ပရိတ်သတ်ကြီးရေ…ဇာတ်ပို့သရုပ်ဆောင် ပြည်သူ ချစ်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်တိုင်းပီပြင်ပိုင်နိုင်စွသြရုပ်ဆောင်နိုင်ခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။စိတ်သဘောထားကောင်းလွန်း တဲ့ နှိုင်းယှဉ်ကို ပရိတ်သတ်တွေတင်မကပဲအနုပညာရှင် ညီအစ်မောင်နှမတွေရဲ့ ချစ်ခင်ခြင်းကိုပါ ခံရသူ တစ်ယောက်ပဲဖြစ်ပါတယ်။ပွင့်လွင်ရိုးသားပြီး လူတိုင်း အပေါ်စေတနာအပြည့်ထားတဲ့အတွက်ကြောင့် စေတနာအကြိုးပေးနတယ်ပဲခေါ်ရလောက်အောင် အလုပ်အကိုင် တွေဆိုရင်လည်းအဆင်ပြေပြီး သာယာ ပျော်ရွှင်တဲ့မိသားစုဘဝကို အေးဆေးစွာနဲ့ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။

နှိုင်းယှဉ်က ခင်ပွန်းကောင်းပီသတဲ့ ကိုဘင်းကိုပိုင်ဆိုင် ထားတဲ့အပြင် ချစ်စရာကောင်းတဲ့ သားလေးကိုပါပိုင်ဆိုင်ထားပြီး သားသားလေးလားမီးမီးလေးလား မသိရသေးပေမယ့်လည်း အခု အချိန်မှာတော့ ဒုတိယ ကိုယ်ဝန်ဆောင်နေရတာပဲဖြစ်ပါတယ်နော်။နှိုင်းယှဉ်ကလတ်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပတ်သက်ပြီး ပြည်သူလူထု နဲ့တသားတည်းရပ်တည် ခဲ့တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။နှိုင်းယှဉ်ဟာ ဆိုရင် သူမနဲ့ပတ်သက်တဲ့ထူးခြားတဲ့အကြောင်းအရာလေးတွေကို အမြဲတမ်းသူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိတ်သတ် ကိုပြောပြလေ့ရှိပါတယ်။ဒီကနေ့မှာ ဆိုရင်လည်း အမေစုနဲ့ပတ်သက်ပြီးအိမ်မက်မက်ခဲ့ကြောင်း အခုလိုပဲပြောပြ လာတပဲဖြစ်ပါတယ်နော်….။

နှိုင်းယှဉ်က “အမေအိပ်မက်ထဲ မှာသမီးကို ဖက်ထားပီး နမ်းရှုတ် နေတာလူအများကြီးရှေ့မှာ ရှက်တောင်ရှက်တယ်…အမေနမ်းရှုတ်တာကို မဟုတ်ဘူးးးလူတွေကြည့်နေတာကို ရှက်တာ…အဝါရောင်ရှန်သား အပွင့်ရိုက်လေးရယ် ပါတိတ်ထမီလေးရယ် တော်တော်လှနေတယ်တက်ကြွဖျတ်လတ်နေတာပဲ….အမေကျန်းမာပါစေ🙏” ဆိုပြီးသူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေရေးသာလာ တာပဲဖြစ်ပါတယ်နော်။နှိုင်းယှဉ်ရဲ့ အိမ်မက်တွေကအမြဲတမ်းမှန်တတ်တဲ့အတွက် ဒီတစ်ခါအိမ်မက်ကလည်းမှန်ပါစေလို့ ပရိတ်သတ်တွေ ဆုတောင်းထားတာကို လည်းတွေမြင့်ရပါတယ်နော်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တခြားသောဖမ်းဆီးထိမ်းသိမ်းခံရသူအားလုံးအမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်..။

Source ; Nhying Shin Facebook Acc

Credit ; Celebrity Platforms

ZAW GYI




