ပရိတ်သတ်ကြီးရေ…ပြည်သူနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင် မင်းမော်ကွန်းဟာ လတ်တလော မှာတော့ မိသားစုနဲ့ ခတ္တခွဲခွာနေရပြီး ဘေးကင်းရာမှာ ရှောင်နေခဲ့ပါတယ်။ တစ်သက်လုံးအတူတူနေလာ တဲ့ မိသားစု လေးကိုသတိရ ပေမယ့်လည်း အနားမှာ မရှိနိုင်တာကြောင့် လေလှိုင်းပေါ်ကပဲ ဗီဒီယိုကောလေးနဲ့ အလွမ်းဖြေနေခဲ့ရပါတယ်။ချစ်ရတဲ့အငယ်ဆုံးလေး သားဘုန်းနဲ့ ဗီဒီယို ကောပြောထားတဲ့ အမှတ်တရပုံလေးကို သူ့ရဲ့ ဖေ့ဘွတ်မိုင်ဒေးမှာတင်ပြီး ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပေါ်လွင်စေခဲ့ပါသေးတယ်။

သားဘုန်းလေးကလည်း ဖေဖေနဲ့ တွေ့ရလို့ အရမ်းကိုပျော်နေတဲ့ပုံပါပဲ။ဖခင်ဖြစ် သူဦးဇင်ဝိုင်းကိုယ်တိုင်ကလည်း သားသမီးအတွက်မျက်နှာမငယ်ရတဲ့ အဖေကောင်းတစ်ယောက် ဖြစ်ပေးခဲ့သလို ကိုယ်တိုင်လည်း ဒီလိုဖခင် တစ်ယောက်ဖြစ်ဖို့အတွက် ရပ်တည်မယ်ဆိုတဲ့အကြောင်းကို လည်းသူ့ရဲ့လူမှုကွန်ယက်ကနေ ရဲရဲဝံ့ဝံ့ပြောပြလာခဲ့ပါတယ်။ ဒီလို ရပ်တည်ချက်ပြတ်သားတဲ့ဖခင်ကို သမီးဖြစ်သူ လေပြေသွေးက အစစ အရာရာဂရုစိုက်ဖို့ မှတ်ချက်ဝင်ပေးခဲ့ပါသေးတယ်။

သားသမီးတွေကို မျက်နှာမငယ်စေတဲ့ ဖခင်တစ်ယောက်ရဲ့ မှန်ကန်တဲ့ လုပ်ရပ်ကြောင့် ပရိသတ်တွေကလည်း အရင်ကထက်ပိုပြီး လေးစားချစ်ခင်လာခဲ့ပါ တယ်။ဦးဇင်ဝိုင်းဖမ်းဆီးခံခဲ့ရပြီးနောက်မှာ ကိုကျော်လည်းဘေးလွတ်ရာ ကိုပြောင်းခဲ့ပြီးလက်ရှိမှာတော့ လုံခြုံတဲ့ နေရာတစ်ခုမှာ ပရိသတ်တွေရဲ့ တစ်သားတည်းရပ်တည်ရင်း ရင်ထဲကဆန္ဒတွေကိုဖော်ထုတ်နေဆဲပါပဲ။ ဇနီးနဲ့ သားသမီးသုံးယောက်လုံးရဲ့မျက်နှာကို မငယ်စေ တဲ့အပြင် ဖခင်ဖြစ်သူအတွက်လည်း ဂုဏ်ယူရတဲ့ သားတစ်ယောက်ဖြစ်စေခဲ့ပါတယ်။ မိသားစုတွေ အမြန်ဆုံးပြန်လည် ဆုံဆည်းပြီး အရင်လိုပျော်စရာ အချိန်လေးတွေ ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit

ZAW GYI

ပရိတ္သတ္ႀကီးေရ…ျပည္သူနဲ႔တစ္သားတည္း ရပ္တည္ခဲ့တဲ့ အႏုပညာရွင္ မင္းေမာ္ကြန္းဟာ လတ္တေလာ မွာေတာ့ မိသားစုနဲ႔ ခတၱခြဲခြာေနရၿပီး ေဘးကင္းရာမွာ ေရွာင္ေနခဲ့ပါတယ္။ တစ္သက္လုံးအတူတူေနလာ တဲ့ မိသားစု ေလးကိုသတိရ ေပမယ့္လည္း အနားမွာ မရွိနိုင္တာေၾကာင့္ ေလလွိုင္းေပၚကပဲ ဗီဒီယိုေကာေလးနဲ႔ အလြမ္းေျဖေနခဲ့ရပါတယ္။ခ်စ္ရတဲ့အငယ္ဆုံးေလး သားဘုန္းနဲ႔ ဗီဒီယို ေကာေျပာထားတဲ့ အမွတ္တရပုံေလးကို သူ႔ရဲ့ ေဖ့ဘြတ္မိုင္ေဒးမွာတင္ၿပီး ဖခင္တစ္ေယာက္ရဲ့ ခ်စ္ျခင္းေမတၱာကို ေပၚလြင္ေစခဲ့ပါေသးတယ္။

သားဘုန္းေလးကလည္း ေဖေဖနဲ႔ ေတြ႕ရလို႔ အရမ္းကိုေပ်ာ္ေနတဲ့ပုံပါပဲ။ဖခင္ျဖစ္ သူဦးဇင္ဝိုင္းကိုယ္တိုင္ကလည္း သားသမီးအတြက္မ်က္ႏွာမငယ္ရတဲ့ အေဖေကာင္းတစ္ေယာက္ ျဖစ္ေပးခဲ့သလို ကိုယ္တိုင္လည္း ဒီလိုဖခင္ တစ္ေယာက္ျဖစ္ဖို႔အတြက္ ရပ္တည္မယ္ဆိုတဲ့အေၾကာင္းကို လည္းသူ႔ရဲ့လူမႈကြန္ယက္ကေန ရဲရဲဝံ့ဝံ့ေျပာျပလာခဲ့ပါတယ္။ ဒီလို ရပ္တည္ခ်က္ျပတ္သားတဲ့ဖခင္ကို သမီးျဖစ္သူ ေလေျပေသြးက အစစ အရာရာဂ႐ုစိုက္ဖို႔ မွတ္ခ်က္ဝင္ေပးခဲ့ပါေသးတယ္။

သားသမီးေတြကို မ်က္ႏွာမငယ္ေစတဲ့ ဖခင္တစ္ေယာက္ရဲ့ မွန္ကန္တဲ့ လုပ္ရပ္ေၾကာင့္ ပရိသတ္ေတြကလည္း အရင္ကထက္ပိုၿပီး ေလးစားခ်စ္ခင္လာခဲ့ပါ တယ္။ဦးဇင္ဝိုင္းဖမ္းဆီးခံခဲ့ရၿပီးေနာက္မွာ ကိုေက်ာ္လည္းေဘးလြတ္ရာ ကိုေျပာင္းခဲ့ၿပီးလက္ရွိမွာေတာ့ လုံျခဳံတဲ့ ေနရာတစ္ခုမွာ ပရိသတ္ေတြရဲ့ တစ္သားတည္းရပ္တည္ရင္း ရင္ထဲကဆႏၵေတြကိုေဖာ္ထုတ္ေနဆဲပါပဲ။ ဇနီးနဲ႔ သားသမီးသုံးေယာက္လုံးရဲ့မ်က္ႏွာကို မငယ္ေစ တဲ့အျပင္ ဖခင္ျဖစ္သူအတြက္လည္း ဂုဏ္ယူရတဲ့ သားတစ္ေယာက္ျဖစ္ေစခဲ့ပါတယ္။ မိသားစုေတြ အျမန္ဆုံးျပန္လည္ ဆုံဆည္းၿပီး အရင္လိုေပ်ာ္စရာ အခ်ိန္ေလးေတြ ဖန္တီးနိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit