


Credit

UNICODE

ပရိတ်သတ် ကြီးရေ… ဂီတ လောကမှာ တေးသီချင်း ပေါင်း များစွာ ကို ဆယ်စုနှစ် နှစ်စုတိုင် အောင် ကိုယ်တိုင် ဖန်တီးရေးသား သီဆို နေတဲ့ အဆိုတော် ဟဲလေး ဟာဆိုရင် ပရိတ်သတ် တွေရဲ့ အားပေး ချစ်ခင်မှု ကို အပြည့်အဝ သိမ်းပိုက်ရရှိ ထားတာပဲ ဖြစ်ပါတယ်နော်..။ ဟဲလေးဟာ ဆိုရင် သူချစ် ရတဲ့ ပရိတ်သတ်တွေအပေါ် တလေး တစား ဆက်ဆံ တတ်တဲ့ အပြင် လူတိုင်း ကိုလည်း ကူညီချင် စိတ်ရှိသူ တစ်ဦး ဖြစ်တဲ့အပြင် ဘာသာ တရားကိုလည်း ရိုသေ ကိုင်းရှိုင်းသူ လည်းဖြစ်ပါတယ်။ ဒါအပြင်အခု လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ မှာဆိုရင်လည်း မြန်မာပြည် ကြီး အမြန်ဆုံး ပြန်လည် ငြိမ်းချမ်း စေရန် ဆုတောင်းပေးနေ တာလည်း ဖြစ်ပါတယ်။လတ်တလောမှာတော့ ဟဲလေး နဲ့ ပတ်သက်ပြီး ကောလ ဟာလသတင်းတွေ ပြန်နှံ့ နေတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ၂၀၂၁ သင်္ကြန်ဖျော်ဖြေပွဲ တစ်ခုသို့ သွားရောက်ခဲ့ တယ်ဆိုပြီး သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်း လောက်က ဟဲလေး ရဲ့ လူမှု ကွန်ယက် စာ မျက်နှာတွင် သင်္ကြန် တစ်တွင်းလုံး အိမ်ထဲက နေအပြင် တောင်မထွက်တဲ့ အပြင် အခုကြား နေရတဲ့ သတင်းတွေ မဟုတ်မှန် ကြောင်းကိုပြန် လည်ဖြေရှင်းထားတာ ဖြစ်ပါတယ်။

” ကျွန်တော်အများကြီးသည်းခံ ခဲ့ပါတယ် တော်တော်များလာလို့ပါ😔 Please🙏ဟဲလေးနည်းနည်းရင်ဖွင့် ပါရစေဘယ့်နှယ်ဗျာ..2021သင်္ကြန် တစ်တွင်းလုံး အိမ်ထဲကအိမ်ပြင် တောင်မထွက် ခဲ့တဲ့ ကျွန်တော့် ကိုမှ..ဘယ်သတ္တဝါ ကလက် သရမ်းပြီး နာမည် စာရင်းထဲ ထည့်လိုက် တာတုန်း ခုလို ချိန်မျိုးမှာ သူတစ်ပါး နစ်နာ အောင် မလုပ်ပါနဲ့..ပိုမလုပ် ကြပါနဲ့အမှန်တရားကို ချစ်ရင်..ကျွန်တော့်ကို မှားပြီးစွပ်စွဲခံခဲ့ရတာကို..အမှန်တရား ဖြစ်အောင် ပြန်ပြုပြင် ကူညီ ပေးကြရင်ပိုမ ကောင်းဘူး လားဗျာ..❣ ချင့်ချိန် ယုံပေးကြပါ 2021 သင်္ကြန်မှာ ကျွန်တော် ဘယ်နေရာမှာမှ သီချင်း မဆိုခဲ့တာ ကိုယ့်ကိုယ် ကို 100% အာမခံပါတယ်ဗျ ရမ်းမတုတ်ကြ ပါ နဲ့ .ရောမကြိတ်ကြပါနဲ့ Please..ချောက်ထဲကိုတွန်းမပို့ကြပါနဲ့။

အမှန်တကယ် သာသွား ပြီး…ကျွန်တော် သီချင်းဆိုခဲ့ ရင်.. သက်သေ နှင့် တကွ ပုံနှင့်တကွ တက် လာမှာ ဘဲလေ👍 တစ်ခုတော့ ရှိတာပေါ့….ပုံ ဟောင်း တွေနဲ့ ရောကြိတ်တာ… ရောကြိတ်ခံရတဲ့ ပုံလေးကလည်း ဆံပင်လေးကို နဖူးလေး ပေါ်ဝဲလို့ ၂၀၂၁ မှာ ကျွန်တော့် မှာဆံပင်မရှိတော့ ဘူးလေ😍 ဂီတလောကမှ နာမည်တစ်လုံးကိုအနှစ်၂၀ ကျော်အေးချမ်း စွာနဲ့အမှား ကင်းအောင် တည်ဆောက် ထိန်းသိမ်းခဲ့ရတာပါ… အထင် မမှားကြ ပါနဲ့ကိုယ်ချင်း စာ ပေးပါဗျာ…မဟုတ်ပဲနဲ့ခံရတဲ့သူတွေမှာ အရမ်းကိုနစ်နာလှပါတယ်..အရမ်းနာကျင်ရပါတယ်..အရမ်းဆုံးရှုံးရပါတယ်🙏 ထပ်ပြော ချင် ပါသေး တယ်ဗျာ..2021သင်္ကြန် ဘယ်နေရာမှာမှ ကျွန်တော် ဟဲလေး သီချင်းမဆိုခဲ့ပါဘူး။ နောက်ဘယ်တော့မှဒီကိစ္စထပ်မရှင်း တော့ဘူး နော်🥰အချိန်နဲ့အမှန် တရား ကစကားပြောပါလိမ့်မယ်။ အားလုံးကိုကျေးဇူးအများကြီးတင်ပါ တယ်။ကျွန်တော်ချစ်ခင် တန်ဖိုးထား တဲ့ ပရိသတ်များ.. သူငယ်ချင်း မိတ် ဆွေအပေါင်းများခင်ဗျ။ကျွန်တော်ရင်ဖွင့် တာလေးစိတ်ရှည်လက်ရှည်ဖတ်ပေးကြလို့….ကျေးဇူးအမှည့်ကြီး ပါဗျာ🥰🙏)” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ် တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီါ်ကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source and Photo Crd-Naing Lin Aung’s Facebook Account
Credit