ျဖဴစင္တဲ့ပရဟိတႏွလုံးသာေလးကို ပိုင္ဆိုင္ထားၿပီးေတာ့ ပရိသတ္ေတြအားလုံး ေလးစား ခ်စ္ခင္ေနရတဲ့ ခိုင္ႏွင္းေဝဆိုတာ ဒိတ္ဒိတ္ၾကဲမင္းသမီးေလးတစ္လက္ပါပဲေနာ္။ အခုအခ်ိန္မွာဆိုရင္သူမဟာ လူမႈကူညီေရးပရဟိတေလးေတြတင္သာမက မိဘမဲ့ ကေလးေလးေတြအတြက္လည္း မိခင္အရင္းသဖြယ္ ခ်စ္ျခင္းေမတၱာေတြနဲ႔ စြမ္းသေလာက္ေစာင့္ေရွာက္ မႈေတြေပးေနခဲ့ပါတယ္။

ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာ ဆိုၿပီး ေဂဟာေလးတစ္ခုကို တည္ေထာင္ထားကာ အကူအညီ လိုအပ္ေနတဲ့ကေလးေလးေတြကို ေမတၱာနဲ႔ေဖးမၿပီး ေႏြးေထြးတဲ့ရင္ခြင္တစ္စုံကိုေပးကာ ေစာင့္ေရွာက္ေပးေနတာပါ ။ကေလးေလးေတြ ရဲ့ ပညာေရး က်န္းမာေရး စတဲ့ ကိစၥအဝဝမွန္သမၽွကို ခိုင္ႏွင္းေဝက တာဝန္ယူၿပီး ျပဳစုပ်ိဳးေထာင္ေပးေနတာ ပဲျဖစ္ပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္စြန႔္ပစ္ခံရတဲ့ ကေလးေလးေတြ ကို ၾကင္နာတဲ့ႏွလုံးသားအျပည့္နဲ႔ ေမြးစားကယ္ဆယ္ခဲ့တာျဖစ္ၿပီးအခု လည္း တစ္ရက္ထဲမွာပဲ ကေလးငယ္ေလး (၃) ေယာက္ကို ေမြးစားေစာင့္ေရွာက္ ျဖစ္ခဲ့ေၾကာင္းခုလို ပုံေလးေတြနဲ႔ တကြေဖာ္ျပထားတာျဖစ္ပါတယ္။” ဒီေန႔ တရက္ထဲ သားသမီး (၃) ေယာက္ ေမြးစားျဖစ္ပါတယ္ရွင္…..သားေလး (၂) ေယာက္ နဲ႔ သမီးေလး (၁) ေယာက္ပါ…လူမ်ိဳးမေရြး၊ ဘာသာမေရြး ဆိုးသည္ ေကာင္းသည္ မေရြးပဲ လူ႔အသက္ တေခ်ာင္းကို တန္ဘိုးထား၍ ကယ္တင္ျခင္းမွာ က်မ ခံယူခ်က္ ျဖစ္ပါတယ္..ကေလးေတြ အနာဂတ္ အတြက္ ျပဳစုပ်ိဳးေထာင္ဘို႔ အားေမြးရင္း ဒီေန႔ေတာ့ က်မ ကေလး (၃) ေယာက္ေတာင္ ေမြးစားပစ္လိုက္ပါၿပီ ရွင္..”ဆိုတဲ့စာေလးကိုေရးသား ေဝမၽွခဲ့ရာ ေလးစားမိလြန္းတာေၾကာင့္ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္။

Credit– Cele Zone

Photo – Khine Hnin Wai

unicode

ဖြူစင်တဲ့ပရဟိတနှလုံးသာလေးကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေအားလုံး လေးစား ချစ်ခင်နေရတဲ့ ခိုင်နှင်းဝေဆိုတာ ဒိတ်ဒိတ်ကြဲမင်းသမီးလေးတစ်လက်ပါပဲနော်။ အခုအချိန်မှာဆိုရင်သူမဟာ လူမှုကူညီရေးပရဟိတလေးတွေတင်သာမက မိဘမဲ့ ကလေးလေးတွေအတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေနဲ့ စွမ်းသလောက်စောင့်ရှောက် မှုတွေပေးနေခဲ့ပါတယ်။

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ ဆိုပြီး ဂေဟာလေးတစ်ခုကို တည်ထောင်ထားကာ အကူအညီ လိုအပ်နေတဲ့ကလေးလေးတွေကို မေတ္တာနဲ့ဖေးမပြီး နွေးထွေးတဲ့ရင်ခွင်တစ်စုံကိုပေးကာ စောင့်ရှောက်ပေးနေတာပါ ။ကလေးလေးတွေ ရဲ့ ပညာရေး ကျန်းမာရေး စတဲ့ ကိစ္စအဝဝမှန်သမျှကို ခိုင်နှင်းဝေက တာဝန်ယူပြီး ပြုစုပျိုးထောင်ပေးနေတာ ပဲဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့်စွန့်ပစ်ခံရတဲ့ ကလေးလေးတွေ ကို ကြင်နာတဲ့နှလုံးသားအပြည့်နဲ့ မွေးစားကယ်ဆယ်ခဲ့တာဖြစ်ပြီးအခု လည်း တစ်ရက်ထဲမှာပဲ ကလေးငယ်လေး (၃) ယောက်ကို မွေးစားစောင့်ရှောက် ဖြစ်ခဲ့ကြောင်းခုလို ပုံလေးတွေနဲ့ တကွဖော်ပြထားတာဖြစ်ပါတယ်။” ဒီနေ့ တရက်ထဲ သားသမီး (၃) ယောက် မွေးစားဖြစ်ပါတယ်ရှင်…..သားလေး (၂) ယောက် နဲ့ သမီးလေး (၁) ယောက်ပါ…လူမျိုးမရွေး၊ ဘာသာမရွေး ဆိုးသည် ကောင်းသည် မရွေးပဲ လူ့အသက် တချောင်းကို တန်ဘိုးထား၍ ကယ်တင်ခြင်းမှာ ကျမ ခံယူချက် ဖြစ်ပါတယ်..ကလေးတွေ အနာဂတ် အတွက် ပြုစုပျိုးထောင်ဘို့ အားမွေးရင်း ဒီနေ့တော့ ကျမ ကလေး (၃) ယောက်တောင် မွေးစားပစ်လိုက်ပါပြီ ရှင်..”ဆိုတဲ့စာလေးကိုရေးသား ဝေမျှခဲ့ရာ လေးစားမိလွန်းတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit– Cele Zone

Photo – Khine Hnin Wai