



UNICODE

ကျရာဇာတ်ရုပ် တိုင်းကို ပီပြင် ပိုင်နိုင် စွာ သရုပ် ဆောင် နိုင်သူ ကတော့ သရုပ်ဆောင် လမင်းကဗျာ ပဲ ဖြစ်ပါတယ်။ အနုပညာ အလုပ်ကို ဝါသနာ ပါလွန်းတာကြောင့် ဘယ်လို နေရာမှာဘဲ ဖြစ်ဖြစ် ပီပြင် ပိုင်နိုင်အောင် သရုပ်ဆောင် နိုင်သူတစ်ဦးဖြစ်တာ ကြောင့် အနုပညာ သမားအချင်းချင်း လေးစား ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ လမင်းကဗျာ ဟာ လတ်တလော မှာတော့ အနုပညာ လှုပ်ရှားမှုတွေ ရပ်နား ထားကာ ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းများကို ချဲ့ထွင် လုပ်ကိုင် နေတာလည်း ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်း တွေ ပိုမို အဆင်ပြေလာ တာကြောင့် မကြာသေး ခင်က အိမ်အသစ် တစ်လုံးကို ဝယ်ယူနိုင် ခဲ့တာပဲ ဖြစ်ပြီး ၂၀၂၁ နှစ်ဦးမှာ အိမ်တက်အလှူလေး ပြုလုပ်ခဲ့တာ ပဲ ဖြစ်ပါတယ်။ လမင်းကဗျာ ဟာ အနုပညာ လှုပ်ရှားမှုတွေ မရှိပေမယ့် လည်း ပရိသတ်တွေ နဲ့ အဆက်သွယ် မပြတ်အောင် သူမရဲ့ ပုံလေးတွေနဲ့ ဗီဒီယို တွေကို အမြဲတင် ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်း လောက်ကလည်း လမင်းကဗျာ ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ အိပ်ယာပေါ် မှာဆောင့်ကြောင့် ထိုင်ပြီးတစ်သောင်းတန်အထပ်လိုက်ကိုလေပေါ်သို့ ကြဲပစ် လိုက်တဲ့ လမင်းကဗျာရဲ့ဗီဒီယိုဖိုင် လေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယို လေးထဲမှာတော့ ဆွဲဆောင် မှုရှိလွန်းတဲ့ လမင်းကဗျာ ရဲ့ ပုံစံလေးကို မြင်တွေ့ရ မှာဘဲ ဖြစ်ပါတယ်။ ပရိသတ်တွေ လည်း ကြည့်ရှုခံစား နိုင်အောင် ဒီဗီဒီယိုဖိုင်လေး ကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Lamin Kabyar’s Facebook and Tik Tok Account