


Angella(CeleChitThu)

unicode

ချစ်စရာကောင်းလွန်းတဲ့ အပြုံး ပိုင်ရှင်လေး မင်းသမီး ချောလေး ပိုင်ဖြိုးသု ကို ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေး ဖို့မလိုလောက်ဘူး ထင်ပါတယ်။ ပိုင်ဖြိုးသု ကတော့ ဇာတ်ကားတိုင်း ရဲ့ ကျရာဇာတ်ရုပ်ကို စိတ်ထဲနှစ်ပြီး ကျွမ်းကျင် စွာ သရုပ်ဆောင်နိုင် မှုတွေကြောင့် အနုပညာလောက မှာ အောင်မြင် လာတဲ့မင်းသမီး တစ်လက် ပါပဲ။ သူမဟာဆိုရင် တည်ငြိမ်စွာ နေထိုင် တတ်လွန်းတဲ့ ဒါရိုက်တာ ဏကြီး နဲ့အတူ သာယာတဲ့ အိမ်ထောင်ရေးလေး ကို ပိုင်ဆိုင် ထားတဲ့သူတစ်ဦး ပဲဖြစ်ပါတယ်။

ရှုတင်တွေရပ်နား ထားချိန်မှာ ခင်ပွန်းဖြစ်သူ ဏကြီးနဲ့အတူ အမှတ်တရလေး နေ့ရက်လေးတွေ ဖြတ်သန်းထား တဲ့ အမှတ်တရ ပုံရိပ် လေးတွေ နဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင် ပေးလေ့ရှိပါတယ်။ ဇန်နဝါရီ (၁) ရက်နေ့မှ တော့ ပိုင်ဖြိုးသုက”ကဲ ဦးဏကြီးရေ အိမ်ထောင် သက်တော့(၂)နှစ် ပြည့်သွားပြီ 😁ဒီအရူးမ ကို ပိန်ပိန် ဝဝ ရူးရူး ကောင်းကောင်း ချစ်ပေးလို့ကျေးဇူးပါ 😘ရည်းစားသက်(၅)နှစ် အိမ်ထောင်သက် (၂) နှစ်အတွင်း အဖိုးကြီးပီပီပွစိပွစိ ဆူတတ်တာ ကလွဲရင် အမြဲပျော်အောင် ထားပေးတဲ့အတွက်လည်း မွချိ ပါလို့”ဆိုပြီး ပျော်ရွှင်စရာကောင်းလွန်းတဲ့ အမှတ်တရ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေး လာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံ ရဲ့ အိမ်ထောင်သက်တမ်း (၂) နှစ်ပြည့်နေ့လေးမှာ ကြည်နူးဖွယ်ရာပုံ ရိပ်လေးတွေကို ကြည့်ပြီး ပရိသတ် တွေလည်း ကြည်နူးမိမယ်လို့ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေ အားလုံးသာယာ ပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင် နိုင်ကြပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်နော်။

Source…Paing Phyoe Thu’s Facebook
Angella(CeleChitThu)