အနုပညာ ဉာဏ်ကြွယ်ဝတဲ့ လူရွှင်တော် ဦးဇာဂနာ အတွက် ဂုဏ်ယူလေးစားစရာ သတင်းကောင်းလေး တစ်ခုကို ဒီကနေ့မှာ ကြားသိရပါတယ်။ ဒါကတော့ ရှေ့ဆယ်စုနီးပါးလောက်ကတည်းက အနုပညာ နယ်ပယ်အသီးသီးမှာ ကျင်လည်ခဲ့တဲ့ ပြည်သူချစ် လူရွှင်တော် ဦးဇာဂနာဟာ နိုဝင်ဘာ (၃) ရက်နေ့က အင်္ဂလန်ဘုရင်မကြီးက ပေးအပ် ချီးမြှင့်တဲ့” Life Honorary Award Equity “ဆု ကို ရရှိခဲ့တာဖြစ်ပါတယ်။ဒီဆုဟာ အာရှတိုက် သားတွေထဲမှာ ဦးဇာဂနာက ပထမဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်း ဝင်သွားခဲ့ကြောင်းလည်း သတင်းကြား သိရပါတယ်။
ယခုလို အင်္ဂလန် ဘုရင်မကြီးကတောင်” Life Honorary Award Equity “ဆုကို ပေးအပ်ခြင်းခံရတဲ့ ဦးဇာဂနာ အတွက် ချစ်တဲ့ပရိသတ်တွေအပြင် အနုပညာ မောင်နုမတွေကပါ လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ ဦးဇာဂနာ ဟာ (၁၉၈၈) ခုနှစ် အရေးတော်ပုံ ကာလကစလို့ ယခု ( ၂၀၂၁ ) ခုနှစ်အထိ နိုင်ငံရေး တက်ကြွစွာလှုပ်ရှားခဲ့တာကြောင့် ( ၅ ) ကြိမ်အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပါ။
လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေး ကာလမှာလည်း ပြည်သူတွေနဲ့အတူ အပြည့်အဝ ရပ်တည်ပေးခဲ့ တာကြောင့် ဧပြီလလောက်မှာ ဖမ်းဆီးခံခဲ့ရပြီး (၆) လကျော်လောက် အကျဉ်းထောင်မှာ နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က မှ ဦးဇာဂနာဟာ အင်းစိန်ထောင် ကနေ ပြန်လည်လွတ်လာခဲ့ပါတယ်။ ယနေ့မှာတော့ ဦးဇာဂနာရဲ့ သတင်းကောင်းလေးကို ကြားသိရတဲ့အတွက် ပရိသတ်တွေ နဲ့ အတူ လွန်စွာလေးစားဂုဏ်ယူမိပါတယ်။
Credit…..
ZAWGYI
အႏုပညာ ဉာဏ္ႂကြယ္ဝတဲ့ လူရႊင္ေတာ္ ဦးဇာဂနာ အတြက္ ဂုဏ္ယူေလးစားစရာ သတင္းေကာင္းေလး တစ္ခုကို ဒီကေန႔မွာ ၾကားသိရပါတယ္။ ဒါကေတာ့ ေရွ႕ဆယ္စုနီးပါးေလာက္ကတည္းက အႏုပညာ နယ္ပယ္အသီးသီးမွာ က်င္လည္ခဲ့တဲ့ ျပည္သူခ်စ္ လူရႊင္ေတာ္ ဦးဇာဂနာဟာ နိုဝင္ဘာ (၃) ရက္ေန႔က အဂၤလန္ဘုရင္မႀကီးက ေပးအပ္ ခ်ီးျမႇင့္တဲ့” Life Honorary Award Equity “ဆု ကို ရရွိခဲ့တာျဖစ္ပါတယ္။ဒီဆုဟာ အာရွတိုက္ သားေတြထဲမွာ ဦးဇာဂနာက ပထမဆုံးပုဂၢိဳလ္အျဖစ္ မွတ္တမ္း ဝင္သြားခဲ့ေၾကာင္းလည္း သတင္းၾကား သိရပါတယ္။
ယခုလို အဂၤလန္ ဘုရင္မႀကီးကေတာင္” Life Honorary Award Equity “ဆုကို ေပးအပ္ျခင္းခံရတဲ့ ဦးဇာဂနာ အတြက္ ခ်စ္တဲ့ပရိသတ္ေတြအျပင္ အႏုပညာ ေမာင္ႏုမေတြကပါ ေလးစားဂုဏ္ယူေနၾကတာ ျဖစ္ပါတယ္။ ဦးဇာဂနာ ဟာ (၁၉၈၈) ခုႏွစ္ အေရးေတာ္ပုံ ကာလကစလို႔ ယခု ( ၂၀၂၁ ) ခုႏွစ္အထိ နိုင္ငံေရး တက္ႂကြစြာလႈပ္ရွားခဲ့တာေၾကာင့္ ( ၅ ) ႀကိမ္အထိ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသူပါ။
လက္ရွိျဖစ္ေပၚေနတဲ့ ေႏြဦးေတာ္လွန္ေရး ကာလမွာလည္း ျပည္သူေတြနဲ႔အတူ အျပည့္အဝ ရပ္တည္ေပးခဲ့ တာေၾကာင့္ ဧၿပီလေလာက္မွာ ဖမ္းဆီးခံခဲ့ရၿပီး (၆) လေက်ာ္ေလာက္ အက်ဥ္းေထာင္မွာ ေနခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္က မွ ဦးဇာဂနာဟာ အင္းစိန္ေထာင္ ကေန ျပန္လည္လြတ္လာခဲ့ပါတယ္။ ယေန႔မွာေတာ့ ဦးဇာဂနာရဲ့ သတင္းေကာင္းေလးကို ၾကားသိရတဲ့အတြက္ ပရိသတ္ေတြ နဲ႔ အတူ လြန္စြာေလးစားဂုဏ္ယူမိပါတယ္။
Credit…..