



UNICODE

ပရိတ်သတ် ကြီးရေ… အနုပညာ လောကမှာ တေးသီချင်း များစွာကို သီဆို ထားတဲ့ အဆိုတော် မိုးမိုးဟာ ဆိုရင် အခု လက်ရှိမှာ မော်ဒယ် မြတ်ပီတိမိုး ဆိုတဲ့အမျိုးသမီး နဲ့ လက်ထပ်ထားပြီး ကလေးနှစ်ယောက်ကို ပိုင်ဆိုင် ထားတာပဲဖြစ်ပါတယ်နော်..။မိုးမိုးဟာ စစ်ကောင်စီ က ကျင်းပ ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်မှာ ယုန်လေး တို့နဲ့ အတူ တက်ရောက် ခဲ့တာပါနော်။ ဒါ့အပြင် လတ်တလော အွန်လိုင်းပေါ် မှာလည်း ကိုဗစ်ကာလ သင်္ကြန်တွင်းမှာ Live လွှင့်နေရင်း ပရိသတ်တွေကို မချေမငံ ပြန်ပြော နေတဲ့ ဗီဒီယိုဖိုင်လည်း အတော်ကို ပြန့်နှံ့ နေတာပါနော်။

ကိုရီးယားတွင် နေထိုင်တဲ့ ဆရာမ ချမ်းမြမြသော် ကလည်း ” အဆိုတော် မိုးမိုး ဆိုတဲ့ ဝက်ကလည်း ကိုက်လိုက်တာ တငမ်းငမ်း နဲ့ မြင်လို့တောင် မကောင်းဘူး။ သူတို့ ပြောလို့သာ ပြော ရတာ အဆိုတော်လို့ ။ အနူတောထဲ လူချော လုပ်တဲ့ အဆင့် လောက်နဲ့ သီချင်းလေး တစ်ပုဒ် နှစ်ပုဒ် ကောက်ဆိုပြီး ကိုယ့်ကိုကိုယ် အဆိုတော် အနုပညာသည် လုပ်နေတဲ့ ဟာတွေ။ အသံက လမ်းထဲက ပဲပြုတ်သည် မထားထက် ပြဲသေးတယ်။

အဆင့်မှီ အတန်းမှီ နဲ့ ဆိုနိုင်တဲ့ နိုင်ငံကျော် ဆိုရင် live ထဲကနေ ထွက်လာပြီး အုပ်စုလိုက် ကိုက်မလား မသိဘူး။ ဝေါ့ကဲ မပြော မိအောင် အခုတလော ကြိုးစား လစ်လျူရှုနေတာကို ပြောမိ ပြန်ပါပြီ…. ” ဆိုပြီး ပြည်သူ့ ချဉ်ဖတ် မိုးမိုး ရဲ့ ပုံစံကို ထင်သာအောင် ပြောပြလိုက် ပြန်ပါပြီနော်။ ပရိတ်သတ်ကို မချေမငံ ပြန်လည်ပြောဆို လိုက်တဲ့ မိုးမိုးတို့ ဇနီးမောင်နှံ ရဲ့ ဗီဒီယိုကို အခုလိုပဲ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက် ပေးလိုက်ပါတယ်နော်..။ဖတ်ရှု ပေးတဲ့ ပရိတ်သတ် ကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်…။

Credit..celebrity platforms