



UNICODE

ပရိသတ်ကြီး ရေ.. ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံ ကတော့ အနုပညာ လောက မှာ ထိပ်တန်း ကနေအောင်မြင် နေကြသလို ဇာတ်ပို့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ အေးသီတာ နဲ့ အိအိတုန် တို့ကလည်း ပရိသတ် အခိုင်အမာနဲ့ အားလုံး ရဲ့ ချစ်ခင် အားပေးမှု တွေ ရရှိ ထားကြ သူတွေပါပဲ..။လူထု လှုပ်ရှားမှုတွေကို တက်ကြွစွာ ပြုလုပ် ခဲ့တဲ့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ကတော့ လက်ရှိ မှာ ပုဒ်မ ၅၀၅( က ) ဖြင့် အရေးယူ ထိန်းသိမ်းခံ ထားရပြီး ဇနီးမောင်နှံ အတွက် ပရိသတ်တွေ အပြင် အနုပညာရှင် တွေကလည်း စိတ်မကောင်း ဖြစ်နေကြ တာပါ..။

အေးသီတာ နဲ့ အိအိတုန် တို့ကတော့ မကြာခင်မှာ မွေးနေ့ရက် ကျရောက် တော့မယ့် အိန္ဒြာကျော်ဇင် အတွက် သူတို့ရဲ့ လူမှု ကွန်ယက်စာမျက်နှာ တွေကနေ တစ်ဆင့် မွေးနေ့အကြို ဆုတောင်း စကားတွေ ပြောပေးထားကြတာ တွေ့ရ ပါတယ်..။ပြီးခဲ့တဲ့ ရက်ပိုင်းတွေ ကတည်းက ထိန်းသိမ်း ခံထားရ တဲ့ အူဝဲတို့ ဇနီး မောင်နှံကို မိသားစု တွေနဲ့ အမြန်ဆုံး ပြန်ဆုံစေဖို့ ဆုမွန် ကောင်းတောင်း ထားကြတာ ဖြစ်ပြီး အားလုံးကလည်း စိတ်မကောင်း ဖြစ်နေကြတာ လည်း ဖြစ်ပါတယ်..။

“မနက်ဖန် ဆိုချစ်ရတဲ့ အမ အူဝဲ ရဲ့ မွေးနေ့လေး မိသားစုတွေ အမြန်ဆုံး ပြန်ဆုံတွေ့နိုင်ပါစေ🙏🙏🙏.” ဆိုပြီးတော့ အိအိတုန် က မွေးနေ့ အကြို အဖြစ် ရေးသား ဆုတောင်း ထားသလို အေးသီတာ ကလည်း “ပျော်ရွှင်စရာ မွေးနေ့ လေးမှာ မိသားစု ပြန်ဆုံကြရပါစေ အွဲရေ😍🥰😘..” ဆိုကာ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကနေ မွေးနေ့ အကြို ဆုတောင်း စကားဆို ထားတာ ဖြစ်ပါတယ်..။သူမတို့ နှစ်ယောက်စလုံး ရဲ့ ပို့စ် တွေအောက်မှာ တော့ ပရိသတ်တွေ ကလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံ အတွက် ဆုတောင်း စကားတွေ နဲ့ မှတ်ချက်ပေး ရေးသား ထားကြတာ လည်း တွေ့ရပါတယ်..။

Photo Credit – Ei Tone’s Fb Acc