


Credit:Cele Zone
Cele Secrets

အပြင်ထွက် ရရင် အရမ်းပျော်တဲ့ သဲကိုးလေးကို မကြာခဏ လမ်းလျှောက် ထွက်ပေးတဲ့ မေမေပိုးအိအိခန့်

တဖြေးဖြေးနဲ့ အရွယ်ရောက်လာတဲ့ သားလေးကို ချစ်မဝနိုင်ဖြစ်ပြီး မြန်မြန်အရွယ် ရောက်မှာ တောင် စိုးရိမ်တယ်ဆိုတဲ့ မေမေပိုးအိအိခန့် တစ်ယောက် သားလေးနဲ့ အတူ အိမ်အနီးအနားမှာ လမ်းလျှောက် ထွက်နေခဲ့ပါတယ်။ အိမ်ထဲမှာနေ ရတာကြာလို့ မွန်းကျပ်နေတဲ့ သားလေးကို အပြင်လောကရဲ့ စိမ်းစိမ်းစိုစို သဘာဝတရား တွေကိုလည်း သူမက သိစေမြင်စေချင်ခဲ့ပါတယ်။

အခါလည်ကျော် လာခဲ့ပြီဖြစ်တဲ့ ကလေးလေး ဟာ ဖေဖေ မေမေတို့ရဲ့ အသည်းနှလုံးလေး တင်မက ပရိသတ်တွေရဲ့ အချစ်တော်လေး လည်းဖြစ်ခဲ့ပါတယ်။ ဖေဖေနဲ့ မတူဘဲချစ်စရာကောင်းတယ် ဆိုတဲ့ သူငယ်ချင်းတွေရဲ့စနောက်မှု ကိုလည်း ဖေဖေအောင်သူက မြက်ခင်းပေါ်ပြေးတာချင်းတော့ တူပါတယ်ဆိုပြီး ခပ်နောက်နောက်လေးပြန်ပြောခဲ့ပါသေးတယ်။

မေမေ့ကို ချောမောပြီး ဖေဖေ့ကို အရည်အချင်းပြည့်ဝတဲ့ အားကစား သမားကြီး တစ်ယောက် ဖြစ်လာဖို့ကိုတော့ အားလုံး ကမျှော်လင့် နေခဲ့ကြပါတယ်။ အရွယ်ရောက်လာလို့ ရည်ရွယ်ချက်တွေ ရှိလာတဲ့အခါမှာလည်း ကိုးလေးရဲ့ ဆန္ဒအတိုင်း မိဘတွေကဖြည့်ဆည်း ပေးဖို့ အသင့်ပါပဲ။ ချစ်စရာကိုးလေးကတော့ စိမ်းစိမ်း စိုစိုလောကကြီးကိုကြည့်ပြီး ပျော်မဆုံးဖြစ်နေခဲ့ပါတယ်။

Credit:Cele Zone
Cele Secrets