြတဲ့ ပြည်သူ့ သူရဲကောင်းတွေ ရဲ့နာရေးကို သွားရောက် လှူဒါန်းရင်း မျက်ရည်ဝဲခဲ့ ရတဲ့ စိတ်မကောင်းစရာ အကြောင်းလေး တွေကို ပြန်လည် ပြောပြလာ ပါတယ်..။တိုက်ပွဲ ဝင်ရင်း ကျဆုံးသွားကြတဲ့ သူရဲကောင်း သုံးဦး ရဲ့ နာရေး ကို ကိုယ်တိုင် သွားရောက် ပြီး အလှူ ငွေတွေ လှူဒါန်းခဲ့တဲ့ အပြင် ဖေးမကူညီမှု တွေနဲ့ အားပေး စကားလေး တွေလည်းပြောရင်း မိသားစုဝင် တွေရဲ့ ဝမ်းနည်း စကားလေးကြောင့် စိတ်မကောင်း ဖြစ်ရတာတွေ ကို ပြောပြထားတာပါ..။

“မေ့ဆီမှာ လှူ ထားတဲ့ အလှူငွေ တစ်ချို့ထဲ ကနေ အရေးတော်ပုံ အတွက် တိုက်ပွဲဝင်ရင်း ကျဆုံး သွားတဲ့ သူရဲကောင်း ချစ်ကိုကိုဖြိုး (သင်္ကန်းကျွန်း) မောင်ကောင်းပြည့်ကျော် ( လှိုင် ) ဦးကျော်ဇင် လတ် (ခ) ဦးရှည်ကြီး တို့ရဲ့ မိသားစုဝင် တွေဆီ သွားရောက် လှူဒါန်းခဲ့ပါတယ်.. မိသားစုတစ်စုလျှင် (၉) သိန်းကျပ်ဆီလှူ ဒါန်းခဲ့ပါတယ်..နောက်ပြီး လောလော လတ်လတ် တိုက်ပွဲများ ကြောင့် နေရပ်ဒေသကို စွန့်ခွါခဲ့ ကြရတဲ့ ကချင်မြေ မှ စစ်ဘေးရှောင် သွေးချင်းများ အတွက် (၁၀) သိန်းလှူဒါန်းခဲ့ပါတယ်..❤️ မေ့ကို ထပ်လှူတဲ့ အလှူရှင် စာရင်းလည်း အောက်မှာ ဖော်ပြ ပေးထားပါတယ်.. 💕ကျဆုံးသွား သူတွေ ရဲ့ မိသားစုဝင်တွေဆီက ဝမ်းနည်းခြင်း စကားသံ တွေဟာ ရင်ထဲမှာ ခံစားရပါတယ်.. “ဘဝထဲကနေ စောစော ထွက်ခွါသွားခဲ့ပေ မယ့် တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ၂၂ အရွယ်သားလေး အတွက် ဂုဏ်ယူနေမှာပါ” ဆိုတဲ့ အမေတစ်ယောက် ရဲ့ စကားကြောင့် မျက်ရည်ဝဲ ရပါတယ်..😥 မေတို့အားလုံးရဲ့ စိတ်ထဲမှာ လည်း အမြဲအမှတ်ရနေမှာပါ.. 🙏🏻“အရေးတော်ပုံ အောင်မည်”💪🏻..” ဆိုပြီး မေက ပြန်လည် ဝေမျှထားတာပါ..။

crd-khityoeyar