


CD; myanmar load

UNICODE

ပရိသတ် အချစ်တော် ဝါရင့် သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ မင်းသမီး ချောလေး မိုးဟေကို ဟာ လက်ရှိ အချိန် မှာတော့ အနုပညာ အလုပ် တွေကို ဆက်လက် လုပ်ကိုင် နေပြီး အနုပညာ လမ်းကို ဆက်လက် လျှောက် လှမ်းနေတာ ပဲဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကား ပေါင်း များစွာကို ခေါင်းဆောင် မင်းသမီး နေရာကနေ ရိုက်ကူးခဲ့ပြီး ပရိသတ် တွေ အားပေး ထောက်ခံမှုကို ရရှိလာခဲ့တဲ့ သူလေး တစ်ဦး ပဲဖြစ်ပါတယ်။ ဆယ် စုနှစ် တစ်စု ကြာ အောင်မြင် ခဲ့တဲ့ မိုးဟေကို ဟာ ယခုအချိန် မှာတော့ ရုပ်ရှင် ဇာတ်ကား ကြီးတွေကို လက်ခံ ရိုက်ကူးနေပြီး နေရာ တစ်ခု ထိရောက်ရှိ အောင်မြင် နေပြီ ပဲဖြစ်ပါတယ်။

ခန္ဓာကိုယ် ကလည်း ကျစ်လစ် သွယ်လျပြီး အချိုးစား ညီမျှ တာကြောင့် ပုရိသ ပရိသတ်တွေ အားပေး ဝန်းရံတာ ကို ခံနေရတာ ပဲဖြစ်ပါတယ်။ လတ်တလောမှာ လည်း ဖိတ် ထားတဲ့ ပွဲတွေ တက်လိုက် ကြော်ငြာ တွေ ရိုက်ကူးနေကာ အနုပညာ အလုပ်တွေ နဲ့ အဆက် အသွယ် မပျက် ရှိနေတာ ပဲဖြစ်ပါတယ်။ ယခု အခါမှာတော့ သူမရဲ့ ဘဝ အကြောင်း အဖြစ် အပျက်လေး တစ်ခုကို ပြောပြလာတာ ပဲဖြစ်ပါတယ်။ အမေ့ရဲ့ ရောဂါ အခြေအနေ ကြောင့် အနုပညာ အလုပ်တွေကို ခနရပ်ထားခဲ့ရတာ နဲ့ ပတ်သတ်ပြီး ဝမ်းနည်းစွာ ပြောပြ လာတာ ပဲဖြစ်ပါတယ်။

“ကျန်းမာရေး ချူချာ တဲ့ အမေ့ကို ပြုစု စောင့်ရှောက် နေ ရတာကြောင့် မိုးအ နေနဲ့ အနုပညာ အလုပ် တွေကို ခနရပ် နားထားခဲ့ရတာပါ။ ဒီအကြောင်း နဲ့ ပတ်သတ်ပြီး ပရိသတ် တွေ ကမိုးကို ပြောကြ တယ် ဘာလို့ အနုပညာ အလုပ်တွေကို ဆက် မလုပ်တော့ တာလည်းတဲ့။ မိုးကလည်း အဲ့ ချိန်မှာ အမေ့ကို ပြုစု စောင့်လျှောက်နေရတာ ကို မပြော ပြခဲ့ဘူး။ အဲ့တာကို အခုမှ ပြောပြ လိုက်တာ ပဲဖြစ်ပါတယ် ဆိုပြီး မျက်ရည်တွေ ကျကာ ပြောပြလာတဲ့ ဗီဒီယိုလေး ထဲက အချက်လက် အနည်းကို ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။ ကောမန့် မှာလည်း “Happy mother’s day ပါနော်။ တိုက်တိုက် ဆိုင်ဆိုင် အမေများနေ့မှာမှ တင်ဖြစ်တဲ့ vd လေးပါ။ ပရိသတ်ကြီးလည်း မိဘ ကျေးဇူးဆပ်နိုင်တဲ့ သားသမီးကောင်းလေးတွေ ဖြစ်ပါစေလို့ မိုး ဆုတောင်းပေးပါတယ်ရှင်။” ဆိုပြီး ဖော်ပြလာတာ ပဲဖြစ်ပါတယ်။ ပရိသတ်ကြီး တို့ အတွက် အောက်မှာ ဗီဒီယို အပြည့်အစုံ လေးကို မျှဝေပေးလိုက်ပါတယ်နော်…..။

သတင်းအရင်းမြစ်: Moe Hay Ko Facebook Page
CD; myanmar load