ျမန္မာ တစ္နိုင္ငံလုံး က ပရိသတ္ ေတြေတာ္ေတာ္ မ်ားမ်ား ရဲ့ ခ်စ္ခင္ အားေပးမႈ ကို တစ္ခဲနက္ ရရွိထားတဲ့ စုံတြဲကေတာ့ ေျပတီဦး နဲ႔ အိျႏၵာေက်ာ္ဇင္ တို႔အႏုပညာရွင္ စုံတြဲေလး ပဲ ျဖစ္ပါတယ္ ။ ေျပတီဦး နဲ႔ အူဝဲတို႔ ဇနီးေမာင္ႏွံဟာ ဆိုရင္ ဒိတ္ဒိတ္ၾကဲ အႏုပညာရွင္ ေတြျဖစ္ၾက သလို အကယ္ဒမီ ဆုေတြကိုလည္း အသီးသီး ဆြတ္ခူးထား ၾကတာ ျဖစ္ပါတယ္ ။ သား တစ္ေယာက္၊ သမီး တစ္ေယာက္ ပိုင္ဆိုင္ ထားၿပီျဖစ္တဲ့ သူတို႔ ဇနီးေမာင္ႏွံ ရဲ့ဘဝေလး က အရမ္းကိုၿပီးျပည့္စုံေနတာ လည္း ျဖစ္ပါတယ္ ။

အခုဆိုရင္ ေတာ့ ေျပတီဦး နဲ႔ အူဝဲ တို႔စုံတြဲ ေလးက မဂၤလာ ႏွစ္ပတ္ လည္ သက္တမ္း (၁၀) ႏွစ္တိတိ ျပည့္သြားခဲ့ ၿပီပဲ ျဖစ္ပါတယ္ ။ လြန္ခဲ့တဲ့ (၁၀) ႏွစ္က ဒီလိုအခ်ိန္မွာ ေျပတီဦး တို႔ဇနီးေမာင္ႏွံ က မဂၤလာ ေမာ္ကြန္းတင္ လက္မွတ္ေရး ထိုးၿပီး အၾကင္ လင္မယားဘဝ ကို ခံယူခဲ့ၾကတာ ျဖစ္ပါတယ္ ။ (၁၀) ႏွစ္တိုင္ေအာင္ ခ်စ္ျခင္း ေမတၱာ ေတြကို ခိုင္မာၿပီး သာယာ ေပ်ာ္ရႊင္ဖြယ္ ေကာင္းတဲ့ မိသားစု ဘဝေလး ကို တည္ေဆာက္ နိုင္ခဲ့တဲ့ သူတို႔ စုံတြဲေလးက အင္မတန္ အားက်ခ်င္စရာေကာင္း ေနတာ ျဖစ္ပါတယ္ ။

အူဝဲ ကေတာ့ “HAPPY 10TH ANNIVERSARY 87600 HOURS TOGETHER .I LOVE YOU SO MUCH” ဆိုၿပီး မဂၤလာပြဲ က အမွတ္တရပုံရိပ္ေလးေတြ ကို တင္ထားတာ ျဖစ္ပါတယ္ ။ အူဝဲက သူမတို႔ ဇနီးေမာင္ႏွံ ရဲ့ အိမ္ေထာင္သည္ ဘဝေျခလွမ္းအစက ပုံရိပ္ေလးေတြကို ခ်ျပလိုက္ တာလည္း ျဖစ္ပါတယ္ ။ ကဲ ခ်စ္ခင္ပြန္း ရဲ့ ဘယ္ေလာက္ ခ်စ္ေၾကာင္းေျပာၿပီး ရိုျပလိုက္တဲ့ အူဝဲ ရဲ့ မဂၤလာပြဲ အမွတ္တရပုံေလး ေတြကို ခ်စ္ပရိသတ္ေတြ အတြက္ ျပန္လည္မၽွေဝ ေပးလိုက္ ပါတယ္ေနာ္ ။

Source & Photo Credit-Eaindra Kyaw Zin’s FB Page

UNICODE

မြန်မာ တစ်နိုင်ငံလုံး က ပရိသတ် တွေတော်တော် များများ ရဲ့ ချစ်ခင် အားပေးမှု ကို တစ်ခဲနက် ရရှိထားတဲ့ စုံတွဲကတော့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့အနုပညာရှင် စုံတွဲလေး ပဲ ဖြစ်ပါတယ် ။ ပြေတီဦး နဲ့ အူဝဲတို့ ဇနီးမောင်နှံဟာ ဆိုရင် ဒိတ်ဒိတ်ကြဲ အနုပညာရှင် တွေဖြစ်ကြ သလို အကယ်ဒမီ ဆုတွေကိုလည်း အသီးသီး ဆွတ်ခူးထား ကြတာ ဖြစ်ပါတယ် ။ သား တစ်ယောက်၊ သမီး တစ်ယောက် ပိုင်ဆိုင် ထားပြီဖြစ်တဲ့ သူတို့ ဇနီးမောင်နှံ ရဲ့ဘဝလေး က အရမ်းကိုပြီးပြည့်စုံနေတာ လည်း ဖြစ်ပါတယ် ။

အခုဆိုရင် တော့ ပြေတီဦး နဲ့ အူဝဲ တို့စုံတွဲ လေးက မင်္ဂလာ နှစ်ပတ် လည် သက်တမ်း (၁၀) နှစ်တိတိ ပြည့်သွားခဲ့ ပြီပဲ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ (၁၀) နှစ်က ဒီလိုအချိန်မှာ ပြေတီဦး တို့ဇနီးမောင်နှံ က မင်္ဂလာ မော်ကွန်းတင် လက်မှတ်ရေး ထိုးပြီး အကြင် လင်မယားဘဝ ကို ခံယူခဲ့ကြတာ ဖြစ်ပါတယ် ။ (၁၀) နှစ်တိုင်အောင် ချစ်ခြင်း မေတ္တာ တွေကို ခိုင်မာပြီး သာယာ ပျော်ရွှင်ဖွယ် ကောင်းတဲ့ မိသားစု ဘဝလေး ကို တည်ဆောက် နိုင်ခဲ့တဲ့ သူတို့ စုံတွဲလေးက အင်မတန် အားကျချင်စရာကောင်း နေတာ ဖြစ်ပါတယ် ။

အူဝဲ ကတော့ “HAPPY 10TH ANNIVERSARY 87600 HOURS TOGETHER .I LOVE YOU SO MUCH” ဆိုပြီး မင်္ဂလာပွဲ က အမှတ်တရပုံရိပ်လေးတွေ ကို တင်ထားတာ ဖြစ်ပါတယ် ။ အူဝဲက သူမတို့ ဇနီးမောင်နှံ ရဲ့ အိမ်ထောင်သည် ဘဝခြေလှမ်းအစက ပုံရိပ်လေးတွေကို ချပြလိုက် တာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ခင်ပွန်း ရဲ့ ဘယ်လောက် ချစ်ကြောင်းပြောပြီး ရိုပြလိုက်တဲ့ အူဝဲ ရဲ့ မင်္ဂလာပွဲ အမှတ်တရပုံလေး တွေကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေ ပေးလိုက် ပါတယ်နော် ။

Source & Photo Credit-Eaindra Kyaw Zin’s FB Page