ပရိသတ်ကြီးရေမိတ်ကပ်ပညာရှင်အဖြစ် အောင်မြင်မှုများစွာရရှိထားတဲ့ မိတ်ကပ်မေဦး ကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့က စလို့တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့အတူ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ မေဦးနဲ့ ဟန်လင်းက New York မြို့ကို ရောက်ရှိနေတာဖြစ်ပြီး ရောက်ရောက်ခြင်းမှာလဲ Omicron ရောဂါကူးဆက်ခံ ခဲ့ရပါသေးတယ်။ ပြည်ပနိုင်ငံကို ရောက်ရှိသွားပေမယ့်လည်း တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေမယ့်အရာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ အကြောင်းကို

“မေဦးနှင့်ဟန်လင်း ဒီဇင်ဘာ 15 ရက်နေ့ ကအမေရိကန်နိုင်ငံ New York မြို့ကိုရောက်ခဲ့ပါတယ်။ ရောက်ရောက်ခြင်းမှာပဲ Omicron ရောဂါကူးဆက်ခြင်းခံရပြီး ၁၀ ရက်လောက် stay home နေလိုက်ရပြီးတော်တော် လေးခံလိုက်ရသည့်အတွက် လုပ်စရာလေးတွေ နဲ့ အသိပေးစရာလေးတွေနောက်ကြခဲ့ပါတယ် ။ဒီနေ့တော့မြန်မာ့နွေဦးတော်လှန်ရေးအတွက် အားသွန်ခွန်စိုက်ကူညီပေးနေကြသော New York မြို့မှ နွေဦးတော်လှန်ရေးမိသားစုများ အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ကြပြီး တော်လှန်ရေးအတွက်အထောက်အကူဖြစ်မည့် ကိစ္စများနှင့်ရန်ပုံငွေ ပွဲတွေအတွက်တိုင်ပင်ဖြစ်ခဲ့ကြပါတယ်။

ထို့အပြင် မေဦးနဲ့အမှတ်တရအဖြစ် make up အပြင်ခံကြပြီး မေဦးလက်ထဲသို့ US dollar 800 ပေးခဲ့ပါသည် ။ထိုငွေ 800 နှင့် နောက်ပိုင်း American နိုင်ငံမှမြန်မာလူမျိုးများ နှင့် self make up class မှရရှိမည့် ငွေများကိုတော့ ကိုယ်ကျိုးအတွက်လုံးဝမသုံးပဲ တော်လှန်ရေးအတွက် ပို့ပေးသွားမည်ဟုဆုံးဖြတ်ထားပါသည် ။1.2.2021 ရက်နေ့မှစလို့ ယနေ့အထိ ဖြစ်ပျက်ခဲ့သမျှကြုံခဲ့သမျှတွေ အများကြီးရှိခဲ့သလို (အကောင်းဆုံးဆိုတဲ့အချိန်တစ်ခုရောက်လာလျှင် ပြန်ပြောပြဖို့ စာတွေရေးထားသလို မှတ်တမ်းများလည်းရှိပါသည် )

အမှန်တရားအတွက်ရွေးချယ်ဆုံးဖြတ်ခဲ့တာတွေအများကြီးရှိသလိုရှေ့ဆက်ပြီးလုပ်စရာတွေ ဖြတ်သန်းရင်ဆိုင်စရာတွေအများကြီးရှိနေတာဖြစ်လို့ ….နွေဦးတော်လှန်ရေးအစကနေယခုအချိန်ထိ မေဦးတို့ ရွေးခြယ်ရပ်တည်ခဲ့တဲ့ လုပ်ရပ်တွေကိုမှန်တယ်လို့ အသိမှတ်ပြုပေး အားပေးခဲ့ကြတဲ့ သူတွေရှိသလိုမေဦးတို့ ရွေးချယ်ခဲ့တာတွေ လက်လွှတ်ခဲ့ရတာတွေဟာ မလုံလောက်သေးဘူး မမှန်ဘူးလို့ ပြောကြမည့်သူ ထင်ကြေးပေးကြမည့်သူ ဆဲရေးတိုင်းထွားကြမည့်သူတွေ ကိုတော့ ပြန်ဖြေရှင်းဖို့ မရှိပါကြောင်း အသိပေးချင်ပါတယ် ။ရန်ပုံငွေများရရှိရေး နှင့် New York မြို့မှ အဖွဲ့အစည်းများ တွေ့ဆုံဖြစ်ဖို့ ကူညီပေးသော မမပူတူး ,မမသင်း , နှင့် Support The Democracy Movement In Burma အဖွဲ့စည်းမှ ကို Danny နှင့် မမအိကိုလည်းကျေးဇူးအထူးတင်ပါသည် 🙏🏻❤️ ” ဆိုပြီး မေဦးက ရေးသားပြောပြထားတာပါ။ တော်လှန်ရေးအတွက် မေဦး ရဲ့ ပြတ်သားတဲ့ စိတ်သဘောထားတွေကို ပရိသတ်တွေကလည်း လေးစားချီးကျူးရင်းအားပေးစကား တွေ လည်း ပြောထားကြတာ တွေ့ရပါတယ်။

Photo Credit : May Oo

ZAWGYI

ပရိသတ္ႀကီးေရမိတ္ကပ္ပညာရွင္အျဖစ္ ေအာင္ျမင္မႈမ်ားစြာရရွိထားတဲ့ မိတ္ကပ္ေမဦး ကေတာ့ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔က စလို႔ေတာ္လွန္ေရးႀကီးမွာ ျပည္သူေတြနဲ႔အတူ ပါဝင္ခဲ့ၾကတာျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ ေမဦးနဲ႔ ဟန္လင္းက New York ၿမိဳ႕ကို ေရာက္ရွိေနတာျဖစ္ၿပီး ေရာက္ေရာက္ျခင္းမွာလဲ Omicron ေရာဂါကူးဆက္ခံ ခဲ့ရပါေသးတယ္။ ျပည္ပနိုင္ငံကို ေရာက္ရွိသြားေပမယ့္လည္း ေတာ္လွန္ေရးအတြက္ အေထာက္အကူျဖစ္ေစမယ့္အရာေတြကို ဆက္လက္လုပ္ေဆာင္သြားမယ္ဆိုတဲ့ အေၾကာင္းကို

“ေမဦးႏွင့္ဟန္လင္း ဒီဇင္ဘာ 15 ရက္ေန႔ ကအေမရိကန္နိုင္ငံ New York ၿမိဳ႕ကိုေရာက္ခဲ့ပါတယ္။ ေရာက္ေရာက္ျခင္းမွာပဲ Omicron ေရာဂါကူးဆက္ျခင္းခံရၿပီး ၁၀ ရက္ေလာက္ stay home ေနလိုက္ရၿပီးေတာ္ေတာ္ ေလးခံလိုက္ရသည့္အတြက္ လုပ္စရာေလးေတြ နဲ႔ အသိေပးစရာေလးေတြေနာက္ၾကခဲ့ပါတယ္ ။ဒီေန႔ေတာ့ျမန္မာ့ေႏြဦးေတာ္လွန္ေရးအတြက္ အားသြန္ခြန္စိုက္ကူညီေပးေနၾကေသာ New York ၿမိဳ႕မွ ေႏြဦးေတာ္လွန္ေရးမိသားစုမ်ား အဖြဲ႕အစည္းမ်ားႏွင့္ေတြ႕ဆုံခဲ့ၾကၿပီး ေတာ္လွန္ေရးအတြက္အေထာက္အကူျဖစ္မည့္ ကိစၥမ်ားႏွင့္ရန္ပုံေငြ ပြဲေတြအတြက္တိုင္ပင္ျဖစ္ခဲ့ၾကပါတယ္။

ထို႔အျပင္ ေမဦးနဲ႔အမွတ္တရအျဖစ္ make up အျပင္ခံၾကၿပီး ေမဦးလက္ထဲသို႔ US dollar 800 ေပးခဲ့ပါသည္ ။ထိုေငြ 800 ႏွင့္ ေနာက္ပိုင္း American နိုင္ငံမွျမန္မာလူမ်ိဳးမ်ား ႏွင့္ self make up class မွရရွိမည့္ ေငြမ်ားကိုေတာ့ ကိုယ္က်ိဳးအတြက္လုံးဝမသုံးပဲ ေတာ္လွန္ေရးအတြက္ ပို႔ေပးသြားမည္ဟုဆုံးျဖတ္ထားပါသည္ ။1.2.2021 ရက္ေန႔မွစလို႔ ယေန႔အထိ ျဖစ္ပ်က္ခဲ့သမၽွၾကဳံခဲ့သမၽွေတြ အမ်ားႀကီးရွိခဲ့သလို (အေကာင္းဆုံးဆိုတဲ့အခ်ိန္တစ္ခုေရာက္လာလၽွင္ ျပန္ေျပာျပဖို႔ စာေတြေရးထားသလို မွတ္တမ္းမ်ားလည္းရွိပါသည္ )

အမွန္တရားအတြက္ေရြးခ်ယ္ဆုံးျဖတ္ခဲ့တာေတြအမ်ားႀကီးရွိသလိုေရွ႕ဆက္ၿပီးလုပ္စရာေတြ ျဖတ္သန္းရင္ဆိုင္စရာေတြအမ်ားႀကီးရွိေနတာျဖစ္လို႔ ….ေႏြဦးေတာ္လွန္ေရးအစကေနယခုအခ်ိန္ထိ ေမဦးတို႔ ေရြးျခယ္ရပ္တည္ခဲ့တဲ့ လုပ္ရပ္ေတြကိုမွန္တယ္လို႔ အသိမွတ္ျပဳေပး အားေပးခဲ့ၾကတဲ့ သူေတြရွိသလိုေမဦးတို႔ ေရြးခ်ယ္ခဲ့တာေတြ လက္လႊတ္ခဲ့ရတာေတြဟာ မလုံေလာက္ေသးဘူး မမွန္ဘူးလို႔ ေျပာၾကမည့္သူ ထင္ေၾကးေပးၾကမည့္သူ ဆဲေရးတိုင္းထြားၾကမည့္သူေတြ ကိုေတာ့ ျပန္ေျဖရွင္းဖို႔ မရွိပါေၾကာင္း အသိေပးခ်င္ပါတယ္ ။ရန္ပုံေငြမ်ားရရွိေရး ႏွင့္ New York ၿမိဳ႕မွ အဖြဲ႕အစည္းမ်ား ေတြ႕ဆုံျဖစ္ဖို႔ ကူညီေပးေသာ မမပူတူး ,မမသင္း , ႏွင့္ Support The Democracy Movement In Burma အဖြဲ႕စည္းမွ ကို Danny ႏွင့္ မမအိကိုလည္းေက်းဇူးအထူးတင္ပါသည္ 🙏🏻❤️ ” ဆိုၿပီး ေမဦးက ေရးသားေျပာျပထားတာပါ။ ေတာ္လွန္ေရးအတြက္ ေမဦး ရဲ့ ျပတ္သားတဲ့ စိတ္သေဘာထားေတြကို ပရိသတ္ေတြကလည္း ေလးစားခ်ီးက်ဴးရင္းအားေပးစကား ေတြ လည္း ေျပာထားၾကတာ ေတြ႕ရပါတယ္။

Photo Credit : May Oo