

တစ်နာရီ လောက်နေတော့ ကျွန်တော်က အိမ်က ပြန်ထွက်ပြီး ဈေးသွား ဝယ်တာ.. အဲ့ဒီကြား ထဲမှာ ဖြစ်သွားတာ.. အခု လမ်းတောင် ပိတ်ထားတယ်.. သြော်လောက လောက.. ကြောက်စရာကြီး.. မြန်လိုက် တာ ဖြစ်ပျက်တာတွေ..” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာ တင်လာခဲ့ပါတယ်.။



UNICODE

Cele Active World ပရိသတ်ကြီး ရေ မင်းသားချော ဖြစ်သူ ဥက္ကာမင်းမောင် ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာ မလိုအောင် ပရိသတ်ကြီး လည်း ချစ်ခင်ရင်းနှီးပြီး သားဖြစ်မယ် ထင်ပါတယ်.။ ဥက္ကာမင်းမောင် ကတော့ နိုင်ငံရပ်ခြား မှာ ကျောင်းသွား မတက် ခင်ချိန်က အနုပညာ လှုပ်ရှားမှုတွေ အများဆုံး လုပ်ကိုင်ခဲ့ပြီးနောက် ပညာရေး အတွက် အနုပညာအလုပ် တွေနဲ့ အလှမ်းဝေးခဲ့သူပါ.။

လက်ရှိ မှာလည်း အမေရိကန် နိုင်ငံမှာပဲ ဆက်လက် နေထိုင် ကာ သူ့ရဲ့ ဘဝကို ပျော်ရွှင် လွတ်လပ်စွာ ဖြတ်သန်းနေသူ ဥက္ကာမင်းမောင် က ဒီနေ့မှာ သူကြုံရတဲ့ သူနေထိုင်ရာ အိမ်နားမှာ ကြောက်မက်ဖွယ် ဖြစ်သွားတဲ့ အဖြစ်အပျက်လေး တစ်ခုကို “အိမ်နားမှာ ဖြစ်တဲ့ ပတ်ခတ်မှူ လူသေသွား ပါတယ်တဲ့.. သတင်းတက်လာပြီ .. သေသွား တဲ့သူက ၃၆ နှစ်.. တရားခံက လွတ်နေ တယ်တဲ့.. အခင်း မဖြစ်ခင် နာရီဝက်လောက်က ကျွန်တော်တို့ မောင်နှမ နှစ်ယောက် လမ်းလျှောက်ပြီးအိမ်ပြန်လာတာ အဲ့နေရာတောင် ဖြတ်လာသေးတယ်..။

တစ်နာရီ လောက်နေတော့ ကျွန်တော်က အိမ်က ပြန်ထွက်ပြီး စျေးသွား ဝယ်တာ.. အဲ့ဒီကြား ထဲမှာ ဖြစ်သွားတာ.. အခု လမ်းတောင် ပိတ်ထားတယ်.. သြော်လောက လောက.. ကြောက်စရာကြီး.. မြန်လိုက် တာ ဖြစ်ပျက်တာတွေ..” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာ တင်လာခဲ့ပါတယ်.။

ဥက္ကာမင်းမောင် တစ်ယောက် အိမ်က မထွက်ခင် အချိန်လေးမှာ ဖြစ်သွားခဲ့တာမို့ ရင်အေးရ ပေမယ့်တရားခံက လွတ်နေချိန် မို့ ကြောက်စရာ အခြေအနေလို့ ဆိုမှာပါနော်.ပရိသတ်ကြီး။ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Active World ပရိသတ်ကြီးလည်း ပျော်ရွှင် သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Okkar Min Maung’s Facebook
Violet(Cele Active World)