Miss Universe Myanmar 2020 ရဲ့ winner ဆုရှင် သူဇာဝင့်လွင် ဟာ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ဖို့ အမေရိကန်နိုင်ငံ မှာကျင်းပတဲ့ Miss Universe 2021 ပွဲမှာ နိုင်ငံတကာ အလှမယ်တွေနဲ့ ယှဉ်ပြီး သွားရောက်ယှဉ်ပြိုင် နေပြီပဲဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ဒုတိယနေ့ မှာ Candy ဝတ်ဆင်ခဲ့တဲ့ အလှပဆုံး ဝတ်စုံအတွဲ အစပ်လေးကို ဒီဇိုင်းလှလှ လေးတွေ ဖန်တီးတတ်တဲ့ ဒီဇိုင်နာ ကောင်းမြတ်က ချုပ်လုပ် ပေးထားပြီး ဒီဝတ်စုံ ဟာ သူ့ရဲ့ latest collection ထဲမှဝတ်စုံတစ်စုံ ဖြစ်သလို အလှမယ်သူဇာဝင့်လွင်နဲ့လည်း အတော်လေးကို လိုက်ဖက်တဲ့ဝတ်စုံပါ။

ကမ္ဘာမှာ မြန်မာဆိုပြီး မျက်နှာ မငယ်ရအောင် အပြည့်အဝကြိုးစားသူလေးအတွက်လည်း အကောင်းဆုံးပံ့ပိုးသူ တွေက အဆင်သင့် ရှိနေကြပါတယ်။မြန်မာ့နွေဦးတော်လှန်ရေးမှာ လည်း May ရော Candy ပါ အတူတူ ပါဝင်ခဲ့ကြပါတယ်။ ချစ်ရတဲ့ညီမလေးက Miss Universe Myanmar 2020 ရဲ့ winner ဆုရှင် ဖြစ်ခဲ့စဉ်က မေတစ်ယောက် အရမ်းကို ပျော်ပြီး ညီမလေးဆီကိုအပြေးသွားကာ ဖေဖေနဲ့မေမေ ဂုဏ်ယူရအောင် ညီအမနှစ်ယောက် ပျော်စရာ အမှတ်တရ ပုံလေးလည်း ရိုက်ခဲ့ပါသေးတယ်။

Miss တစ်ယောက်အနေ နဲ့ သူမဟာ အမျိုးသမီးတွေကို အမာရွတ်နဲ့ပတ်သက်ပြီး ရှက်ကြောက်မနေစေဖို့ သူမရဲ့အတွေ့ အကြုံ နဲ့ယှဉ်ပြီး အသိပညာပေးပြောပြခဲ့ပါသေးတယ်။ Miss တစ်ယောက်မှ ာရှိသင့်ရှိထိုက်တဲ့အရည်အချင်းတွေ အပြည့်အဝ ရှိနေသူမို့ ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ကို ဆောင်နိုင်မယ်ဆိုတာ ဆိုဖွယ်ရာ မရှိတော့ပါဘူး။

ပြိုင်ပွဲ ဒုတိယနေ့မှ ာဝတ်ဆင်ခဲ့တဲ့ သူမရဲ့ဝတ်စုံလေးကို ဖန်တီးသူ ဒီဇိုင်နာကောင်းမြတ်က ဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ Candy ရဲ့ ပုံရိပ်တစ်ချို့ကို ” “နိုင်ငံဂုဏ်ဆောင် အလှမယ် Miss Universe Myanmar 2020 သူဇာဝင့်လွင့်ဟာ အမေရိကန်နိုင်ငံမှာ နိုင်ငံတကာ အလှမယ်များနဲ့ ရင်ပေါင်တန်းပြီး ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေပါပြီနော် ပြိုင်ပွဲရဲ့ ဒုတိယမြောက်နေ့မှာ ညီမလေး Candy ဝတ်ဆင်ထားတဲ့ ဝတ်စုံ အတွဲအစပ်လေးကတော့ ကျွန်တော့်ရဲ့ latest collection ထဲမှဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ မြန်မာ့အလှမယ်လေးကို အတူတကွအားပေးလိုက်ကြရအောင် နော် ” 👑 ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ Miss Universe 2021 ရဲ့ Winner ဆုရှင်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit – Designer Kaung Myat’s FB Acc

ZAW GYI

Miss Universe Myanmar 2020 ရဲ့ winner ဆုရွင္ သူဇာဝင့္လြင္ ဟာ နိုင္ငံ့ဂုဏ္ကို ေဆာင္နိုင္ဖို႔ အေမရိကန္နိုင္ငံ မွာက်င္းပတဲ့ Miss Universe 2021 ပြဲမွာ နိုင္ငံတကာ အလွမယ္ေတြနဲ႔ ယွဥ္ၿပီး သြားေရာက္ယွဥ္ၿပိဳင္ ေနၿပီပဲျဖစ္ပါတယ္။ ၿပိဳင္ပြဲရဲ့ ဒုတိယေန႔ မွာ Candy ဝတ္ဆင္ခဲ့တဲ့ အလွပဆုံး ဝတ္စုံအတြဲ အစပ္ေလးကို ဒီဇိုင္းလွလွ ေလးေတြ ဖန္တီးတတ္တဲ့ ဒီဇိုင္နာ ေကာင္းျမတ္က ခ်ဳပ္လုပ္ ေပးထားၿပီး ဒီဝတ္စုံ ဟာ သူ႔ရဲ့ latest collection ထဲမွဝတ္စုံတစ္စုံ ျဖစ္သလို အလွမယ္သူဇာဝင့္လြင္နဲ႔လည္း အေတာ္ေလးကို လိုက္ဖက္တဲ့ဝတ္စုံပါ။

ကမၻာမွာ ျမန္မာဆိုၿပီး မ်က္ႏွာ မငယ္ရေအာင္ အျပည့္အဝႀကိဳးစားသူေလးအတြက္လည္း အေကာင္းဆုံးပံ့ပိုးသူ ေတြက အဆင္သင့္ ရွိေနၾကပါတယ္။ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာ လည္း May ေရာ Candy ပါ အတူတူ ပါဝင္ခဲ့ၾကပါတယ္။ ခ်စ္ရတဲ့ညီမေလးက Miss Universe Myanmar 2020 ရဲ့ winner ဆုရွင္ ျဖစ္ခဲ့စဥ္က ေမတစ္ေယာက္ အရမ္းကို ေပ်ာ္ၿပီး ညီမေလးဆီကိုအေျပးသြားကာ ေဖေဖနဲ႔ေမေမ ဂုဏ္ယူရေအာင္ ညီအမႏွစ္ေယာက္ ေပ်ာ္စရာ အမွတ္တရ ပုံေလးလည္း ရိုက္ခဲ့ပါေသးတယ္။

Miss တစ္ေယာက္အေန နဲ႔ သူမဟာ အမ်ိဳးသမီးေတြကို အမာရြတ္နဲ႔ပတ္သက္ၿပီး ရွက္ေၾကာက္မေနေစဖို႔ သူမရဲ့အေတြ႕ အၾကဳံ နဲ႔ယွဥ္ၿပီး အသိပညာေပးေျပာျပခဲ့ပါေသးတယ္။ Miss တစ္ေယာက္မွ ာရွိသင့္ရွိထိုက္တဲ့အရည္အခ်င္းေတြ အျပည့္အဝ ရွိေနသူမို႔ ကမၻာ့အလယ္မွာ ျမန္မာ့ဂုဏ္ကို ေဆာင္နိုင္မယ္ဆိုတာ ဆိုဖြယ္ရာ မရွိေတာ့ပါဘူး။

ၿပိဳင္ပြဲ ဒုတိယေန႔မွ ာဝတ္ဆင္ခဲ့တဲ့ သူမရဲ့ဝတ္စုံေလးကို ဖန္တီးသူ ဒီဇိုင္နာေကာင္းျမတ္က ဝတ္စုံေလးနဲ႔ အရမ္းလွေနတဲ့ Candy ရဲ့ ပုံရိပ္တစ္ခ်ိဳ႕ကို ” “နိုင္ငံဂုဏ္ေဆာင္ အလွမယ္ Miss Universe Myanmar 2020 သူဇာဝင့္လြင့္ဟာ အေမရိကန္နိုင္ငံမွာ နိုင္ငံတကာ အလွမယ္မ်ားနဲ႔ ရင္ေပါင္တန္းၿပီး ၿပိဳင္ပြဲႀကီးမွာ ပါဝင္ယွဥ္ၿပိဳင္ေနပါၿပီေနာ္ ၿပိဳင္ပြဲရဲ့ ဒုတိယေျမာက္ေန႔မွာ ညီမေလး Candy ဝတ္ဆင္ထားတဲ့ ဝတ္စုံ အတြဲအစပ္ေလးကေတာ့ ကၽြန္ေတာ့္ရဲ့ latest collection ထဲမွျဖစ္ပါတယ္ ကၽြန္ေတာ္တို႔ရဲ့ ျမန္မာ့အလွမယ္ေလးကို အတူတကြအားေပးလိုက္ၾကရေအာင္ ေနာ္ ” 👑 ” ဆိုၿပီး ေဝမၽွခဲ့ပါတယ္။ Miss Universe 2021 ရဲ့ Winner ဆုရွင္ျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။

Photo Credit – Designer Kaung Myat’s FB Acc