Myanmar Idol ပြိုင်ပွဲကြီးကနေ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် အဖြစ် ဂီတလောက မှာ အခိုင်အမာ လျှောက်လှမ်းနေတဲ့ အဆို တော် မေမဒီကတော့ လက်ရှိအခြေအနေ တွေမှာလည်း ပြည်သူတွေ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။လူထုလှုပ်ရှားမှု တွေမှာ အင်တိုက် အားတိုက်ပါဝင်ခဲ့တဲ့ မေမဒီကတော့ ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရပြီး လတ်တလောမှာလည်း သူမရဲ့ လုံခြုံရေးအတွက် ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်..။

မေမဒီကတော့ အခြေအနေတွေ အမျိုးမျိုးကြောင့် အိမ်နဲ့ခွဲခွာနေ နေရကာ မိသားစုနဲ့လည်း အဆက်အသွယ် မရတဲ့ အကြောင်းတွေကို စိတ် မ ကောင်းစွာ ရင်ဖွင့်ပြောပြရင်း cover song ဆိုထားတဲ့ သူမရဲ့ သီချင်းလေးကို လည်း ဝေမျှလာပါတယ်..။မိသားစုနဲ့ အိမ်ကို လွမ်းတဲ့ အကြောင်းတွေ ပုံဖော်သီဆိုထားတဲ့ သီချင်းလေးကို Cover Song ပြန်လည် ဆိုထားတာဖြစ်သလို ပြည်သူတွေ အား လုံး ကိုလည်း အန္တရာယ် ကင်းပြီး မျှော်လင့်ထားတဲ့ နေ့တွေအမြန်ဆုံးရောက်စေဖို့ ဆုတောင်း စကားတွေလည်း မေမဒီက ဆိုထားပါ သေး တယ်..။

Hey guys 👋 အခြေအနေ တစ်ခုကြောင့် အိမ်က ထွက်ခွါခဲ့ရတာ ၁ လကျော်ခဲ့ပြီ ..🔺 မိသားစုနဲ့လဲ အဆက်အသွယ် မရှိတာကြာပါပြီ 🔴 အားလုံးကိုသတိရပါတယ် ….🖤အန္တရာယ်ကင်း ဘေးကင်းပြီး အားလုံး မျှော်လင့် ထားတဲ့နေ့ အမြန်ဆုံးရောက်ပါစေ ဆုတောင်းရင်း…**အိမ်ပြေး** CoverMMD Save Myammar..” ဆိုပြီး သူမ Cover Song ပြန်ဆိုထားတဲ့ သီချင်းလေး ကိုလည်း မျှဝေထားပါသေးတယ်..။ဖော်ကာရဲ့ အိမ်ပြေးသီချင်းကို ခံစားချက် အပြည့်နဲ့ သီဆို ထားတဲ့ သူမရဲ့ သီချင်း ကိုလည်း ပရိသတ်တွေက သဘောကျနေကြသလို အားပေး ထား ကြတာလည်း တွေ့ရပါတယ်..။

crd

ZAW GYI

Myanmar Idol ၿပိဳင္ပြဲႀကီးကေန ေအာင္ျမင္တဲ့ အႏုပညာရွင္ တစ္ေယာက္ အျဖစ္ ဂီတေလာက မွာ အခိုင္အမာ ေလၽွာက္လွမ္းေနတဲ့ အဆို ေတာ္ ေမမဒီကေတာ့ လက္ရွိအေျခအေန ေတြမွာလည္း ျပည္သူေတြ အားလုံးနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။လူထုလႈပ္ရွားမႈ ေတြမွာ အင္တိုက္ အားတိုက္ပါဝင္ခဲ့တဲ့ ေမမဒီကေတာ့ ၅၀၅ က ျဖင့္ အမႈဖြင့္ အေရးယူျခင္း ခံထားရၿပီး လတ္တေလာမွာလည္း သူမရဲ့ လုံျခဳံေရးအတြက္ ေရွာင္တိမ္းေနရတာ ျဖစ္ပါတယ္..။

ေမမဒီကေတာ့ အေျခအေနေတြ အမ်ိဳးမ်ိဳးေၾကာင့္ အိမ္နဲ႔ခြဲခြာေန ေနရကာ မိသားစုနဲ႔လည္း အဆက္အသြယ္ မရတဲ့ အေၾကာင္းေတြကို စိတ္ မ ေကာင္းစြာ ရင္ဖြင့္ေျပာျပရင္း cover song ဆိုထားတဲ့ သူမရဲ့ သီခ်င္းေလးကို လည္း ေဝမၽွလာပါတယ္..။မိသားစုနဲ႔ အိမ္ကို လြမ္းတဲ့ အေၾကာင္းေတြ ပုံေဖာ္သီဆိုထားတဲ့ သီခ်င္းေလးကို Cover Song ျပန္လည္ ဆိုထားတာျဖစ္သလို ျပည္သူေတြ အား လုံး ကိုလည္း အႏၲရာယ္ ကင္းၿပီး ေမၽွာ္လင့္ထားတဲ့ ေန႔ေတြအျမန္ဆုံးေရာက္ေစဖို႔ ဆုေတာင္း စကားေတြလည္း ေမမဒီက ဆိုထားပါ ေသး တယ္..။

Hey guys 👋 အေျခအေန တစ္ခုေၾကာင့္ အိမ္က ထြက္ခြါခဲ့ရတာ ၁ လေက်ာ္ခဲ့ၿပီ ..🔺 မိသားစုနဲ႔လဲ အဆက္အသြယ္ မရွိတာၾကာပါၿပီ 🔴 အားလုံးကိုသတိရပါတယ္ ….🖤အႏၲရာယ္ကင္း ေဘးကင္းၿပီး အားလုံး ေမၽွာ္လင့္ ထားတဲ့ေန႔ အျမန္ဆုံးေရာက္ပါေစ ဆုေတာင္းရင္း…**အိမ္ေျပး** CoverMMD Save Myammar..” ဆိုၿပီး သူမ Cover Song ျပန္ဆိုထားတဲ့ သီခ်င္းေလး ကိုလည္း မၽွေဝထားပါေသးတယ္..။ေဖာ္ကာရဲ့ အိမ္ေျပးသီခ်င္းကို ခံစားခ်က္ အျပည့္နဲ႔ သီဆို ထားတဲ့ သူမရဲ့ သီခ်င္း ကိုလည္း ပရိသတ္ေတြက သေဘာက်ေနၾကသလို အားေပး ထား ၾကတာလည္း ေတြ႕ရပါတယ္..။

crd