ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဖြစ်တဲ့ အဆိုတော် မနေကတော့ မနေ့က သြဂုတ်လ (၁၅)ရက်နေ့မှာ သာသနာ့ဘောင်ကို ဝင်ရောက် သွားခဲ့ပါတယ်။လတ်တလောကာလမှာ ကပ်ဘေးတွေကြောင့် အသက်တွေဆုံးရှုံး နေရချိန်မှာ သူကိုယ်တိုင်လည်း အသေမဦးခင် ကောင်းမှုတွေ ပြုလုပ်ချင်တာကြောင့် သာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာ မျက်နှာကနေ အခုလိုပဲမျှဝေဖော်ပြလာခဲ့ပါတယ်။

“အို နာ သေ ဘေးပြေးမလွတ် ဘယ်လိုပင် ချမ်းသာပါစေ မလွတ်နိုင် ဆင်းရဲလည်း မလွတ်ဘူးပေါ့ မိတ်ဆွေအရင်းချာတွေ သေဆုံးတာကြားသိရပြီး သံဝေဂ ရမိတယ်။ သူတို့ဘာမှမပြင်ဆင်ခဲ့ရပဲ ရုတ်တရက် သေဆုံးခဲ့ရပြီ။ကျွန်တော်တို့တွေလည်း ဘယ်နေ့ ဘယ်မှာ ဘယ်လိုသေကြရမလဲဆိုတာ ကြိုတင်မသိနိုင်ကြဘူးပေါ့ဗျာ။ဒါကြောင့် အသေမဦးခင် သတိ ဦးထားသင့်တယ်ပေါ့ ဘဝမှာ အောင်မြင်ဖို့ တိုးတက်ဖို့တွေပဲကြံစ နေလို့မဖြစ်ဘူး မိမိဘဝ နောင်သံသရာအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ် ငယ်သေးလို့ မပြင်ဆင်ထားလျှင် သေခါနီးမှ ကောင်းတဲ့ အတွေးတွေကုသိုလ်စိတ်တွေ မွေးမြူဖို့မဖြစ်နိုင်တော့ဘူးပေါ့ ငယ်တုန်းရသလောက် ကုသိုလ်တွေများများစုထားမှ သေခါနီးမှာ ကောင်းသော နိမိတ်တွေပေါ်လာမယ်ပေါ့ခင်ဗျာ။” ဆိုပြီး သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ ပုံလေးတွေနဲ့အတူ မျှဝေဖော်ပြထားခဲ့တာပါ။

သူပြုလုပ်တဲ့ ဒါန သီလ ဘာဝနာ အားလုံးဟာ နိဗ္ဗာန် အထောက်အပံ့တွေဖြစ်လို့ သူပြုနိုင်သည့် ကုသိုလ်ကို နေ့စဉ်မပြတ်တမ်း ပြုနိုင်ကြပါစေလို့ ဆုခြွေတောင်းရင်း သူပြုခဲ့သမျှ ကုသိုလ်အားလုံး သူ့ကိုအားပေးတဲ့ တေးချစ်သူတွေ နဲ့ (၇)ရက်သား သမီးများ ထပ်တူရပါစေ လို့လည်း ကုသိုလ်မျှဝေထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးတွေရေ မနော အတွက် သာဓုခေါ်ဆို ပေးခဲ့ကြပါဦးနော်။

Source – မနော Manaw

ZAWGYI

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့အခ်စ္ေတာ္ ျဖစ္တဲ့ အဆိုေတာ္ မေနကေတာ့ မေန႔က ၾသဂုတ္လ (၁၅)ရက္ေန႔မွာ သာသနာ့ေဘာင္ကို ဝင္ေရာက္ သြားခဲ့ပါတယ္။လတ္တေလာကာလမွာ ကပ္ေဘးေတြေၾကာင့္ အသက္ေတြဆုံးရႈံး ေနရခ်ိန္မွာ သူကိုယ္တိုင္လည္း အေသမဦးခင္ ေကာင္းမႈေတြ ျပဳလုပ္ခ်င္တာေၾကာင့္ သာသနာ့ေဘာင္ကို ဝင္ေရာက္သြားခဲ့ေၾကာင္း သူ႔ရဲ့လူမႈကြန္ရက္စာ မ်က္ႏွာကေန အခုလိုပဲမၽွေဝေဖာ္ျပလာခဲ့ပါတယ္။

“အို နာ ေသ ေဘးေျပးမလြတ္ ဘယ္လိုပင္ ခ်မ္းသာပါေစ မလြတ္နိုင္ ဆင္းရဲလည္း မလြတ္ဘူးေပါ့ မိတ္ေဆြအရင္းခ်ာေတြ ေသဆုံးတာၾကားသိရၿပီး သံေဝဂ ရမိတယ္။ သူတို႔ဘာမွမျပင္ဆင္ခဲ့ရပဲ ႐ုတ္တရက္ ေသဆုံးခဲ့ရၿပီ။ကၽြန္ေတာ္တို႔ေတြလည္း ဘယ္ေန႔ ဘယ္မွာ ဘယ္လိုေသၾကရမလဲဆိုတာ ႀကိဳတင္မသိနိုင္ၾကဘူးေပါ့ဗ်ာ။ဒါေၾကာင့္ အေသမဦးခင္ သတိ ဦးထားသင့္တယ္ေပါ့ ဘဝမွာ ေအာင္ျမင္ဖို႔ တိုးတက္ဖို႔ေတြပဲႀကံစ ေနလို႔မျဖစ္ဘူး မိမိဘဝ ေနာင္သံသရာအတြက္ ႀကိဳတင္ျပင္ဆင္ထားသင့္တယ္ ငယ္ေသးလို႔ မျပင္ဆင္ထားလၽွင္ ေသခါနီးမွ ေကာင္းတဲ့ အေတြးေတြကုသိုလ္စိတ္ေတြ ေမြးျမဴဖို႔မျဖစ္နိုင္ေတာ့ဘူးေပါ့ ငယ္တုန္းရသေလာက္ ကုသိုလ္ေတြမ်ားမ်ားစုထားမွ ေသခါနီးမွာ ေကာင္းေသာ နိမိတ္ေတြေပၚလာမယ္ေပါ့ခင္ဗ်ာ။” ဆိုၿပီး သာသနာ့ေဘာင္ကို ဝင္ေရာက္ခဲ့တဲ့ ပုံေလးေတြနဲ႔အတူ မၽွေဝေဖာ္ျပထားခဲ့တာပါ။

သူျပဳလုပ္တဲ့ ဒါန သီလ ဘာဝနာ အားလုံးဟာ နိဗၺာန္ အေထာက္အပံ့ေတြျဖစ္လို႔ သူျပဳနိုင္သည့္ ကုသိုလ္ကို ေန႔စဥ္မျပတ္တမ္း ျပဳနိုင္ၾကပါေစလို႔ ဆုေႁခြေတာင္းရင္း သူျပဳခဲ့သမၽွ ကုသိုလ္အားလုံး သူ႔ကိုအားေပးတဲ့ ေတးခ်စ္သူေတြ နဲ႔ (၇)ရက္သား သမီးမ်ား ထပ္တူရပါေစ လို႔လည္း ကုသိုလ္မၽွေဝထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေတြေရ မေနာ အတြက္ သာဓုေခၚဆို ေပးခဲ့ၾကပါဦးေနာ္။

Source – မေနာ Manaw