



UNICODE

ပရိသတ်ကြီး ရေ ပြည်သူတွေ ရဲ့အချစ်တွေ ကို အကုန် သိမ်းပိုက်ထားတဲ့ မင်းသမီး ချောလေး ဝတ်မှုန်ရွှေရည် ကတော့ မြန်မာနိုင်ငံ ရဲ့ ထိပ်တန်းစာရင်း ဝင်တဲ့ သရုပ်ဆောင် မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ အကယ်ဒမီရွှေစင် ဆုတွေကိုလည်း သိမ်းပိုက်ရရှိထားတဲ့ ရွှေကစ် က သရုပ်ဆောင်ပိုင်း မှာ သူမတူ အောင် ထိမိလွန်းတဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် အားလုံးက ဝိုင်းချစ်ကြပြီး အားမပေးသူ မရှိလောက်အောင် ရေပန်းစား ကျော်ကြားနေသူ ဖြစ်ပါတယ်။

ကစ်က တော့ ရုပ်ရှင်ကားကြီး တွေကို အဓိကရိုက်ကူးနေ တာ တွေ့ရပြီး ပွဲအခမ်းအနား တွေလည်း တက်ရောက်ကာ ပွဲတက် အမှတ်တရ ပုံရိပ်တွေကိုလည်း သူမရဲ့ ဖေ့ဘွတ် စာမျက်နှာပေါ်တွင် ဖော်ပြခဲ့တာတွေ့ရပါတယ်။လတ်တလောမှာလည်း နိုင်ငံခြား မင်းသမီးလေးလို့ ထင်မှတ်ရလောက်အောင် ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ ပုံလေး တွေကို သူမရဲ့အကောင့်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ပုံလေးတွေတိုင်း ဟာ ဆွဲဆောင်မှု ရှိလွန်းတာကြောင့် ကစ် ရဲ့ ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

ပရိသတ်အားလုံးက ရွှေကစ်ကို ဖက်ရှင် နဲ့ အလှအပရေးရာ မှာ ဘုရင်မ တစ်ပါးလို့ တင်စား ခေါ်ဝေါ်နေကြတာ ဖြစ်ပါတယ်။ မြင်သူတိုင်း ရင်ထဲ အေးသွားစေမယ့် ကစ် ရဲ့ အလှကတော့ ပရိသတ်တွေ ရဲ့ အချစ်ကို ထပ်မံ သိမ်းပိုက်သွားပြန်ပါတယ်။ ကဲ ချစ်ပရိသတ်တွေ အတွက် ရွှေကစ်ရဲ့ ချစ်စရာကောင်းတဲ့ ဖက်ရှင်ပုံရိပ်လေးတွေ ကို တင်ဆက် ပေးလိုက်ပါတယ်နော်။

Source : Wutt Mhone Shwe Yi Facebook Page