လက္ရွိအေျခအေနေၾကာင့္ မိသားစုေတြ လည္းေသကြဲခြဲရၿပီး ဘာနဲ႔မွအစားထိုးလို႔ မရနိုင္တဲ့ ေသြးသားရင္းျခာေတြကိုဆုံးရႈံးလိုက္ရတာပဲ ျဖစ္ပါတယ္။ဒလၿမိဳ႕နယ္က ကိုရဲျမတ္သူ(ခ)ကိုေရခ်မ္းကေတာ့ ဖမ္းဆီးခံသြားရတဲ့ေကာင္မေလးႏွစ္ ေယာက္ကို သူငယ္ခ်င္းေတြနဲ႔အတူ သြားကယ္ရင္းလည္ပင္းက်ည္ထိသြားခဲ့တာျဖစ္ပါတယ္။သူငယ္ခ်င္းေတြ ကလည္း က်ည္ထိတာကိုသိသိခ်င္းအေျပးအလႊားသြားၾကည့္ၾကေပမယ့္ ကိုရဲျမတ္သူက လႈပ္ေတာင္မလႈပ္နိုင္ေတာ့တဲ့အေျခအေနလို႔သိရပါတယ္။ကိုရဲျမတ္သူက သူငယ္ခ်င္းေတြကို ဒီေန႔ည အေရးေတာ္ပုံမွာ ငါတို႔ထဲက ေသရင္ အဲ့ေကာင္ သစၥာေဖာက္ပဲ တစ္ေယာက္မွ မေသေစနဲ႔လို႔ေျပာခဲ့ၿပီး သူငယ္ခ်င္းေတြ ကို ေနာက္ဆုံးထြက္သက္အထိ ကာကြယ္ေပးခဲ့တဲ့သူျဖစ္ပါတယ္။

ကိုရဲျမတ္သူက အေမတစ္ခု၊သားတစ္ခုဘဝမွာ အသက္(၆၇)ႏွစ္အရြယ္မိခင္ကို ေစာင့္ေရွာက္ေပးေနတဲ့သားတစ္ေယာက္ျဖစ္ပါတယ္။သားျဖစ္သူက အခုလိုမ်ိဳး အမ်ားအက်ိဳးအတြက္သယ္ပိုးေဆာင္ရြက္ ရင္း အသက္ေပးသြားခဲ့ရတာေၾကာင့္ မိခင္အေနနဲ႔လည္း အားကိုးရမယ့္သားေလးတစ္ေယာက္ကို ဆုံးရႈံးလိုက္ရၿပီျဖစ္ပါတယ္။က်န္ရစ္သူမိခင္ႀကီးအတြက္လည္း ျပည္သူလူထုက တတ္နိုင္ သေလာက္လႉဒါန္းၾကၿပီး အိမ္တိုင္ရာေရာက္သြားကာအားေပးစကားေလးေတြလည္းေျပာေပးၾကတာျဖစ္ပါတယ္။

ကိုရဲျမတ္သူရဲ့မိခင္ကလည္း နာေရးလာေပး ၾကတဲ့ဧည့္သည္ေတြကို သားေလးရဲ့အေၾကာင္းေတြ ရင္ဖြင့္ေျပာျပတဲ့အျပင္ သူ႔သားအရိုးအိုးေဘးနားသြားထိုင္ၿပီးေတာ့လည္း စကားေတြေျပာေနတာျဖစ္ပါတယ္။ေနာက္ပိုင္းဆိုရင္ သားေလးရဲ့ အေငြ႕အသက္ေတြပဲက်န္ရစ္ေနမယ့္ ဒီအိမ္ေလးထဲမွာ အေမအိုတစ္ေယာက္ပဲေနသြားရေတာ့မွာေၾကာင့္ ျပည္သူလူထုလည္း တတ္နိုင္ သေလာက္ကူညီေဖးမၾကပါဦးလို႔ တိုက္တြန္းႏွိုးေဆာ္ရင္း ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

crd-original

unicode

လက်ရှိအခြေအနေကြောင့် မိသားစုတွေ လည်းသေကွဲခွဲရပြီး ဘာနဲ့မှအစားထိုးလို့ မရနိုင်တဲ့ သွေးသားရင်းခြာတွေကိုဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ်။ဒလမြို့နယ်က ကိုရဲမြတ်သူ(ခ)ကိုရေချမ်းကတော့ ဖမ်းဆီးခံသွားရတဲ့ကောင်မလေးနှစ် ယောက်ကို သူငယ်ချင်းတွေနဲ့အတူ သွားကယ်ရင်းလည်ပင်းကျည်ထိသွားခဲ့တာဖြစ်ပါတယ်။သူငယ်ချင်းတွေ ကလည်း ကျည်ထိတာကိုသိသိချင်းအပြေးအလွှားသွားကြည့်ကြပေမယ့် ကိုရဲမြတ်သူက လှုပ်တောင်မလှုပ်နိုင်တော့တဲ့အခြေအနေလို့သိရပါတယ်။ကိုရဲမြတ်သူက သူငယ်ချင်းတွေကို ဒီနေ့ည အရေးတော်ပုံမှာ ငါတို့ထဲက သေရင် အဲ့ကောင် သစ္စာဖောက်ပဲ တစ်ယောက်မှ မသေစေနဲ့လို့ပြောခဲ့ပြီး သူငယ်ချင်းတွေ ကို နောက်ဆုံးထွက်သက်အထိ ကာကွယ်ပေးခဲ့တဲ့သူဖြစ်ပါတယ်။

ကိုရဲမြတ်သူက အမေတစ်ခု၊သားတစ်ခုဘဝမှာ အသက်(၆၇)နှစ်အရွယ်မိခင်ကို စောင့်ရှောက်ပေးနေတဲ့သားတစ်ယောက်ဖြစ်ပါတယ်။သားဖြစ်သူက အခုလိုမျိုး အများအကျိုးအတွက်သယ်ပိုးဆောင်ရွက် ရင်း အသက်ပေးသွားခဲ့ရတာကြောင့် မိခင်အနေနဲ့လည်း အားကိုးရမယ့်သားလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ကျန်ရစ်သူမိခင်ကြီးအတွက်လည်း ပြည်သူလူထုက တတ်နိုင် သလောက်လှူဒါန်းကြပြီး အိမ်တိုင်ရာရောက်သွားကာအားပေးစကားလေးတွေလည်းပြောပေးကြတာဖြစ်ပါတယ်။

ကိုရဲမြတ်သူရဲ့မိခင်ကလည်း နာရေးလာပေး ကြတဲ့ဧည့်သည်တွေကို သားလေးရဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြတဲ့အပြင် သူ့သားအရိုးအိုးဘေးနားသွားထိုင်ပြီးတော့လည်း စကားတွေပြောနေတာဖြစ်ပါတယ်။နောက်ပိုင်းဆိုရင် သားလေးရဲ့ အငွေ့အသက်တွေပဲကျန်ရစ်နေမယ့် ဒီအိမ်လေးထဲမှာ အမေအိုတစ်ယောက်ပဲနေသွားရတော့မှာကြောင့် ပြည်သူလူထုလည်း တတ်နိုင် သလောက်ကူညီဖေးမကြပါဦးလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd-original