ပရိသတ်ကြီးရေ လူရွှင်တော် မိုးစက်ကတော့ လူအများ ရဲ့ လေးစားချစ်ခင်မှုတွေကို ယခုတလောမှာ အပြည့်အဝရရှိခဲ့ထားပြီ ဖြစ်ပါတယ်။ ယခုလို အချိန်ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ် နေရေးအတွက် မနည်း ရုန်းကန်လှုပ်ရှား နေရတဲ့ မိသားစုတွေ ကို သဒ္ဒါတရားထက်သန် လှတဲ့ ခုနှစ်ရက်သားသမီးတွေရဲ့ စုပေါင်းကုသိုလ်ဖြင့် မိုးစက်က ကူညီ လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ အခက်အခဲဖြစ်နေ ကြတဲ့ မိသားစုတွေကို တတ်နိုင်တဲ့ ဘက်ကနေ စားသောက်စရာလေးတွေအပြင် ငွေကြေးပါ ကူညီလှူဒါန်းပေးတာ တွေ့ရပါတယ်။

ဒီလို ကိုယ်အကျိုးကိုငဲ့ပြီး ပရဟိတ အလုပ်တွေကို စိတ်ရော ကိုယ်ပါ စွမ်းစွမ်းတမံ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ ကလည်း လေးစား ချစ်ခင်နေရတာ ဖြစ်ပါတယ်။ ယခုမှာလည်း မိုးစက်က လေးစားစရာ လုပ်ရပ်လေး ကိုတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အိမ်လခ မပေးနိုင်လို့ အထုပ်ဆွဲပြီး လမ်းဘေးထွက်နေရတော့မယ့် အဖြစ်ကို ကြုံနေတဲ့ အသက် (၉၉) နှစ်အရွယ် နဲ့ အသက် (၆၉)နှစ်ရှိ သားအမိနှစ်ယောက်ကို ကူညီကယ်တင်ပေးခဲ့တာ ဖြစ်ပါတယ်။

အသက် (၆၉)နှစ်ရှိ သမီးဖြစ်သူက သားအမိ နှစ်ယောက် စားဝတ်နေရေးအတွက် နေအိမ်တွေမှာ လိုက်လံ အဝတ်လျှော်ဖွပ်ပြီး ဘဝကိုခက်ခဲစွာရုန်းကန်နေရတာလို့ သိရပါတယ်။ လက်ရှိမှာတော့ အိမ်လခတောင် မပေးနိုင်တော့တဲ့ အဖြစ်ကို ကြုံတွေ့နေရတာကြောင့် လူရွှင်တော် မိုးစက်က သွားရောက်တွေ့ဆုံပြီး အလှူငွေ (၁)သိန်းကျပ်ကို ဦးစွာ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခတွေရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ယခုလို မိသားစုတွေကို ဒီထက်မက ကူညီလှူဒါန်းပေးနိုင်အောင် လူရွှင်တော်မိုးစက်ကို ဆုတောင်းမေတ္တာတွေပို့သပေးလိုက်ပါဦးနော်… ။

Source – Moe Sat

ZAWGYI

ပရိသတ္ႀကီးေရ လူရႊင္ေတာ္ မိုးစက္ကေတာ့ လူအမ်ား ရဲ့ ေလးစားခ်စ္ခင္မႈေတြကို ယခုတေလာမွာ အျပည့္အဝရရွိခဲ့ထားၿပီ ျဖစ္ပါတယ္။ ယခုလို အခ်ိန္ကာလေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ ေနေရးအတြက္ မနည္း ႐ုန္းကန္လႈပ္ရွား ေနရတဲ့ မိသားစုေတြ ကို သဒၵါတရားထက္သန္ လွတဲ့ ခုႏွစ္ရက္သားသမီးေတြရဲ့ စုေပါင္းကုသိုလ္ျဖင့္ မိုးစက္က ကူညီ လႉဒါန္းေပးေနတာ ျဖစ္ပါတယ္။ အခက္အခဲျဖစ္ေန ၾကတဲ့ မိသားစုေတြကို တတ္နိုင္တဲ့ ဘက္ကေန စားေသာက္စရာေလးေတြအျပင္ ေငြေၾကးပါ ကူညီလႉဒါန္းေပးတာ ေတြ႕ရပါတယ္။

ဒီလို ကိုယ္အက်ိဳးကိုငဲ့ၿပီး ပရဟိတ အလုပ္ေတြကို စိတ္ေရာ ကိုယ္ပါ စြမ္းစြမ္းတမံ လုပ္ေဆာင္ေနတာေၾကာင့္ ျပည္သူေတြ ကလည္း ေလးစား ခ်စ္ခင္ေနရတာ ျဖစ္ပါတယ္။ ယခုမွာလည္း မိုးစက္က ေလးစားစရာ လုပ္ရပ္ေလး ကိုတစ္ခုကို ထပ္မံျပဳလုပ္ခဲ့ပါတယ္။ ဒါကေတာ့ အိမ္လခ မေပးနိုင္လို႔ အထုပ္ဆြဲၿပီး လမ္းေဘးထြက္ေနရေတာ့မယ့္ အျဖစ္ကို ၾကဳံေနတဲ့ အသက္ (၉၉) ႏွစ္အရြယ္ နဲ႔ အသက္ (၆၉)ႏွစ္ရွိ သားအမိႏွစ္ေယာက္ကို ကူညီကယ္တင္ေပးခဲ့တာ ျဖစ္ပါတယ္။

အသက္ (၆၉)ႏွစ္ရွိ သမီးျဖစ္သူက သားအမိ ႏွစ္ေယာက္ စားဝတ္ေနေရးအတြက္ ေနအိမ္ေတြမွာ လိုက္လံ အဝတ္ေလၽွာ္ဖြပ္ၿပီး ဘဝကိုခက္ခဲစြာ႐ုန္းကန္ေနရတာလို႔ သိရပါတယ္။ လက္ရွိမွာေတာ့ အိမ္လခေတာင္ မေပးနိုင္ေတာ့တဲ့ အျဖစ္ကို ၾကဳံေတြ႕ေနရတာေၾကာင့္ လူရႊင္ေတာ္ မိုးစက္က သြားေရာက္ေတြ႕ဆုံၿပီး အလႉေငြ (၁)သိန္းက်ပ္ကို ဦးစြာ လႉဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။ ဆင္းရဲဒုကၡေတြရဲ့ ရင္ဆိုင္ၾကဳံေတြ႕ေနရတဲ့ ယခုလို မိသားစုေတြကို ဒီထက္မက ကူညီလႉဒါန္းေပးနိုင္ေအာင္ လူရႊင္ေတာ္မိုးစက္ကို ဆုေတာင္းေမတၱာေတြပို႔သေပးလိုက္ပါဦးေနာ္… ။

Source – Moe Sat