


Yuan – Cele Zone
Photo – Kyaw Thu

ဦးကျော်သူ လို့ဆိုလိုက်တာ နဲ့ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေ နဲ့ အတူအောင်မြင်မှုတွေ ရရှိထားပြီး ပရဟိတ အလုပ်တွေမှာလည်း တစိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ ပြည်သူချစ် အနုပညာရှင် တစ်ယောက်ကို ပြေးမြင် ယောင်မိကြမှာပါနော်။ ဘာသာတရား ကိုလည်း အထူးကိုင်းရှိုင်းသူ တစ်ယောက်ဖြစ်ပြီး အလှူအတန်း တွေကို တတ်နိုင် သလောက်ပါဝင် လှူဒါန်းပေးတာ တွေလည်း တွေ့ရပါတယ်။

ဦးကျော်သူ ဟာ အနုပညာရှင် တစ်ယောက်အဖြစ် အကယ်ဒမီ ဆုတွေကို ရရှိထားကာ ဇာတ်ကားပေါင်း များစွာ ရိုက်ကူးထားတဲ့ အပြင် ပရဟိတ အလုပ်တွေမှာလည်း ကိုယ်ကျိုးစွန့်တဲ့ သူ့ရဲ့မွန်မြတ်တဲ့ စိတ်ထားကြောင့် လည်း ပရိသတ်တွေက အခုချိန်ထိ ကို လေးစားချစ်ခင်နေကြတာပါ ။

အများပြည်သူတွေ အတွက် ပရဟိတ အလုပ်တွေကို ကိုယ်ကျိုးစွန့်လုပ်ဆောင် နေတဲ့ (ရန်ကုန်) နာရေးကူညီမှုအသင်း ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူ ဟာအခုဆိုရင် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ အတွက် သိန်းတစ်ရာ ကို လှူဒါန်းခဲ့ ကြောင်း သူရဲ့အကောင့်လေး မှာ ဝေမျှလာတာဖြစ်ပါတယ်။ တကယ်ကို မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ကြည်နူးပီတိ ဖြစ်စရာ ပုံရိပ်လေးပါပဲနော် ။ ပရိသတ်ကြီးလည်း ကြည့်ရှုပြီး ဂုဏ်ယူ ဝမ်းမြောက် သာဓုခေါ် နိုင်စေရန် အတွက် မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone
Photo – Kyaw Thu