ပရိတ်သတ် ကြီးရေ….ပြည်သူချစ် အနုပညာရှင်တွေ ဖြစ်ကြတဲ့ အဆိုတော် အာဘွိုင်း နဲ့ မြတ်ရတနာကျော် တို့ဇနီးမောင်နှံဟာ ဆိုရင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်မှု့ တွေရရှိထားတဲ့ အ ပြင်ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်နော်။

အာဘွိုင်းက ဇနီးချောလေး မြတ်ရတနာကျော် ရဲ့ အပေါ်မှာ ဆိုရင်လည်း ဂရုစိုက်ကြင်နာပြီး အမြဲတမ်း ရိုတတ်တဲ့ အတွက်ပရိတ်သတ်တွေ အားကျရတဲ့ စုံတွဲဆိုလည်းမမှာပါဘူးနော်..။သာယာ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု ကိုပိုင်ဆိုင် ထားတဲ့ အာဘွိုင်း နဲ့ မြတ်ရတနာကျော် တို့မှာ အရုပ်လေး တစ်ရုပ်လို ဖြူစင်ပြီး ချောမော လှပတဲ့ သမီးလေးScarlett ကိုလည်း ပိုင်ဆိုင် ထားတဲ့အပြင် နောက်ထပ် ရင်သွေးလေးကို လည်း မြတ်က လွယ်ထားရတာပဲ ဖြစ်ပါတယ်နော်.။

တစ်နေ့တခြား မျက်စိအောက်တင် အရွယ်ရောက်ပြီ ဖြစ်တဲ့ သမီးလေး Scarlett က မိန်းကလေးတို့ သဘာဝအတိုင်း ဓာတ်ပုံရိုက်ရင် မရိုးနိုင်အောင် ပို့စ်တွေ အမျိုးမျိုး ပေးပြီး ချစ်စရာ ကောင်းအောင် လုပ်တတ်နေတာ လေးက အသည်းယားစရာ လေးပါနော်။ဒီကနေ့မှာ ဆိုရင်လည်း ဖေဖေအာဘွိုင်း က အမေစုရဲ့(၇၆) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် သမီးလေးScarlett လေးရဲ့ပန်းသပိတ်မှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ပုံရိပ်လေးတွေကို တင်လာခဲ့တာ ဖြစ်ပြီးအမေစု အတွက်မွေးနေ့ဆုမွန် ကောင်းတောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။

အာဘွိုင်းက “၇၆ နှစ်မြောက်မွေးနေ့မှ စ၍ ဘေးအန္တရယ်ကင်းပြီး သက်ရှည် ကျန်းမာ စိတ်ချမ်းသာပါစေ 🌹🙏” ဆိုပြီးမွေးနေ့ ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်နော်..။ပန်းသပိတ်မှာ ပါဝင်ခဲ့တဲ့ သမီးလေး Scarlett ရဲ့ချစ်စရာ ပုံရိပ်လေးတွေ ကို ချစ်ပရိတ်သတ်ကြီးအား တစ်ဆင့် ကူးယူတင်ဆက် ပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ် ကြီးကိုအထူးပဲ ကျေးဇူးတင် ရှိပါတယ်။

crd….

ZAWGYI





crd….