မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှု တွေမှာ ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ ဘက်ကနေ ရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်များထဲတွင် သရုပ်ဆောင် အေးမြတ်သူလည်း တစ်ယောက် ပဲ ဖြစ်ပါတယ်။ နေ့စဉ်လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တွေကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး လိုအပ်တဲ့နေရာတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပါဝင်ဆောင် ရွက်ခဲ့တာ ဖြစ်ပါတယ် ။ အခု လို ဓမ္မ ဘက်ကနေ ရပ်တည်ပေးခဲ့တာကြောင့်အေးမြတ်သူအား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူ ထားတာ ဖြစ်ပါတယ်။

အရေးယူခံထားရတဲ့ အနုပညာရှင် များကတော့ သူတို့ရဲ့ လုံခြုံမှုအတွက် ဘေးကင်းရာသို့ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ သို့သော်ည်း အမှန်တရားအတွက် ရောက်ရာနေရာကနေ တော်လှန် တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ ပရိသတ် များကလည်း သူတို့ချစ်ခင်အားပေးခဲ့ရတဲ့ အနုပညာရှင်တွေ အခုလိုတိမ်းရှောင်နေရတဲ့အတွက်စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ်။ မနေ့ညက အေးမြတ်သူရဲ့Instagram Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါ တယ်။

ဒါကတော့ သူမရဲ့ မိသားစုဝင်ပုံလေးကို တင်ထားကာ သတိရနေတဲ့အကြောင်း “ Missing….” ဆိုပြီးရေးသားထားတာ ဖြစ်ပါ တယ်။ မိသား စုကို အရိပ်တကြည့်ကြည့်နဲ့ အမြဲဂရုစိုက်တတ်တဲ့ မမြတ်လေး တစ်ယောက် သူမချစ်ရတဲ့သူတွေနဲ့ အခုလို အချိန်အကြာကြီးခွဲခွာနေရတာ တော်တော်လေးကို စိတ်မကောင်းဖြစ်နေမှာ သေချာပါတယ်။အခြေအနေအရပ်ရပ်ကြောင့် မိသားစုတွေနဲ့ ခွဲခွာပြီး တိမ်းရှောင်နေရသူများအားလုံး အမြန်ဆုံး ပြန်လည်ဆုံ ဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေး လိုက်ရပါတယ်။

Source and Photo Crd-MyatLay8686’s Instagram Account

Credit

ZAW GYI

ျမန္မာနိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈ ေတြမွာ ျပည္သူေတြနဲ႔အတူ မွန္ကန္တဲ့ ဘက္ကေန ရပ္တည္ခဲ့ၾကတဲ့ အႏုပညာရွင္မ်ားထဲတြင္ သ႐ုပ္ေဆာင္ ေအးျမတ္သူလည္း တစ္ေယာက္ ပဲ ျဖစ္ပါတယ္။ ေန႔စဥ္လမ္းေပၚထြက္ကာ ရင္ထဲက ဆႏၵအမွန္ေတြကိုလည္း ထုတ္ေဖာ္ျပသခဲ့ၿပီး လိုအပ္တဲ့ေနရာေတြကိုလည္း တတ္နိုင္သေလာက္ လႉဒါန္းမႈေတြ ပါဝင္ေဆာင္ ရြက္ခဲ့တာ ျဖစ္ပါတယ္ ။ အခု လို ဓမၼ ဘက္ကေန ရပ္တည္ေပးခဲ့တာေၾကာင့္ေအးျမတ္သူအား ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆို အေရးယူ ထားတာ ျဖစ္ပါတယ္။

အေရးယူခံထားရတဲ့ အႏုပညာရွင္ မ်ားကေတာ့ သူတို႔ရဲ့ လုံျခဳံမႈအတြက္ ေဘးကင္းရာသို႔ တိမ္းေရွာင္ေနၾကရတာျဖစ္ပါတယ္။ သို႔ေသာ္ည္း အမွန္တရားအတြက္ ေရာက္ရာေနရာကေန ေတာ္လွန္ တိုက္ပြဲဝင္ေနၾကဆဲ ျဖစ္ပါတယ္။ ပရိသတ္ မ်ားကလည္း သူတို႔ခ်စ္ခင္အားေပးခဲ့ရတဲ့ အႏုပညာရွင္ေတြ အခုလိုတိမ္းေရွာင္ေနရတဲ့အတြက္စိတ္မေကာင္းျဖစ္ေနရတာ ျဖစ္ပါတယ္။ မေန႔ညက ေအးျမတ္သူရဲ့Instagram Story တြင္ ပုံေလးတစ္ပုံ တင္ထားတာ ျဖစ္ပါ တယ္။

ဒါကေတာ့ သူမရဲ့ မိသားစုဝင္ပုံေလးကို တင္ထားကာ သတိရေနတဲ့အေၾကာင္း “ Missing….” ဆိုၿပီးေရးသားထားတာ ျဖစ္ပါ တယ္။ မိသား စုကို အရိပ္တၾကည့္ၾကည့္နဲ႔ အျမဲဂ႐ုစိုက္တတ္တဲ့ မျမတ္ေလး တစ္ေယာက္ သူမခ်စ္ရတဲ့သူေတြနဲ႔ အခုလို အခ်ိန္အၾကာႀကီးခြဲခြာေနရတာ ေတာ္ေတာ္ေလးကို စိတ္မေကာင္းျဖစ္ေနမွာ ေသခ်ာပါတယ္။အေျခအေနအရပ္ရပ္ေၾကာင့္ မိသားစုေတြနဲ႔ ခြဲခြာၿပီး တိမ္းေရွာင္ေနရသူမ်ားအားလုံး အျမန္ဆုံး ျပန္လည္ဆုံ ဆည္းနိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပး လိုက္ရပါတယ္။

Source and Photo Crd-MyatLay8686’s Instagram Account

Credit