ပရိသတ်ကြီးရေ သရုပ်ဆောင် စိန်ဖြိုးလှိုင် နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူ နှစ်ဦးကတော့ Covid တတိယ လှိုင်းမှာလည်း ပြည်သူတွေ အတွက် ရပ်တည်ပြီး တတ်နိုင်သလောက် ဖေးမ ကူညီနေကြတာ ဖြစ်ပါတယ်..။အနုပညာရှင် ဖြစ်သလို ဆရာဝန် တစ်ယောက်လည်း ဖြစ်တဲ့ စိန်ဖြိုးလှိုင် ကတော့ ကိုဗစ် လူနာတွေ အတွက် အောက်ဆီဂျင်တွေ လှူဒါန်း ကူညီနေသလို ကျန်းမာရေး နဲ့ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း နေ့မနား ညမနား ဖြေကြားပေးနေသူ လည်း ဖြစ်ပါတယ်..။

ဒီကနေ့ မှာလည်း စိန်ဖြိုးလှိုင် နဲ့ ရီရီပွင့်ဖြူတို့ဟာ စကားလည်း မ​ပြောနိုင် အကြားအာရုံ လည်းချို့ယွင်း​နေပြီး အရေးပေါ် အောက်ဆီဂျင်လိုအပ်နေတဲ့ အဖွားအိုတစ်ဦးကို အောက်ဆီဂျင် သွားပို့ပြီး အသက်ကယ် ကူညီဖေးမ ခဲ့ပြန်ပါတယ်..။အောက်ဆီဂျင် ဌားရမ်းထားတဲ့ ပထမ လူနာအိမ်က တစ်အိမ်လုံး မိန်းမသားတွေပဲဖြစ်ပြီး အလံဝါလည်း ထောင်ထားတာကြောင့် ကိုယ်တိုင် သွားပြန်ယူကာ အဖွားအတွက် အောက်ဆီဂျင် သွားပို့ပေးခဲ့ကြတာ ဖြစ်ပါတယ်..။

“ပုံမှန်အားဖြင့်​​တော့ ​အောက်စီဂျင်စက် ငှားတဲ့ခါ ​ရှေ့လူနာဆီမှာ ​နောက်လူနာက သွားယူပြီး အလဲ အလှယ်လုပ်ကြပါတယ်…အခု လူနာက​တော့ အလံအဝါ​ထောင်ထားပြီး တအိမ်လုံး မိန်းမသား​တွေကြီးပဲ အကုန် ​နေမ​ကောင်းဖြစ်​နေကြတယ်တဲ့.. အောက်ဆီဂျင်လို​ နေတဲ့ အဘွားကလည်းစကားလည်းမ​ပြောနိုင်သလို အကြားအာရုံလည်းချို့ယွင်း​နေတာ​ကြောင့်…ကိုယ်တိုင်ပဲ သွားပို့​ပေးခဲ့ပါတယ်…

အဘွား​နေ ပြန်​ကောင်းပြီဆိုတဲ့ သတင်း​လေး လည်း အမြန်ဆုံး ကြားရပါ​စေ…🙏🙏🙏..” ဆိုပြီး ဝေမျှပြောပြထားတာပါ..။လက်ရှိ ကာလတွေမှာ လိုအပ်နေတဲ့ပြည်သူတွေအတွက် ကိုယ်ကျိုး စွန့်ကာ တတ်နိုင်သလောက် ကူညီနေတဲ့ စိန်ဖြိုးလှိုင် နဲ့ ရီရီပွင့်ဖြူတို့ စုံတွဲလေးကို အားလုံးက ချီးကျူးရင်း အားပေးစကား တွေနဲ့အတူ နေကောင်း ကျန်းမာကြစေဖို့ကိုလည်း မေတ္တာပို့ ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

crd-original

ZAWGYI





crd-original