သရုပ်ဆောင် ဦးချစ်စရာ ကတော့ကျန်းမာရေးအခြေအနေဆိုးရွားနေတာ ကြောင့်အရေးပေါ်ဆေးရုံတင်လိုက်ရပြီး ဝေဠုကျော် ဖောင်ဒေးရှင်းကပို့ဆောင်ပေးခဲ့ပြီးအခုလိုရေးသား ပြောပြထားပါတယ်နော်။ပရိတ်သတ်များရဲ့ အချစ်တော်တစ်ဦးဖြစ်သူဟာသသရုပ်ဆောင် ဦးချစ်စရာဟာအသက်ရွယ်အရ ကျမ်းမာရေးအနည်းငယ်အားနည်းကာ ဆီးချိုနဲ့ နှလုံးရောဂါခံစားနေရသလို နားသိပ်မကြားရ မျက်လုံးလည်းမှုန် နေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဦးချစ် အတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကိုတော့ ကျွန်တော်တို့ဝေဠုကျော် ဖေါင်ဒေးရှင်းမှကူညီပေးနေတာလည်း ဖြစ်ပါတယ်။အခုလိုကိုဗစ်ကာလကြီးမှာကျမ်းမာရေးပိုဆိုးလာတဲ့အတွက်ကိုဗစ် လို့ထင်ခဲ့ပေမယ့် တက်စကစ်နဲ့စစ်ကြည့်တာ Nagative လို့သူမိသားစုတွေဆီကသိရပါတယ်၊ဘာဘဲဖြစ်ဖြစ်ဆေးရုံတက်ရန်ခက်ခဲသည့် ကာလဆေးရုံတွေမှာဝန် နဲ့ အားမမျှလို့ ကုတင်တွေပြည့်နေတဲ့ အချိန်မှာကျွန်တော်ကိုယ်တိုင် ဆေးရုံတင်ပေးနိုင်ခဲ့ပါတယ်။

ဦးချစ်စရာဆေးရုံတက်ဖို့ အတွက်ကူညီပေးတဲ့ ဒေါက်တာရဲလင်းနိုင် နဲ့ အစစကူညီပေးကြတဲ့ဆေးရုံ မှ ဆရာဝန်များသူနာပြုများအားလုံးကို လည်း ကျေးဇူးတင်ပါတယ်။ဦးချစ်စရာအမြန်ဆုံး သက်သာပျောက်ကင်းပါစေ ဆိုပြီးရေးသား ဖော်ပြထားပါတယ်။စာဖတ်ပရိတ်သတ်ကြီးမ​ျားအတွက် ပြန်လည်တက်ဆက်ပေးလိုက်ပါတယ်နော်။

Credit…..

ZAWGYI




Credit…..