


Swelsone News

UNICODE

မိန်းကလေး ပရိသတ်တွေ ရဲ့ ချစ်ခင် အားပေးမှု တွေကို သိမ်းပိုက် ရရှိထားသူ ကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်မင်းခန့်ပဲ ဖြစ်ပါတယ်။ သူဟာ မော်ဒယ် လောကမှ တစ်ဆင့် သရုပ်ဆောင် ဘက်သို့ ကူးပြောင်းလာ ခဲ့တာလည်း ဖြစ်ပါတယ်။ အောင်မင်းခန့် ဟာ သရုပ်ဆောင် နိုင်းနိုင်း ရဲ့ ညီအစ်ကို ဝမ်းကွဲ တော်စပ်ပြီး အစ်ကိုဖြစ်သူ ရဲ့ လမ်းညွှန်ပြသ မှုတွေကြောင့် အနုပညာ အလုပ်တွေကို အခက် အခဲမရှိ လုပ်ဆောင် နိုင်တာ လည်း ဖြစ်ပါတယ်။

အောင်မင်းခန့် ဟာ လတ်တလော မှာ တော့ သရုပ်ဆောင် စည်သူဝင်း ၊ သဇင်ထူးမြင့် ၊ ယွန်းယွန်း ၊ သိန်းလင်းစိုး တို့နဲ့အတူ Double Dating ဆိုတဲ့ Progam ရိုက်ကူး နေတာလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ် ဟာ လတ်တလော ပရိသတ် တွေရဲ့ အားပေးမှု တွေများစွာ ကို ရရှိနေ တာလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲမှာ မင်းသမီး ချောလေး ယွန်းယွန်း နဲ့ အတူ တွဲဖက် ပါဝင်နေ ရတာပဲ ဖြစ်ပြီး အားလုံးက လည်း ချစ်ခင် နေကြတာ လည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်း လောက် ကလည်း အောင်မင်းခန့် ရဲ့ လူမှုကွန်ယက်စာ မျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထား တာပဲ ဖြစ်ပါတယ်။

ဒါကတော့ ယွန်းယွန်း က အိုပါးလို့ ခေါ်လိုက်တာ နဲ့ချက်ချင်း ရောက်လာပြီး ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ပေးနေတဲ့ အောင်မင်းခန့် ရဲ့ဗီဒီယို ဖိုင်လေးပဲ ဖြစ်ပါတယ်။ ဒီ Tik Tok လေးတွေ ဟာလည်း အောင်မင်းခန့် ရဲ့ ပထမဦးဆုံး ကစားဖူးတဲ့ ဗီဒီယို လေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ လည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယို ဖိုင်လေးတွေကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက် ပေးလိုက် ရပါတယ်နော်။

Swelsone News