


Day 72

unicode

ပရိသတ်ကြီးရေ.. ဇာတ်ကားတွေ တော်တော် များများ ရိုက်ကူးရင်း ပရိသတ်တွေ ရဲ့ အသိအမှတ် ပြုအားပေး ချစ်ခင်မှုတွေကို ရရှိထားတဲ့ သရုပ်ဆောင် မင်းသားချောဘုန်းဆက်သွင် ကတော့ လက်ရှိ အခြေအနေတွေ မှာ အားလုံးနဲ့ အတူ ရပ်တည် နေသူပဲ ဖြစ်ပါ တယ်..။

ဘုန်းဆက်သွင် ကတော့ လတ်တလော ကာလ တွေမှာ အနုပညာ အလုပ်တွေ အားလုံး ရပ်နားထား ရပေမယ့်လည်း တော်လှန်ရေး တိုက်ပွဲကြီးမှာ လူထုလှုပ်ရှားမှုတွေပြုလုပ်ပြီး ပြည်သူတွေ နဲ့ အတူ ပြုလုပ် ပါဝင်နေတာ လည်း ဖြစ်ပါတယ်..။ကျဆုံးသွားတဲ့ သူရဲကောင်းတွေ အတွက် လှူဒါန်းမှုတွေ ကိုလည်း တတ်နိုင်သလောက် ပြုလုပ် နေတဲ့ ဘုန်းဆက်သွင် ကတော့ ဒီကနေ့မှာ ပြုလုပ် ခဲ့တဲ့ အတာ အိုးတော်လှန်ရေး မှာ ပြည်သူတွေ နဲ့ အတူ ပါဝင်ဆင်နွဲ ခဲ့တာလည်း တွေ့ရပါတယ်..။

အရေးတော်ပုံ အောင်ဖို့အတွက် အပျော်သင်္ကြန် မဟုတ်တဲ့ တော်လှန် သင်္ကြန်မှာ ပြည်သူတွေ နဲ့ အတူပါဝင်ခဲ့တာ ဖြစ်ပြီး လှုပ်ရှားမှု ပုံရိပ်တွေကို လည်း ဘုန်းဆက်သွင်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ကနေ ပြန်လည် မျှဝေထားပါသေးတယ်..။ “ယနေ့ အပျော်သင်္ကြန် မဟုတ်တဲ့ တော်လှန် သင်္ကြန် ရဲရဲ နီစွေး အတာ အိုးတော်လှန်ရေး

Day 72