


သတင်းအရင်းမြစ်: Phyu Phyu Htwe’s Facebook page
unicode

ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေ အခိုင် အမာနဲ့ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက် ရရှိထားတဲ့ မင်းသမီး ချောလေးကတော့ ဖြူဖြူထွေး ပဲဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ အောင်မြင်မှု တွေများစွာ ရရှိထားတဲ့ ဖြူဖြူထွေးဟာ အလှူအတန်း တွေကိုလည်း မကြာ ခဏပြုလုပ်လေ့ရှိပြီး ရက်ရောတဲ့ သူမရဲ့ စိတ်ထားစေတနာလေး တွေကြောင့်လည်း ပရိသတ်တွေ ကြား အမြဲ ရေပန်းစားနေတာပါနော်…..။

ဖြူဖြူထွေးဟာ ကြော်ငြာ ဗီဒီယိုတွေ ကိုဆက်တိုက်ရိုက်ကူး နေတာဖြစ်ပြီး ဇာတ်ပို့ ၊ဇာတ်ရံသရုပ်ဆောင်ကြီး များကိုခေါ်ယူကာ ပျော်ပျော် ပါးပါး နဲ့ ကြော်ငြာရိုက်ကူးမှုတွေကိုဆက်တိုက် လုပ်နေတာလည်း ဖြစ်ပါတယ်။ ဖြူဖြူထွေး ရဲ့ မိသားစုဝင် တွေကလည်း ဖြူဖြူထွေးအတွက် လိုအပ်တာ မှန်သမျှကို တတ်နိုင် သမျှကူညီကြတဲ့ အပြင် ကြော်ငြာဗီဒီယိုလေး တွေမှာဆိုရင်လည်း ရံဖန် ရံခါသရုပ်ဆောင်ပေးကြ တာလည်း တွေ့ရပါတယ်နော်။

အခုဆိုရင်လည်း ဖြူဖြူထွေး ဟာ အိမ်မှာ ရှိတဲ့မိသားစုဝင် တွေနဲ့အတူ စည်းစည်းလုံးလုံး ပျော်ပျော်ပါးပါး နဲ့ အခွီဗီဒီယိုလေး ရိုက်ကူးခဲ့တာပါ။ ဖြူဖြူထွေးဟာ ချစ်သူနှစ်ဦး ဝေးကွာသွားရတဲ့ပုံစံလေးကို ကိုယ်တိုင်နှစ်ကိုယ်ခွဲပြီး အခွီ တွေသရုပ်ဆောင် နေကာ သူမရဲ့ Facebookစာ မျက်နှာလေးမှာ တင်ပေးခဲ့ပါတယ်။ ပရိသတ်တွေလည်း ဘဝအမော တွေပြေသွား ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Phyu Phyu Htwe’s Facebook page