ပရိသတ်ကြီးရေ အမေရီကန်နိုင်ငံမှာ ကျင်းပပြုလုပ် တဲ့ Master Chef Legends ပြိုင်ပွဲကြီးမှာတော့ မြန်မာမလေး စု က ပါဝင်ယှဉ်ပြိုင်ခဲ့တာ ပရိသတ်တွေ သိရှိပြီးသား ဖြစ်မှာပါနော်။ဒီပြိုင်ပွဲကြီးမှာ ပထမဆုံး မြန်မာလူမျိုးတစ်ယောက် အနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့တဲ့ စုအတွက် မြန်မာလူမျိုးတွေကတော့ စုကို အင်တိုက်အားတိုက် နဲ့ ကို အားပေးနေခဲ့ကြပါသေးတယ်။

စုကလည်း အားပေးရ ကျိုးနပ်အောင် ပြိုင်ပွဲတစ်လျှောက်မှာ ကြိုးစားပမ်းစားနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒိုင်တွေဆီကနေ မှတ်ချက် ကောင်းတွေကိုလည်း တော်တော်များများရရှိထားခဲ့သူ တစ်ယောက်ပါ။ Master Chef Legends ပြိုင်ပွဲကြီးကလည်း တစ်ပတ်ထက် တစ်ပတ်ကို ပြိုင်ပွဲဝင်တွေ ရဲ့ အားသွန်ခွန်စိုက်ယှဉ်ပြိုင်မှုတွေနဲ့ တော်တော်လေးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင်ကြည့်နေခဲ့ ရတဲ့ အထိ စိတ်ဝင်စားဖွယ် ကောင်းနေခဲ့ပြီး ဒီတစ်ပတ်မှာတော့ Top (3)ရွေးချယ်ခဲ့တဲ့အပိုင်းကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

မြန်မာမလေးစု ကတော့ ဒီတစ်ပတ် ထုတ်လွှင့်ပြသခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံးကြိုးစား ချက်ပြုတ်ယှဉ်ပြိုင်ခဲ့ပြီး ရလဒ်အနေနဲ့ Top (3)ထဲဝင်ရောက်ခဲ့ကာ Final ပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ ပါတယ်။ စုကိုအားပေးနေကြတဲ့ စုရဲ့ ပရိသတ်တွေအတွက်တော့ တကယ်ကို ပျော်ရွှင်ဖွယ်ရာ သတင်းလေးပဲဖို့ ပရိသတ်ကြီးတွေအတွက်လည်း သတင်းကောင်းလေး ကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Banmaw Traditional Food, MasterChef

ZAWGYI



