Yuan – Cele Zone
Photo – Roar Roar
UNICODE
ပြည်သူချစ် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာ ကတော့ အနုပညာ အလုပ်တွေ ကို လုပ်ဆောင်နေဆဲ ဖြစ်ပြီး တစ်ခေတ် တစ်ခါထဲက နာမည် ကျော်ကြား လူကြိုက် များခဲ့ရာ ယနေ့ ချိန်ထိ အောင်မြင်မှုကို ထိန်းထားနိုင်ဆဲပါ။အမြဲနုပျို သွက်လက်ကာ စမတ်ကျကျ လှနေတာလေးကလည်း ပရိသတ် တွေကို အချစ်ပိုစေခဲ့တာ အမှန်ပါပဲ။
ဆုပန်ထွာ က ချစ်စရာသားသားရယ် ၊ အရမ်းချစ်တတ်တဲ့ ခင်ပွန်းရယ် ကို ပိုင်ဆိုင် ထားတာကြောင့် သူမရဲ့ မိသားစု ဘဝလေးက သာယာစိုပြေ ပြီး ပရိသတ်တွေကလည်း အားကျ ချစ်ခင်နေရတာ ဖြစ်ပါတယ်။roar roar လေးက လည်း အသားညိုညိုလေး နဲ့ စကားတက်လွန်းပြီး ပရိသတ်တွေ ရဲ့ အသည်းကျော်လေးပါ။
ဒါ့အပြင် roar roar လေးက ချစ်မေမေ နဲ့ ဖေဖေကို အရမ်းလိမ္မာ သိတတ်ပြီး ဝိုင်းကူလုပ် ပေးတတ်ပါ သေးတယ်နော်။ အခုလည်း မေမေ့ကို ခြေထောက်တွေသေချာ နှိပ်ပေးလိုက် နမ်းလိုက် နဲ့ ပါးစပ်ကလည်း မေမေ အညောင်းပြေလား မေးနေလိုက် တာ အရမ်းကို ချစ်စရာကောင်းနေ တာလည်း ဖြစ်ပါတယ်။ cele zone ပရိသတ် ကြီးလည်း roar roar လေးရဲ့ ဗီဒီယိုလေး ကို ကြည့်ရှု နိုင်စေရန် မျှဝေ ပေးလိုက်ပါရစေ။
Yuan – Cele Zone
Photo – Roar Roar