အဆိုေတာ္ G Fatt ကေတာ့ လူငယ္ႀကိဳက္သီခ်င္းေလး ေတြကို ကိုယ္တိုင္ေရးသားသီဆိုရင္း ပရိသတ္ေတြ ရဲ့ အားေပးမႈေတြကို တစ္ခဲနက္ ရရွိထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ လတ္တေလာ အေျခအေနေတြမွာ ျပည္သူေတြနဲ႔ တစ္သားတည္းရပ္ တည္ကာ လူထုလႈပ္ရွားမႈေတြမွာလည္း ပါဝင္ေနတာလည္း ျဖစ္ပါတယ္။ ေန႔ဘက္တြင္ လႈပ္ရွားမႈတြင္ ပါဝင္ေန႐ုံ တင္မကဘဲ ညပိုင္းေတြမွာပါ လမ္းထဲသို႔ လူစိမ္းေတြ မဝင္ေရာက္ ေစရန္ႏွင့္ ရပ္ကြက္ေနျပည္သူလူထုေတြ လုံျခဳံေရးအတြက္ ကင္းေစာင့္ေပးေနတာလည္း ျဖစ္ပါတယ္။

တစ္ရက္ၿပီး တစ္ရက္မေမာနိုင္ မပန္းနိုင္လႈပ္ရွား ေနတဲ့ G Fatt ရဲ့လုပ္ေဆာင္မႈေတြကိုလည္း ပရိသတ္မ်ားကပါ ခ်ီးက်ဴးေနၾကတာလည္း ျဖစ္ပါတယ္။ လမ္းေပၚထြက္ကာ ရင္ထဲကဆႏၵအမွန္ေတြကို ထုတ္ေဖာ္ျပသေနတဲ့ ျပည္သူေတြအတြက္လည္း ခြန္အားျဖည့္ သီခ်င္းေလးေတြ သီဆိုကာ တစ္တပ္တစ္အား ပါဝင္ အားျဖည့္ေပးေနတာလည္း ျဖစ္ပါတယ္။ သူ႔ရဲ့ လူမႈကြန္ယက္စာမ်က္ႏွာ ကေနတစ္ဆင့္လည္း လႈပ္ရွားမႈေလးေတြကို ေဝမၽွေပးေနတာလည္း ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္က လည္း G Fatt ရဲ့ Facebook Story မွာ ဗီဒီယိုေလးတစ္ခု တင္ထား တာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ အေမစုအတြက္ရည္ရြယ္ကာေရးထားတဲ့သီခ်င္းေလးကိုလမ္းမထက္မွာ အားမာန္အျပည့္နဲ႔ သီဆိုခဲ့တဲ့ G Fatt ရဲ့ဗီဒီယိုဖိုင္ေလးပဲ ျဖစ္ပါတယ္။ G Fatt ဟာ အဆိုေတာ္ လင္းလင္းရဲ့ သံမဏိလိပ္ျပာသီခ်င္းေလးကို ျပန္လည္သီဆိုထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ ေတြလည္း ၾကည့္ရႈခံစားနိုင္ေအာင္ ဒီဗီဒီယိုဖိုင္ေလး ကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ရၿပီး လူထုလႈပ္ရွားမႈမွာ ပါဝင္ၾကမယ့္ျပည္သူေတြလည္း အထူးဂ႐ုစိုက္ၾကပါလို႔လည္း မွာလိုက္ပါရေစေနာ္။

Source and Photo Crd-G Fatt’s Facebook Account

unicode

အဆိုတော် G Fatt ကတော့ လူငယ်ကြိုက်သီချင်းလေး တွေကို ကိုယ်တိုင်ရေးသားသီဆိုရင်း ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ လတ်တလော အခြေအနေတွေမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ် တည်ကာ လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်နေတာလည်း ဖြစ်ပါတယ်။ နေ့ဘက်တွင် လှုပ်ရှားမှုတွင် ပါဝင်နေရုံ တင်မကဘဲ ညပိုင်းတွေမှာပါ လမ်းထဲသို့ လူစိမ်းတွေ မဝင်ရောက် စေရန်နှင့် ရပ်ကွက်နေပြည်သူလူထုတွေ လုံခြုံရေးအတွက် ကင်းစောင့်ပေးနေတာလည်း ဖြစ်ပါတယ်။

တစ်ရက်ပြီး တစ်ရက်မမောနိုင် မပန်းနိုင်လှုပ်ရှား နေတဲ့ G Fatt ရဲ့လုပ်ဆောင်မှုတွေကိုလည်း ပရိသတ်များကပါ ချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ကာ ရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသနေတဲ့ ပြည်သူတွေအတွက်လည်း ခွန်အားဖြည့် သီချင်းလေးတွေ သီဆိုကာ တစ်တပ်တစ်အား ပါဝင် အားဖြည့်ပေးနေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ကနေတစ်ဆင့်လည်း လှုပ်ရှားမှုလေးတွေကို ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်က လည်း G Fatt ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထား တာပဲ ဖြစ်ပါတယ်။ ဒါကတော့ အမေစုအတွက်ရည်ရွယ်ကာရေးထားတဲ့သီချင်းလေးကိုလမ်းမထက်မှာ အားမာန်အပြည့်နဲ့ သီဆိုခဲ့တဲ့ G Fatt ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ G Fatt ဟာ အဆိုတော် လင်းလင်းရဲ့ သံမဏိလိပ်ပြာသီချင်းလေးကို ပြန်လည်သီဆိုထားတာပဲ ဖြစ်ပါတယ်။ ပရိသတ် တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေး ကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်ကြမယ့်ပြည်သူတွေလည်း အထူးဂရုစိုက်ကြပါလို့လည်း မှာလိုက်ပါရစေနော်။

Source and Photo Crd-G Fatt’s Facebook Account