


Happy – Cele Zone

unicode

သားသမီးတွေကို ငယ်စဉ်ကတည်းက လမ်းကောင်းညွှန်ပြပြီး လူချွန် လူကောင်ဖြစ်အောင် ပြုစုပေးလာခဲ့တဲ့ မိဘတွေကို သားသမီးတွေကလည်း အဆင်ပြေတဲ့အချိန်မှာ တလှည့်တပြန်ကျေးဇူးဆပ်ကြတာဟာ တကယ်ကိုကြည်နူးစရာပါ။ ဒီဇိုင်နာမျိုးမင်းစိုးဟာ မိခင်အပေါ်မှာ အရမ်းကို သိတတ်တဲ့ သားလိမ္မာတစ်ယောက်ဖြစ်ပြီး မိခင်အတွက် အမြဲတမ်းဦးစားပေးပြီး စဉ်းစားတတ်သူပါ။

ဒီတစ်ခေါက်မှာလည်း မိခင်ရဲ့ (၆၃) နှစ်ပြည့်မွေးနေ့အတွက် ကုသိုလ်ပြုခဲ့တဲ့ ပုံလေးတွေကို ” မေမေ့ရဲ့ (၆၃) နှစ်ပြည့်မွေးနေ့ရက်လေး မှာပျော်ရွှင်ပါစေ။ ကျနော်ကို လောကထဲမှာ မွေးဖွားပေးခဲ့သူ အတတ်ပညာ၊ အသိပညာ၊ အသက်မွေးပညာတို့နဲ့ရှင်သန်စေခဲ့သူ နှစ်ရှည်ခရီးရှည်ကြီးမှာ မိသားစုအတွက်မမောတမ်းဦးဆောင်လျှောက်ပေးခဲ့သူ ”

ချစ်ရဆုံးမေမေရဲ့ မွေးနေ့အမှတ်တရအဖြစ်လုပ်အားဖြင့် ရတဲ့ငွေလေးများထဲမှ မေမေလှူချင်တာလှူဖို့အတွက်ငွေ (၁၀) သိန်းနဲ့အမှတ်တရ လေးကန်တော့ပါတယ်။ မေမေ အသက်ရှည်ကျန်းမာပါစေ။ နောင်နှစ်ပေါင်းများစွ ာတိုင် အမေကိုလုပ်ကျွေးတဲ့ သားတစ်ယောက်အဖြစ် အမြဲရှိနေနိင်ပါရစေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

****

Happy – Cele Zone