


Chilli – CeleGabar
Source – Nay Ye

UNICODE

ပရိသတ်ကြီး ရေ နေရဲ ကတော့ ပရိသတ်တွေ ရဲ့ အချစ်တော် ရုပ်ရှင် နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသ လူရွှင်တော် ခင်လှိုင် ရဲ့ အနုပညာ အမွေကို ဆက်ခံမယ့် အနုပညာ မျိုးဆက်ပဲ ဖြစ်ပါတယ်။ နေရဲ ကိုယ်တိုင် ကလည်း အနုပညာ အလုပ်တွေကို ဝါသနာ ပါတာကြောင့် ကြိုးစား လုပ်ကိုင်နေခဲ့ပြီး လက်ရှိ မှာလည်း နေရာတစ်နေရာ ရရှိတဲ့ အထိအောင်မြင်နေပါပြီ။

မနေ့က ဇန်နဝါရီလ (၁၅) ရက်နေ့ကတော့ ပရိသတ်တွေ ရဲ့ အချစ်တော် သရုပ်ဆောင် နေရဲ ရဲ့ သီချင်းအသစ်လေး ထွက်ရှိလာခဲ့ပါတယ်။ နေရဲ ရဲ့ သီချင်းလေးကတော့ ခက်ခဲ မှုများစွာ နဲ့ အခြေခံလူ တန်းစားတွေရဲ့ လက်တွေ့ ဘဝမှာ ကြုံ တွေနေရတာတွေအကြောင်းကို ရေးဖွဲ့ထားတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ သီချင်းလေးရဲ့ နာမည်ကိုလည်း “မျှော်လင့်ခြင်းရဲ့ အခြားတစ်ဖက်” လို့ပါ အမည် ပေးထားပါသေးတယ်။

နေရဲ ရဲ့ သီချင်းလေး ကတော့ သီချင်းထဲ မှာပါတဲ့ စာသားတွေ ကသာမက MTV မှာ သရုပ်ဆောင် ထားတဲ့ သရုပ်ဆောင် မှု ကလည်း သီချင်းလေး နဲ့ ကိုက်ညီလွန်းလှတာကြောင့် ပရိသတ်တွေ ကလည်း သဘောကျ နှစ်သက်နေခဲ့ကြပါသေးတယ်။ Cele Gabar ပရိသတ်ကြီးတွေရော ဒီသီချင်းလေး ကို နားဆင်ပြီးကြပြီလား နားမဆင်ရသေးတဲ့ ပရိသတ်တွေ နားဆင်လို့ ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleGabar
Source – Nay Ye