ဒီလို ခက္ခဲတဲ့ ကာလမွာ ရပ္ေဝး ရပ္နီးက ျပည္သူ မ်ားစြာဟာ လုပ္ငန္း တာဝန္ ကိုယ္စီကို ရပ္နား ထားရတာ ေၾကာင့္ စားဝတ္ ေနေရး အခက္အခဲ မ်ားစြာကို ရင္ဆိုင္ ေနရတာလည္း ေတြ႕ရ ပါတယ္။ဒီလို အခက္အခဲ ေတြ နဲ႔ ရင္ဆိုင္ ေနရတဲ့ မိသားစု ေတြကို ျပည္သူ အခ်င္းခ်င္း ကပဲ ျပန္လည္ ၾကည့္ရႈကာ တတ္နိုင္သေလာက္ ကူညီ ေထာက္ပံ့ ကာ လႉဒါန္းမႈ ေတြ ျပဳလုပ္ ေပးေနတာပါ။

ဒီလို ကူညီေထာက္ပံ့မႈ ေတြျပဳလုပ္ေပးေန ၾကတဲ့ ထဲမွာ ေရဗကၠာဝင္း ကလည္း အပါ အဝင္ ပါပဲ။တတ္နိုင္ သေလာက္ လိုအပ္တဲ့ ေနရာမ်ားကို သြားေရာက္ကာ စားနပ္ ရိကၡာမ်ား ကို လႉဒါန္းခဲ့ သလို မိတ္ေဆြ သူငယ္ခ်င္းမ်ား နဲ႔ လည္း စုေပါင္းကာ အလႉေငြမ်ား လိုအပ္ တဲ့ အသုံးအေဆာင္ ပစၥည္းမ်ား ကို လႉဒါန္းလ်က္ရွိတာကို ေလးစားစြာ ေတြ႕ျမင္ရပါတယ္။

အခုလည္း အလႉရွင္ မ်ား နဲ႔ စုေပါင္းကာ စားဝတ္ေန ေရးအခက္အခဲ ျဖစ္ေနတဲ့ အိမ္ေထာင္စု (၁၀၀) စာအတြက္ ဆန္ ၊ ဆီနဲ႔ အျခား လိုအပ္တဲ့ အစားအေသာက္မ်ားကို လႉဒါန္းခဲ့ ျပန္ပါတယ္။ အလႉနဲ႔ ပတ္သက္ၿပီးလည္း ” ျမန္မာႏွစ္သစ္ ကူးအလႉေကာင္းမႈ အျဖစ္ အိမ္ေထာင္စု ၁၀၀ စာအတြက္ စားေသာက္ကုန္မ်ားျဖစ္တဲ့ ေပၚဆန္းေမႊး ( ၃ )ျပည္ ေနၾကာဆီ ၁ လီတာ ၾကက္သြန္နီ ၁ ပိႆာ ေခါက္ဆြဲေျခာက္ ၁ ပါကင္ ပဲနီေလး ၁ထုပ္ Maggi စြယ္စုံသုံး ဟင္းခပ္မႈန႔္ ၂ပါကင္ ၾကက္အူေခ်ာင္း ၂၀ သား ပဲၾကာဇံ ၁ပါကင္ တို႔ကို ေစတနာရွင္ မ်ားျဖစ္ၾကတဲ့ အႏုပညာ ပိုးသဘက္ Shingni Nbat (ျမစ္ႀကီးနား) ပထမျမန္မာႏွစ္ျခင္းအသင္းေတာ္ (ဆန္ဖရန္စၥကို) မင္မင္( Rebecca Win fanclub admin) မသီတာ (LA) မေထြးေထြးစိန္ (LA) Nestle Myanmar တို႔နဲ႔အတူ လိုအပ္ေနတဲ့ ျပည္သူမ်ားထံ ကုသိုလ္ဒါနျပဳခဲ့ပါတယ္ရွင္ “ေဖာ္ၿပ ထားတာျဖစ္ပါတယ္။

Yuan – Cele Zone
Photo – Rebecca Win

UNICODE

ဒီလို ခက်ခဲတဲ့ ကာလမှာ ရပ်ဝေး ရပ်နီးက ပြည်သူ များစွာဟာ လုပ်ငန်း တာဝန် ကိုယ်စီကို ရပ်နား ထားရတာ ကြောင့် စားဝတ် နေရေး အခက်အခဲ များစွာကို ရင်ဆိုင် နေရတာလည်း တွေ့ရ ပါတယ်။ဒီလို အခက်အခဲ တွေ နဲ့ ရင်ဆိုင် နေရတဲ့ မိသားစု တွေကို ပြည်သူ အချင်းချင်း ကပဲ ပြန်လည် ကြည့်ရှုကာ တတ်နိုင်သလောက် ကူညီ ထောက်ပံ့ ကာ လှူဒါန်းမှု တွေ ပြုလုပ် ပေးနေတာပါ။

ဒီလို ကူညီထောက်ပံ့မှု တွေပြုလုပ်ပေးနေ ကြတဲ့ ထဲမှာ ရေဗက္ကာဝင်း ကလည်း အပါ အဝင် ပါပဲ။တတ်နိုင် သလောက် လိုအပ်တဲ့ နေရာများကို သွားရောက်ကာ စားနပ် ရိက္ခာများ ကို လှူဒါန်းခဲ့ သလို မိတ်ဆွေ သူငယ်ချင်းများ နဲ့ လည်း စုပေါင်းကာ အလှူငွေများ လိုအပ် တဲ့ အသုံးအဆောင် ပစ္စည်းများ ကို လှူဒါန်းလျက်ရှိတာကို လေးစားစွာ တွေ့မြင်ရပါတယ်။

အခုလည်း အလှူရှင် များ နဲ့ စုပေါင်းကာ စားဝတ်နေ ရေးအခက်အခဲ ဖြစ်နေတဲ့ အိမ်ထောင်စု (၁၀၀) စာအတွက် ဆန် ၊ ဆီနဲ့ အခြား လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းခဲ့ ပြန်ပါတယ်။ အလှူနဲ့ ပတ်သက်ပြီးလည်း ” မြန်မာနှစ်သစ် ကူးအလှူကောင်းမှု အဖြစ် အိမ်ထောင်စု ၁၀၀ စာအတွက် စားသောက်ကုန်များဖြစ်တဲ့ ပေါ်ဆန်းမွှေး ( ၃ )ပြည် နေကြာဆီ ၁ လီတာ ကြက်သွန်နီ ၁ ပိဿာ ခေါက်ဆွဲခြောက် ၁ ပါကင် ပဲနီလေး ၁ထုပ် Maggi စွယ်စုံသုံး ဟင်းခပ်မှုန့် ၂ပါကင် ကြက်အူချောင်း ၂၀ သား ပဲကြာဇံ ၁ပါကင် တို့ကို စေတနာရှင် များဖြစ်ကြတဲ့ အနုပညာ ပိုးသဘက် Shingni Nbat (မြစ်ကြီးနား) ပထမမြန်မာနှစ်ခြင်းအသင်းတော် (ဆန်ဖရန်စ္စကို) မင်မင်( Rebecca Win fanclub admin) မသီတာ (LA) မထွေးထွေးစိန် (LA) Nestle Myanmar တို့နဲ့အတူ လိုအပ်နေတဲ့ ပြည်သူများထံ ကုသိုလ်ဒါနပြုခဲ့ပါတယ်ရှင် “ဖော်ပြ ထားတာဖြစ်ပါတယ်။

Yuan – Cele Zone
Photo – Rebecca Win