အဆိုတော်ရေဗက္ကာဝင်း ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေ နဲ့ ပတ်သက်ပြီး လှုပ်ရှားမှု တွေ ဆက်တိုက်ပြုလုပ်ကာ ပြည်သူတွေဘက်ကနေ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အဖက်ဖက်ကနေ တတ်နိုင် သလောက် ပြည်သူတွေအတွက် အားဖြည့်ပါဝင်ပေးနေတဲ့ ရေဗက္ကာဝင်း ကတော့ နေ့တိုင်းလိုလို လှူဒါန်းမှုတွေ ပြုလုပ်နေတာ ကိုလည်း ပရိသတ်တွေ မကြာခဏ ဆိုသလို မြင်တွေ့ရမှာပါ။
ရေဗက္ကာဝင်းကတော့ ဒီနေ့မှာလည်း စားဝတ်နေ ရေးခက်ခဲနေ ကြတဲ့ ပြည်သူအချို့အတွက် စားသောက်ကုန် တွေလှူဒါန်းပြီး ကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။ မှော်ဘီက မိဘမဲ့ဂေဟာ အပြင် အိမ်ထောင်စု (၁၀၀) စာအတွက် လိုအပ်တဲ့ အခြေခံ စားသောက်ကုန် XDXAများကို အလှူရှင်တွေနဲ့စုပေါင်းကာ လှူဒါန်းဖြစ်ခဲ့ပါတယ်။
သူရဲ့ ယနေ့ အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” ဒီနေ့ စေတနာရှင်များဖြစ်ကြတဲ့ Australia Perth မှ မြန်မာမိသားစုများ We love Rebecca Win groupနဲ့ Nestle Myanmar တို့နဲ့ပေါင်းပြီး မှော်ဘီ မိဘမဲ့ဂေဟာနဲ့ လိုအပ်နေတဲ့ ပြည်သူများကို အိမ်ထောင်စု ၁ဝဝစာ ပေါင်းရှည်ဆန် ၃ပြည် ဟင်းသီးဟင်းရွက်ဆီ ၁ဗူး ပဲကြာဇံ ၁ပါကင် ပဲနီလေး ၁ထုပ် Maggi စွယ်စုံ သုံးဟင်းခတ်မှုန့် ၂ပါကင် တို့ကို မေတ္တာပြမျှ ဝေလှူဒါန်းခဲ့ပါတယ်ရှင် “ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Credit – Cele Zone
Photo – Rebecca Win
zaw gyi
အဆိုေတာ္ေရဗကၠာဝင္း ကေတာ့ လတ္တေလာျဖစ္ေပၚေနတဲ့အေျခအေနေတြ နဲ႔ ပတ္သက္ၿပီး လႈပ္ရွားမႈ ေတြ ဆက္တိုက္ျပဳလုပ္ကာ ျပည္သူေတြဘက္ကေန ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ အဖက္ဖက္ကေန တတ္နိုင္ သေလာက္ ျပည္သူေတြအတြက္ အားျဖည့္ပါဝင္ေပးေနတဲ့ ေရဗကၠာဝင္း ကေတာ့ ေန႔တိုင္းလိုလို လႉဒါန္းမႈေတြ ျပဳလုပ္ေနတာ ကိုလည္း ပရိသတ္ေတြ မၾကာခဏ ဆိုသလို ျမင္ေတြ႕ရမွာပါ။
ေရဗကၠာဝင္းကေတာ့ ဒီေန႔မွာလည္း စားဝတ္ေန ေရးခက္ခဲေန ၾကတဲ့ ျပည္သူအခ်ိဳ႕အတြက္ စားေသာက္ကုန္ ေတြလႉဒါန္းၿပီး ေကာင္းမႈကုသိုလ္ေလးေတြ ျပဳလုပ္ခဲ့ျပန္ပါတယ္။ ေမွာ္ဘီက မိဘမဲ့ေဂဟာ အျပင္ အိမ္ေထာင္စု (၁၀၀) စာအတြက္ လိုအပ္တဲ့ အေျခခံ စားေသာက္ကုန္ XDXAမ်ားကို အလႉရွင္ေတြနဲ႔စုေပါင္းကာ လႉဒါန္းျဖစ္ခဲ့ပါတယ္။
သူရဲ့ ယေန႔ အလႉေလးနဲ႔ ပတ္သက္ၿပီးလည္း ” ဒီေန႔ ေစတနာရွင္မ်ားျဖစ္ၾကတဲ့ Australia Perth မွ ျမန္မာမိသားစုမ်ား We love Rebecca Win groupနဲ႔ Nestle Myanmar တို႔နဲ႔ေပါင္းၿပီး ေမွာ္ဘီ မိဘမဲ့ေဂဟာနဲ႔ လိုအပ္ေနတဲ့ ျပည္သူမ်ားကို အိမ္ေထာင္စု ၁ဝဝစာ ေပါင္းရွည္ဆန္ ၃ျပည္ ဟင္းသီးဟင္းရြက္ဆီ ၁ဗူး ပဲၾကာဇံ ၁ပါကင္ ပဲနီေလး ၁ထုပ္ Maggi စြယ္စုံ သုံးဟင္းခတ္မႈန႔္ ၂ပါကင္ တို႔ကို ေမတၱာျပမၽွ ေဝလႉဒါန္းခဲ့ပါတယ္ရွင္ “ဆိုၿပီးေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
Credit – Cele Zone
Photo – Rebecca Win