



unicode

သီချင်းတွေကိုခံစားချက် အပြည့်နဲ့ သီဆိုတတ်တဲ့ ရွှေထူး ကတော့ လူငယ်ပရိသတ်တွေကြားမှာ အရမ်းကိုရေ ပန်းစားအောင်မြင်နေတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ရွှေထူးက သရုပ်ဆောင်အဖြစ်လည်း လုပ်ကိုင်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ အခုတော့ ရွှေထူးက မင်းသမီးချောလေး ရွှေမှုံရတီနဲ့အိမ်ထောင်ကျပြီး သာယာချမ်းမြေ့ တဲ့ကိုယ်ပိုင်ဘဝလေးတစ်ခုကို ပိုင်ဆိုင်ရရှိထားပြီ ဖြစ်ပါတယ် ။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံကတော့ အနုပညာ အလုပ်တွေကို တက်ညီလက်ညီ လုပ်ကိုင်ရင်း ပရိသတ် တွေရဲ့အားပေးမှုကို ဆက်လက်ရရှိနေတာ ဖြစ်ပါတယ် ။ ရွှေထူးက ချစ်ဇနီးလေးရွှေမှုံ ကို အရမ်းချစ်သလို သူ့ရဲ့မိသားစုလေး အပေါ်မှာလည်း ဂရုစိုက်ကြင်နာတတ်တာ ဖြစ်ပါတယ် ။ ရွှေထူးက သူ့ရဲ့အမေနဲ့ ညီလေး၊ညီမလေးတွေကို အခုချိန်အထိ စောင့်ရှောက်ပေး နေဆဲ ဖြစ်ပါတယ် ။ အခုလည်း ရွှေထူးက အမေများနေ့ မှာ အမှတ်တရပုံလေးတစ်ပုံကို တင်ထားတာ ဖြစ်ပါတယ် ။

ရွှေထူးက သူချစ်ရတဲ့မေမေ ရဲ့ဘေးမှာ ညီလးနဲ့အတူထိုင်ပြီး ရိုက်ကူးထားတဲ့ ပုံလေးကို My Story မှာတင်လိုက်တာပဲ ဖြစ်ပါတယ် ။ ရွှေထူးကတော့ အိမ်ထောင်ကျသွားတာတောင် သူ့အပေါ်မှာဂရုစိုက်ပြီး ရင်အုပ် မကွာ စောင့်ရှောက်ပေးနေတဲ့ မိခင်ဖြစ်သူရဲ့ကျေးဇူးတွေ ကို ရင်ထဲမှာအမြဲသတိရပေးနေတာ ဖြစ်ပါတယ် ။ ကဲ အရမ်းကိုကြည်နူးစရာကောင်းနေတဲ့ ရွှေထူးတို့မိသားစုလေး ရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Htoo Khant’s FB Story