



UNICODE

အမြဲတမ်း ပျော်ပျော် နေတတ်ပြီး သွက်လက် ချက်ချာတဲ့ ဖြူဖြူထွေး ကတော့ သရုပ်ဆောင် ကောင်းသလို ကျရာ ဇာတ်ကောင် အတိုင်း စီးမြော သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။ အွန်လိုင်း ဆယ်လီ တစ်ယောက်အဖြစ် ရပ်တည်နေ တဲ့ ဖြူဖြူထွေးက သရုပ်ဆောင် တစ်ယောက်ဖြစ်လာဖို့လည်း ကြိုးစား နေပြီး ရုပ်ရှင်ဇာတ်ကား အချို့မှာလည်း ပါဝင် သရုပ်ဆောင်ထားတာ ကို တွေ့ရပါတယ်ယ။ ပရိသတ်တွေ ကတော့ ဖြူဖြူထွေး ကိုချစ်တဲ့စိတ်တစ်ခုတည်း နဲ့ သူမရဲ့ လှုပ်ရှားမှု တိုင်းကို အမြဲတမ်း စောင့်ကြည့် အားပေးနေ ကြတာပဲ ဖြစ်ပါတယ်။

အမြဲတမ်း ပျော်ပျော်နေ တတ်တဲ့ ဖြူဖြူထွေး က ဒီက နေ့မှာတော့ သူမအဖွားရဲ့ နာရေး သတင်းကြောင့် တော်တော် လေး စိတ်ထိ ခိုက်ဝမ်းနည်းနေ ရတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေး ကတော့ ရုတ်တရက် ကွယ်လွန်သွားတဲ့ အဖွားကို နောက်ဆုံးအနေ နဲ့ သွားကြည့်ချင် ပေမယ့် သွားကြည့်ခွင့် မရနိုင်တာကြောင့် ကိုယ့်ကိုကိုယ် ယူကြုံးမရဖြစ်ကာ အဖွား နဲ့ နောက်ဆုံး အမှတ်တရတွေကို ပဲ အလွမ်းပြေကြည့် နေရတာပဲ ဖြစ်ပါတယ်။ အခုတစ်ခေါက် လည်း ဖြူဖြူထွေး က “ရွာရောက်တိုင်းအဘွားကို အမြဲဂရုစိုက်တယ် အဘွားမဆုံး ခင်က ပြောတယ် လာမကန်တော့ဘူး လာတဲ့ COVID ဖြစ်ကတည်း ကမပြန်ရတာ 🙏🏼🙏🏼🙏🏼” ဆိုပြီး အဖွားရဲ့ နောက်ဆုံး ခရီးကို လိုက်မပို့နိုင် တော့တဲ့အတွက် တော်တော်လေး ဝမ်းနည်း နေတာ ဖြစ်ပါတယ်။

ဖြူဖြူထွေး ကတော့ ကိုဗစ် ဖြစ်ကတည်းက ရွာမပြန်သေး ခင် အခုလို ကွယ်လွန်ဆုံး ပါးသွားတဲ့အခါ နှစ်ဆ ပိုပြီး ဝမ်းနည်း နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေး ရဲ့ ဆုံးရှုံးမှု ကြီးအတွက် ထပ်တူ စိတ်မကောင်းဖြစ်နေ ကြမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyu Phyu Htwe’s fb
Bilie – Cele Connections