unicode
ပြည်သူချစ် မင်းသမီးချောလေး ခေးဆက်သွင် ကတော့ သရုပ်ဆောင် တစ်ယောက်ပီပီ ကျရာဇာတ်ရုပ် တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်တာကြောင့် ပရိသတ် တွေကြားမှာ ကောင်းသတင်းမွှေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခေးဆက်သွင် ကတော့ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ပေမယ့် သူမရဲ့ အပြင်လက်တွေ့က ပုံစံကတော့ ရိုးရှင်းပြီး လွတ်လပ်ပေါ့ပါး စွာနေထိုင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ခေးဆက်သွင်ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် လက်တွေ့ဘဝက နေထိုင်မှုပုံစံကိုလည်း ချစ်ကြတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ နေပြည်တော်မှာ ဇာတ်လမ်းတွဲ ရိုက်ကူးနေတဲ့ ခေးဆက်သွင်က ပရိသတ် တွေအတွက် အလွမ်းပြေ Tik Tok ဗီဒီယိုလေးတွေကို မကြာခဏတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာလည်း ခေးဆက်သွင်က မေခလာနဲ့ နိုရာ တို့ သီဆိုထားတဲ့ “ဦးရဲ့ကလေး၊ မောင်လေးရဲ့မမ” သီချင်းလေးနဲ့ မင်းသားချောနှစ်ယောက်ဖြစ်တဲ့ စိုးသူ၊ ခန့်စည်သူတို့ နဲ့အတူတူ Tik Tok ဗီဒီယိုလေးတစ်ပုဒ် ရိုက်ကူးလာတာကို အခုလိုမျိုးပဲ တွေ့့ရပါတယ်။
ခေးဆက်သွင်ကတော့ (၁) မိနစ်ကျော်စာ Tik Tok ဗီဒီယိုလေးမှာ သရုပ်ဆောင်သွားတာ အပိုအလိုမရှိပဲ အရမ်းချစ်စရာ ကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်၊ စိုးသူနဲ့ ခန့်စည်သူတို့ရဲ့ Tik Tok ဗီဒီယိုလေးကို ကြည့်ပြီး သဘောကျ နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Khay Sett Thwin’s fb