



UNICODE

ပရိသတ်ကြီး ရေ အဆိုပြိုင်ပွဲ တစ်ခုဖြစ်တဲ့ The Voice Myanmar Season 3 ကတော့ ရေပန်း စား ပေါ်ပျူလာ အဖြစ်ဆုံး သီချင်း ပြိုင်ပွဲ ​ကြီးတစ်ခု ဖြစ်ခဲ့တာပါ။ The Voice Myanmar Season 3 မှာပါဝင်ခဲ့ ကြတဲ့ အကဲ ဖြ​တ်ဒိုင်တွေ ကတော့ အာဇာနည် ၊ ဟန်ထူးလွင် ၊ ရန်ရန်ချမ်း နဲ့ နီနီခင်ဇော် တို့ပဲ ဖြစ်ပါတယ်။ခင်ရတနာစိုး ကတော့ The Voice Myanmar Season-3 ရဲ့ First winner တစ်ယောက်ဖြစ်ပြီး နီနီ​ခင်ဇော် Team မှာပါဝင် ခဲ့တာပါ။ အမြဲ ရိုးသားကြိုးစားကာ ပြိုင်ပွဲစဉ်တစ်လျှောက် ဆရာသမား နီနီခင်ဇော် ရဲ့ သင်ပြမှုတွေ နဲ့ First winner ဆုကို ရရှိခဲ့တာပါ။

ခင်ရတနာစိုး ကတော့ မိဘကို ရို​သေတတ်တဲ့ အပြင် ပရိသတ်တွေ အပေါ်မှာလည်း အမြဲရင်းနှီးမှုရှိတဲ့ သူတစ်ယောက်ပါ။ လက်ရှိမှာ တော့ We Love တွေက သူမအားဆုငွေ ၁၅ သိန်းကျော် ဆုချတာ နဲ့ ပတ်သက်ပြီး မိန်းကလေးချင်း မညှာမတာ ပြောဆိုကြတဲ့အပေါ် “We love တွေဆုချတာ ဖြစ်စေချင် လို့ပေးကြတာပါဝေဖန်တာကို ဒဏ်မခံနိုင်လို့ မဟုတ်ဘူးနော် ရိုင်းကြလွန်းလို့ကို ဖော်ပြပေးလိုက်တာပါ။ မိန်းခလေးတွေ ပိုဆိုးပါတယ် ညီမလဲဆဲ ရအောင်မနေဘူး ကိုယ့်ထမင်းကိုယ်စားတယ် သူများဆဲအောင်လဲမနေပါဘူး။

အဲ့ဒါကို လဲဆဲနေကြတာပဲ တစ်ခြားကိစ္စတွေ မှာ ဆဲကြတယ် Media တွေ ရဲ့ post အောက်မှာ ဆဲကြတယ်ကိုယ့် စိတ်ရှိတိုင်း ဆဲကြပါ ရပါတယ်။ ဒီလို postမျိုးတော့ အဆဲမခံနိုင်ပါဘူး”ဆိုတဲ့စာလေး နဲ့သူမ ရဲ့ ခံပြင်းမိတဲ့စိတ် ကို ​ရင်ဖွင့်​ ပြောပြလာတာပေါ။ ဖတ်ရှုပေး ကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။

Source: KhinYadanar Soe