အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်နေတဲ့ မီးနိုကတော့ လက်ရှိ အခြေအနေ တွေမှာ တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်ကာ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ ရပ်တည် နေသူပဲ ဖြစ်ပါတယ်..။မီးနိုကတော့ လတ်တလော မှာလည်း မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေ အတွက်လည်း စားသောက်ကုန်တွေအပြင် အဝတ်အထည် နဲ့ အခြားလိုအပ်တာတွေကို ကူညီလှူဒါန်း နေတာဖြစ်ပါတယ်..။စစ်ဘေးရှောင်ပြည်သူတွေအတွက် အန္တရာယ်တွေကြားကနေ လှူဒါန်းမှုတွေ ပြုလုပ်နေပေမယ့် အပြစ် တင်ဝေဖန် နေကြတာတွေနဲ့ ပတ်သက်ပြီးတော့လညါး စိတ်မကောင်းစွာ ပြောပြလာပါတယ်..။

ရရက်သားသမီး စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ လိုအပ်နေသူတွေ အတွက် ပြန်လည်လှူဒါန်းနေတာဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အထည်တွေ လှူဒါန်းမှုမှာ အိမ်တိုင်ရာရောက် လာမယူပေးကြလို့ ပြစ်တင်ဝေဖန် နေသူတွေကို မီးနိုက ပြောပြထားတာပါ..။“မီးနို တစ်ခုလောက်ပြောချင်လို့ပါ ကိစ္စတစ်ခု ကိုကိုယ် တိုင်တာဝန်ယူနိုင်မှ ဒီအလုပ်ကို လုပ်တယ် အဲ့လိုလူမျိုးကိုဘဲ နှစ်သက်တယ် မီးနို အခု အလှူကို လုပ်တယ် ဆိုတာ ကိုယ် ချင်းစာတရားနဲ့ မေတ္တာ တရား ရှိ လို့ အခု လို အန္တရာယ်တွေ ကြားက ဘုရားနဲ့အတူ မီးနို တို့ team တစ်ခု လုံး လုပ်ဆောင် နေကြတာ အလှူရှင်တွေရော အားလုံးအားတတ်သရော ပါဝင်ကြတယ်

အလှူငွေအပြင် ကိုယ် ကာယ အတွက် အားဆေး တွေ အဝတ်စားတွေ လာပို့ကြတယ် နယ် ကနေ လည်း အားတတ်သရော ပါဝင်ကြတယ် ကျေးဇူးအများကြီးတင်ပါတယ် ဒါပေမဲ့ တစ်ချို့သော လူတွေအတွက်တော့ စိတ်မကောင်းဖြစ်မိတယ် မီးနို တို့ကိုယ် ကျိုးအတွက် တစ်ခုမှမပါဘူး ..ပထမအချက် သိစေချင်ပါတယ် ကျွန်မတို့ အားလုံးပင်ပန်းကြတာ ကျွန်မတို့ အသိဆုံးပါ အဝတ်စားလာ မယူတာနဲ့ ဘဲ အပြစ်မတင်စေချင်ပါဘူး အပြစ်တင်စရာမလိုဘူး လည်းမြင်မိပါတယ် နားလည်ပေးကြတဲ့ ချစ်ရတဲ့မောင်နှတွေ အားလုံးလည် းကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏🏻..” ဆိုပြီး ပြောပြထားတာပါ..။သူမရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေနဲ့ ခင်မင်းရင်းနှီးကြတဲ့ မိတ်ဆွေတွေကလည်း မီးနိုရဲ့ စိတ်ထားစေတနာ တွေကို နားလည် သဘောပေါက်ကြတဲ့ အကြောင်းတွေနဲ့ အားပေးစကားတွေ ပြောထားကြပါတယ်..။

crd :MM Load

ZAW GYI




crd :MM Load