


Source: Aung Lay’s fb

UNICODE

ပိုင်တံခွန် နဲ့ အောင်လေး တို့ကတော့ အနုပညာ လောကထဲ ကို တစ်ချိန်တည်း ဝင်ရောက် လာခဲ့ပြီး ပရိသတ်တွေ ရဲ့ အားပေး မှု ကို ကိုယ်စီ ရရှိ ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ ပိုင်တံခွန် ကတော့ အောင်လေး ထက် အသက် ငယ်ရွယ်သူ ဖြစ်ပေမယ့် တစ်ယောက် နဲ့ တစ်ယောက် ညီအစ် ကိုလို သူငယ်ချင်း လို ပေါင်းသင်း ကြသူများ ဖြစ်ပြီး တစ်ယောက် လိုအပ် ချိန်တိုင်း မှာလည်း တစ်ယောက် အမြဲ အဆင်သင့် ရှိတတ် သူများ ဖြစ်ပါတယ်။ ပရိသတ် တွေကတော့ သံယောဇဉ် ကြီးလွန်းတဲ့ ပိုင်တံခွန် နဲ့ အောင်လေးကို တစ်ယောက် တစ်မျိုးစီ ချစ်ကြတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း မှာ တော့ အောင်လေး က သူ့ရဲ့ အသက် (၂၉) နှစ်ပြည့် မွေးနေ့ ကို ကျရောက်ခဲ့ တာဖြစ်ပြီး ပရိသတ်တွေ နဲ့ သူငယ်ချင်း တွေ ဆီက အမှတ်တရမွေးနေ့ လက်ဆောင် တွေနဲ့ ဆုမွန်ကောင်း စကားတွေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အောင်လေး ရဲ့ ညီတစ်ယောက်လည်း ဖြစ်သလို သူငယ်ချင်းလည်း ဖြစ်တဲ့ ပိုင်တံခွန်က အောင်လေး အတွက် Laptop တစ်လုံးကို မွေးနေ့ လက်ဆောင် အဖြစ်ပေးခဲ့ပြီး အောင်လေး ကတော့ ပိုင်တံခွန် ရဲ့လက်ဆောင်အတွက် ကျေးဇူးတင်စကားပြော လာတာကို တွေ့ရပါတယ်။

အောင်လေး ကတော့ ပြောစရာ မလိုပဲနဲ့ကို အလိုက်သိ တတ်လွန်းတဲ့ သူငယ်ချင်း ပိုင်တံခွန် ရဲ့ မွေးနေ့ လက်ဆောင်ကို သဘော အကျကြီး ကျနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ပိုင်တံခွန် နဲ့ အောင်လေး တို့ရဲ့ သူငယ်ချင်း သံယောဇဉ် ကို အားကျ နေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံး သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင် နိုင်ကြပါစေ လို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Aung Lay’s fb
Bilie – Cele Connections