နိုင္ငံေက်ာ္ အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ G Fatt ကေတာ့ ငယ္စဥ္ ကတည္းက ဂီတ ကို ဝါသနာပါခဲ့သူ တစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ့ လူငယ္ဘဝမွာလည္း အဆိုေတာ္ တစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားခဲ့တာပဲ ျဖစ္ပါတယ္။ G Fatt ကေတာ့ လက္ရွိမွာ သူျဖစ္ခ်င္တဲ့ နိုင္ငံေက်ာ္ အဆိုေတာ္ႀကီး ျဖစ္လို႔ေနၿပီး တစ္နိုင္ငံလုံးအတိုင္း အတာ နဲ႔ အားေပးသူ ပရိသတ္ေတြကို အခိုင္အမာ ရရွိထားၿပီပဲ ျဖစ္ပါတယ္။ ဒီက ေန႔မွာေတာ့ G Fatt က သူ႔ဘဝရဲ့ အမွတ္တ ရေတြထဲက တစ္ခုအပါအဝင္ျဖစ္တဲ့ “ငွက္” သီခ်င္းေလးနဲ႔ ပက္သတ္ၿပီး အခုလိုပဲ ေျပာျပလာပါတယ္။

“လြန္ခဲ့တဲ့ ၄ႏွစ္​ ေက်ာ္ ၅ႏွစ္​ေလာက္က ငွက္သီခ်င္းကို ​ေရးခဲ့တယ္ မွတ္မွတ္ရရ အျမန္လမ္းမ ​ေပၚ မွာခရီးသြား​ေနတဲ့ အခ်ိန္​ေပါ့ဗ်ာ ​ေတာင္တန္း​ေတြ​ေပၚမွာ တိမ္​​ေတြ ရဲ့ အရိပ္​က ထိုးက်ေနတာကို အ​ေဝးက လွမ္းၾကည့္ရတာ အရမ္းလွတာပဲ ဒါ​ေပမယ့္​ေတာင္တန္း​ေတြ အနီးနားကို ကားကတစ္ျဖည္းျဖည္းနီးလာ​ေလ​ေလ အဲ့ဒီ့ တိမ္အရိပ္​ေလး​ေတြက သိပ္မလွ​ေတာ့သလို ခံစားရ​ေလပဲ ကၽြန္​ေတာ္စဥ္းစားမိတယ္ တစ္ခ်ိဳ႕ အခ်စ္ေတြဟာ အဲ့တိမ္အရိပ္ နဲ႔ တူတယ္ နီး​ေနတဲ့အခ်ိန္မွာ အခ်စ္ရဲ့ လွပမႈကိုမခံစားရဘူး တစ္​ေယာက္ နဲ႔ တစ္​ေယာက္ ပို​ေဝးသြား​ေလ အခ်စ္ရဲ့ တန္ဖိုး ကိုပိုျမင္လာ​ေလ​ေပါ့ အဲ့အ​ေတြး​ေလး ဝင္လာ​ေတာ့ ကၽြန္​ေတာ္ ကား​ေပၚမွာ ‘​ေတာင္တန္း​ေတြ ​ေပၚမွာရွိတဲ့ တိမ္တိုက္ ရဲ့အရိပ္လိုမ်ိဳး ငါ့အခ်စ္က နင္အ​ေဝးကၾကည့္မွ​ေတြ႕နိုင္လို႔ ‘ ဆိုတဲ့ Melody နဲ႔ စာသား ​ေရးျဖစ္တယ္ ”

“အ​ေရွ႕က စကားကို ျပန္ဆက္ရရင္ တစ္ခ်ိဳ႕အခ်စ္​ေတြက ​ေဝး​ေလ တန္ဖိုးပို ရွိ​ေလ​ေပါ့ဗ်ာ ခင္ဗ်ားတို႔ ဘဝမွာလဲ ​ေဝးသြားမွ ပိုခ်စ္မိတဲ့သူ​ေတြ ရွိဖူးၾကမယ္ထင္တာပါပဲ ကၽြန္​ေတာ္ ဂ်င္အ​ေခြ ထြက္​ေတာ့ ငွက္သီခ်င္း ဟာ ​ပရိတ္သတ္အႀကိဳက္​ေတြ႕တဲ့ သီခ်င္းထဲပါခဲ့တယ္ ​ေၾကာင္ ခ်စ္တက္တဲ့​ ေကာင္မ​ေလး​ေတြ / မိုး​ေရထဲလမ္း​ေလ်ာက္ ရတာ​ေပ်ာ္တဲ့စုံတြဲ​ေတြ / ဟိုးငယ္ငယ္​ေလးထဲက သံ​ေယာဇာဥ္ျဖစ္ခဲ့ၾကတဲ့ ခ်စ္သူ​ေတြ / အ​ေဝးႀကီး​ေဝးသြားမွ ပိုခ်စ္မွန္းသိၾကရတဲ့အသည္းကြဲသမား​ေတြ အတြက္ /ဒီသီခ်င္းက ဒါဏ္ရာ ပို​ေစခဲ့မယ္ ထင္တာပါပဲ ၊ မတိုက္ဆိုင္လဲ ႀကိဳက္ႏွစ္သက္ ၾကတဲ့ပရိတ္သတ္​ ေတြလဲရွိခဲ့မယ္ထင္ပါတယ္ ကၽြန္​ေတာ္ ဒီသီခ်င္း​ေလးကိုအရမ္းတန္ဖိုးထားပါတယ္ ​ေတာင္တန္း​ ေတြ​ေပၚက တိမ္ရိပ္ ​ေလး​ေတြလို အ​ေဝးကၾကည့္မွျမင္ရမယ့္ ခ်စ္ျခင္းတရား​ေတြအတြက္ ဒီသီခ်င္းကိုဖန္တီးခဲ့ပါတယ္ အခု MV နဲ႔ခံစားရ​ေတာ့မယ္ အတိတ္ ကိုျပန္လြမ္းမိၾကပါ​ေစ ဆု​ေတာင္းရင္း ဒီသီခ်င္းက စနား​ေထာင္ မိတုန္းက အမွတ္တရ ခံစားခ်က္​ေတြရွိရင္ ​ေရးသြားၾကပါလို႔​” ဆိုၿပီး ေျပာ လာပါတယ္။

G Fatt ရဲ့ “ငွက္” သီခ်င္း ကေတာ့ ထြက္ရွိ ထားတာၾကာခဲ့ၿပီဆိုေပမယ့္ Music Video ကိုေတာ့ မနက္ျဖန္ ဒီဇင္ဘာလ (၃၁) ရက္ေန႔ G Fatt ရဲ့ ေမြးေန႔မွာ ထြက္ရွိမွာ ျဖစ္ပါတယ္။ “ငွက္” သီခ်င္းနဲ႔ ပက္သတ္ၿပီး ပရိသတ္ႀကီး ေရာ ခံစားခ်က္တိုက္ ဆိုင္မႈေတြရွိလား ေျပာျပခဲ့ ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ ပါတယ္။

Source: G Fatt ‘s fb
Bilie – Cele Connections

UNICODE

နိုင်ငံကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ G Fatt ကတော့ ငယ်စဉ် ကတည်းက ဂီတ ကို ဝါသနာပါခဲ့သူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လူငယ်ဘဝမှာလည်း အဆိုတော် တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ G Fatt ကတော့ လက်ရှိမှာ သူဖြစ်ချင်တဲ့ နိုင်ငံကျော် အဆိုတော်ကြီး ဖြစ်လို့နေပြီး တစ်နိုင်ငံလုံးအတိုင်း အတာ နဲ့ အားပေးသူ ပရိသတ်တွေကို အခိုင်အမာ ရရှိထားပြီပဲ ဖြစ်ပါတယ်။ ဒီက နေ့မှာတော့ G Fatt က သူ့ဘဝရဲ့ အမှတ်တ ရတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ “ငှက်” သီချင်းလေးနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောပြလာပါတယ်။

“လွန်ခဲ့တဲ့ ၄နှစ်​ ကျော် ၅နှစ်​လောက်က ငှက်သီချင်းကို ​ရေးခဲ့တယ် မှတ်မှတ်ရရ အမြန်လမ်းမ ​ပေါ် မှာခရီးသွား​နေတဲ့ အချိန်​ပေါ့ဗျာ ​တောင်တန်း​တွေ​ပေါ်မှာ တိမ်​​တွေ ရဲ့ အရိပ်​က ထိုးကျနေတာကို အ​ဝေးက လှမ်းကြည့်ရတာ အရမ်းလှတာပဲ ဒါ​ပေမယ့်​တောင်တန်း​တွေ အနီးနားကို ကားကတစ်ဖြည်းဖြည်းနီးလာ​လေ​လေ အဲ့ဒီ့ တိမ်အရိပ်​လေး​တွေက သိပ်မလှ​တော့သလို ခံစားရ​လေပဲ ကျွန်​တော်စဉ်းစားမိတယ် တစ်ချို့ အချစ်တွေဟာ အဲ့တိမ်အရိပ် နဲ့ တူတယ် နီး​နေတဲ့အချိန်မှာ အချစ်ရဲ့ လှပမှုကိုမခံစားရဘူး တစ်​ယောက် နဲ့ တစ်​ယောက် ပို​ဝေးသွား​လေ အချစ်ရဲ့ တန်ဖိုး ကိုပိုမြင်လာ​လေ​ပေါ့ အဲ့အ​တွေး​လေး ဝင်လာ​တော့ ကျွန်​တော် ကား​ပေါ်မှာ ‘​တောင်တန်း​တွေ ​ပေါ်မှာရှိတဲ့ တိမ်တိုက် ရဲ့အရိပ်လိုမျိုး ငါ့အချစ်က နင်အ​ဝေးကကြည့်မှ​တွေ့နိုင်လို့ ‘ ဆိုတဲ့ Melody နဲ့ စာသား ​ရေးဖြစ်တယ် ”

“အ​ရှေ့က စကားကို ပြန်ဆက်ရရင် တစ်ချို့အချစ်​တွေက ​ဝေး​လေ တန်ဖိုးပို ရှိ​လေ​ပေါ့ဗျာ ခင်ဗျားတို့ ဘဝမှာလဲ ​ဝေးသွားမှ ပိုချစ်မိတဲ့သူ​တွေ ရှိဖူးကြမယ်ထင်တာပါပဲ ကျွန်​တော် ဂျင်အ​ခွေ ထွက်​တော့ ငှက်သီချင်း ဟာ ​ပရိတ်သတ်အကြိုက်​တွေ့တဲ့ သီချင်းထဲပါခဲ့တယ် ​ကြောင် ချစ်တက်တဲ့​ ကောင်မ​လေး​တွေ / မိုး​ရေထဲလမ်း​လျောက် ရတာ​ပျော်တဲ့စုံတွဲ​တွေ / ဟိုးငယ်ငယ်​လေးထဲက သံ​ယောဇာဉ်ဖြစ်ခဲ့ကြတဲ့ ချစ်သူ​တွေ / အ​ဝေးကြီး​ဝေးသွားမှ ပိုချစ်မှန်းသိကြရတဲ့အသည်းကွဲသမား​တွေ အတွက် /ဒီသီချင်းက ဒါဏ်ရာ ပို​စေခဲ့မယ် ထင်တာပါပဲ ၊ မတိုက်ဆိုင်လဲ ကြိုက်နှစ်သက် ကြတဲ့ပရိတ်သတ်​ တွေလဲရှိခဲ့မယ်ထင်ပါတယ် ကျွန်​တော် ဒီသီချင်း​လေးကိုအရမ်းတန်ဖိုးထားပါတယ် ​တောင်တန်း​ တွေ​ပေါ်က တိမ်ရိပ် ​လေး​တွေလို အ​ဝေးကကြည့်မှမြင်ရမယ့် ချစ်ခြင်းတရား​တွေအတွက် ဒီသီချင်းကိုဖန်တီးခဲ့ပါတယ် အခု MV နဲ့ခံစားရ​တော့မယ် အတိတ် ကိုပြန်လွမ်းမိကြပါ​စေ ဆု​တောင်းရင်း ဒီသီချင်းက စနား​ထောင် မိတုန်းက အမှတ်တရ ခံစားချက်​တွေရှိရင် ​ရေးသွားကြပါလို့​” ဆိုပြီး ပြော လာပါတယ်။

G Fatt ရဲ့ “ငှက်” သီချင်း ကတော့ ထွက်ရှိ ထားတာကြာခဲ့ပြီဆိုပေမယ့် Music Video ကိုတော့ မနက်ဖြန် ဒီဇင်ဘာလ (၃၁) ရက်နေ့ G Fatt ရဲ့ မွေးနေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ “ငှက်” သီချင်းနဲ့ ပက်သတ်ပြီး ပရိသတ်ကြီး ရော ခံစားချက်တိုက် ဆိုင်မှုတွေရှိလား ပြောပြခဲ့ ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။

Source: G Fatt ‘s fb
Bilie – Cele Connections