ပရိသတ်ကြီးရေ မြန်မာနိုင်ငံတွင် သာမကဘဲ နိုင်ငံတကာက ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူ ကတော့ သရုပ်ဆောင် ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ သူကတော့ ထိုင်းမလေးတွေရဲ့ အသည်းစွဲ မင်းသား တစ်လက်လည်း ဖြစ်ပါတယ်။ မော်ဒယ်ဘဝကနေ သရုပ်ဆောင်ဘက်သို့ ကူးပြောင်းခဲ့ရာမှာလည်း အောင်မြင်မှုတွေ များစွာ သိမ်းပိုက်ရရှိခဲ့သူလည်း ​ဖြစ်ပါတယ်။

ပိုင်တံခွန်က တော့ မိဘတွေရဲ့ ကျေးဇူးကို အရမ်းကို သိတတ်လွန်းသူ ဖြစ်ပြီး ရရှိသမျှ အနုပညာကြေးတွေ ဖြင့်ကန်တော့တဲ့ သားလိမ္မာလေး ဖြစ်ပါတယ်။ ညီအစ်ကိုမောင်နှမတွေအပေါ်မှာလည်း တာဝန်ကျေ ပွန်လွန်းသူအဖြစ် ဂုဏ်သတင်းမွှေးပျံ့နေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ပိုင်တံခွန်အစ်မရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပုံလေး တွေ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ချစ်ရသူလေး နဲ့ အတူ နေအိမ်မှာပဲ အကျဉ်း ချုံးပြီး မင်္ဂလာ လက်မှတ်ထိုးပွဲလေး ကျင်းပခဲ့တဲ့ ပိုင်တံခွန် ရဲ့ အစ်ကို နိုင်တံခွန်ရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ နိုင်တံခွန်တို့ ဇနီးမောင်နှံ ဟာ သိပ်ကိုလိုက်ဖက်လွန်းလှပြီး ချစ်စရာကောင်းတဲ့ အတွဲလေး ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီး လည်း နိုင်တံခွန်တို့အတွဲလေးရဲ့ မင်္ဂလာပုံရိပ်တွေ ကို အားပေးကြည့်ရှု ကြပါဦးနော်။

Credit…Celebrity Platforms

ZAWGYI



